Imperial Myanmar Finance Co., Ltd ၏ Money Changer License ရုပ်သိမ်း


02 February, 2023

Imperial Myanmar Finance Co., Ltd ၏ Money Changer License ရုပ်သိမ်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Imperial Myanmar Finance Co., Ltd ၏ Money Changer License အား ရုပ်သိမ်းခြင်းနှင့် စပ်လျဉ်း၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။

Imperial Myanmar Finance Co., Ltd ၏ Money Changer License အား ရုပ်သိမ်းခြင်း

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းအောက်မှ မဟုတ်ဘဲ သီးခြားကုမ္ပဏီ သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရန် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူ ချမှတ် ထားပါသည်။

၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်မဟုတ်သည့်ငွေရေးကြေးရေးအဖွဲ့အစည်း မှတ်ပုံတင် လက်မှတ်ထုတ်ပေးထားသည့် Imperial Myanmar Finance Co., Ltd သို့ On-site သွားရောက် စစ်ဆေးရာတွင် အဆိုပါကုမ္ပဏီအမည်ဖြင့် Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်နေ ကြောင်း တွေ့ရှိရပါသည်။

၃။ သို့ဖြစ်ပါ၍ Imperial Myanmar Finance Co., Ltd သည် ဘဏ်မဟုတ်သည့် ငွေရေး ကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး Money Changer လုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါသဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် မူအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၃၀- ၁-၂၀၂၀) ရက်နေ့တွင် ထုတ်ပေးခဲ့သည့် Money Changer လိုင်စင်အမှတ်၊ စီဘီအမ်-အက်ဖ်အီး အမ်ဒီ-၄၈၇/၂၀၂၀ အား (၁၉-၁-၂၀၂၃) ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်သည်။
 

Banking & Loan Laws and Regulations Read 332 times