ဆေးဝါးတင်သွင်းသော ကုမ္ပဏီများ မိမိအစီအစဉ်ဖြင့်  ငွေပေးချေတင်သွင်းရန် လုပ်ငန်းစဉ်


22 July, 2022

ဆေးဝါးတင်သွင်းသော ကုမ္ပဏီများ မိမိအစီအစဉ်ဖြင့်  ငွေပေးချေတင်သွင်းရန် လုပ်ငန်းစဉ်

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန က သောကြာ၊ ဇူလိုင် ၂၂၊ ၂၀၂၂ ရက်စွဲဖြင့် ဆေးဝါးနှင့် ဆေးပစ္စည်းများတင်သွင်းသော ကုမ္ပဏီများသိသာရန် အသိပေးကြေညာထားပါသည်။ 


 

ဆေးဝါးနှင့် ဆေးပစ္စည်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန် အတွက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှတစ်ဆင့် ကျန်းမာရေး ဝန်ကြီးဌာနသို့ တင်ပြစိစစ်ထားရှိပြီး နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီသို့ တင်ပြထားသည့် သွင်းကုန်လိုင်စင်များအနက် ကုမ္ပဏီများမှ မိမိအစီအစဉ်ဖြင့် တစ်ဖက်ကုန်ရောင်းသူသို့ ငွေပေးချေဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှတစ်ဆင့် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနနှင့်ဆက်သွယ်၍ သွင်းကုန်လိုင်စင် ထုတ်ယူနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

ကုန်သွယ်ရေးဦးစီးဌာန စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန


 

မိမိအစီအစဉ်ဖြင့် ငွေပေးချေ တင်သွင်းမည့် ကုမ္ပဏီများအတွက် လမ်းညွှန်ချက်ကို မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း Myanmar Chamber of Commerce for Pharmaceutical & Medical Device က ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၁)ရက် ရက်စွဲဖြင့်  အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ 

 


 

ဆေးဝါးနှင့် ဆေးပစ္စည်းများတင်သွင်းသော ကုမ္ပဏီများ သိသာရန်

 

ကုမ္ပဏီများ ဆေးဝါးနှင့်ဆေးပစ္စည်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန်အတွက် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှတစ်ဆင့် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြ၍ ကျန်းမာရေးဝန်ကြီးဌာန စိစစ်ထားရှိပြီးသော ကုမ္ပဏီများအား နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ သို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်ငန်းကြန့်ကြာမှုမရှိစေရေးနှင့် အများပြည်သူသုံးစွဲသူများ ကုန်ပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် နိုင်ငံခြားငွေဝယ်ယူခြင်းမပြုဘဲ ကုမ္ပဏီအစီအစဉ်ဖြင့် တဖက်ကုန်ရောင်းသူသို့ ငွေလွှဲမည်ဆိုပါက ကုမ္ပဏီဒါရိုက်တာကိုယ်တိုင်လက်မှတ် ရေးထိုးထားသော ဝန်ခံကတိပြုစာဖြင့် မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ တင်ပြ ရမည်ဖြစ်ပါသည်။

 

မြန်မာနိုင်ငံဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီသို့ တင်ပြထားရှိပြီး နိုင်ငံခြားငွေဝယ်ယူခြင်းမပြုသော ကုမ္ပဏီစာရင်းအား စိစစ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသို့ စာရင်းပြုစုပေးပို့ရမည် ဖြစ်ပါသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ စိစစ်ပြီးပေးပို့လာသော ကုမ္ပဏီများအား ကုန်ပစ္စည်း ရောက်ရှိကြောင်း အထောက်အထား(DO) တင်ပြရန်မလိုဘဲ သွင်းကုန်လိုင်စင် ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားပါသည်။

 

(မှတ်ချက်- နိုင်ငံခြားငွေဝယ်ယူခွင့်ရယူ၍ သွင်းကုန်လိုင်စင်လျှောက်ထားလိုသော ကုမ္ပဏီများအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။)

#MyanmarLogisticsGuide
Telegram Channel

https://t.me/Guid4U

Export, Import Laws and Regulations Tips Read 892 times