ပို့ကုန်၊သွင်းကုန် လိုင်စင်/ပါမစ်  သတ်မှတ်ကာလ ၃ လ ပြင်ဆင် သတ်မှတ်


03 March, 2023

ပို့ကုန်၊သွင်းကုန် လိုင်စင်/ပါမစ်  သတ်မှတ်ကာလ ၃ လ ပြင်ဆင် သတ်မှတ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနမှ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ သတင်းလွှာ( ၅ /၂၀၂၃)ဖြင့် Tradenet 2.0 စနစ်ဖြင့် ပို့ကုန်၊သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်ရရှိပြီး သတ်မှတ်ကာလအတွင်း လိုင်စင်/ပါမစ်ကြေး ပေးသွင်းရန်ကိစ္စနှင့် စပ်လျဉ်း၍ ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


 အကြောင်းအရာ။ Tradenet 2.0 စနစ်ဖြင့် ပို့ကုန်၊သွင်းကုန် လိုင်စင်/ပါမစ် ခွင့်ပြုချက်ရရှိပြီး သတ်မှတ်ကာလအတွင်း လိုင်စင်/ပါမစ်ကြေး ပေးသွင်းရန်ကိစ္စ ထုတ်ပြန်ခြင်း

၁။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် Tradenet 2.0 စနစ်မှ ပို့ကုန်၊ သွင်းကုန်လိုင်စင် ပါမစ်လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ဌာနမှခွင့်ပြု(Approved) ပြီးသည့် နေ့မှစ၍ (၇) ရက် အတွင်း သတ်မှတ်လိုင်စင်၊ ပါမစ်ကြေး ပေးသွင်းထုတ်ယူခြင်းမပြုပါက စနစ်မှ အလိုအလျောက် ပယ်ဖျက် (Auto Cancel) သွားမည်ဖြစ်ကြောင်း ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၄/၂၀၂၂) ဖြင့် ထုတ်ပြန်ကြေညာပြီး ဖြစ်ပါသည်။

၂။ အဆိုပါစနစ်မှ ပယ်ဖျက်မည့် သတ်မှတ်ကာလကို ဌာနမှခွင့်ပြုပြီး (၇)ရက်အစား (၃)လ ဟု ပြင်ဆင်သတ်မှတ်ပါကြောင်းနှင့် (၃)လအတွင်း ထုတ်ယူခြင်းမပြုသော . လိုင်စင်/ပါမစ် လျှောက်ထားမှုများအား စနစ်မှအလိုအလျောက် ပယ်ဖျက်(Auto Cancel ) သွားမည်ဖြစ်သည်။

၃။ ပို့ကုန်၊သွင်းကုန်လိုင်စင်များ ထုတ်ယူခြင်းကို ဌာနမှ ခွင့်ပြုသည့်နေ့မှစ၍ (၇)ရက်အတွင်း ထုတ်ယူကြရန်နှင့် သတ်မှတ်ကာလအတွင်း ထုတ်ယူခြင်းမပြုပါက အောက်ပါအတိုင်း ဒဏ်ကြေးပေး သွင်းရမည်ဖြစ်ပါသည်-

(က) (၈)ရက်မှ (၁၄)ရက်အတွင်း ထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေကျပ် ၄၅ဝဝဝ ၊

(ခ ) (၁၅)ရက်မှ (၃၀)ရက်အတွင်း ထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၉၀၀၀၀၊ 

(ဂ ) ဒုတိယတစ်လ (ရက်ပေါင်း ၃၀)အတွင်း ထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၁၈၀ဝဝဝ၊

(ဃ) တတိယတစ်လ (ရက်ပေါင်း ၃၀) အတွင်း ထုတ်ယူပါက လိုင်စင်ကြေးအပြင် ဒဏ်ကြေးငွေ ကျပ် ၃၆၀၀၀၀။

၄။ ထို့အပြင်ခွင့်ပြုပြီး ပို့ကုန်၊သွင်းကုန်လိုင်စင်/ပါမစ်များအား ထုတ်ယူခြင်းမပြုသဖြင့် စနစ်မှ ပယ်ဖျက် (Auto Cancel)သည့် ဖြစ်စဉ်ကို (၃)လအတွင်း (၅)ကြိမ်ဖြစ်ပွားပါက အဆိုပါ လုပ်ငန်းရှင်၏ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်အား (၆)လယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်းကို လည်း သတင်းလွှာအမှတ် (၂၀/၂၀၂၀)ဖြင့် အသိပေးကြေညာထားပြီးဖြစ်ပါသည်။

၅။ သို့ပါ၍ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် ခွင့်ပြုပြီး ပို့ကုန်၊သွင်းကုန် လိုင်စင်/ ပါမစ်များကို သတ်မှတ်ကာလ(၇)ရက်အတွင်း ထုတ်ယူကြရန် အသိပေးထုတ်ပြန်ကြေညာပါသည်။ သတ်မှတ်ကာလကျော်လွန် ဆောင်ရွက်မှုများအတွက် ဒဏ်ကြေးငွေပေးဆောင်ခြင်း၊ စနစ်မှ ပယ်ဖျက်ခြင်း၊ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်အား ယာယီရပ်ဆိုင်းခြင်းတို့ကို အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဤသတင်းလွှာပါ လုပ်ငန်းစဉ်များကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁)ရက်နေ့မှ စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

ကုန်သွယ်ရေးဦးစီးဌာန

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Laws and Regulations Read 533 times