IMF က SDR basket မှာ တရုတ်ယွမ် ပါဝင်မှု ရာခိုင်နှုန်း တိုးမြှင့် 


15 May, 2022

IMF က SDR basket မှာ တရုတ်ယွမ် ပါဝင်မှု ရာခိုင်နှုန်း တိုးမြှင့် 


အမေရိကန်နိုင်ငံ ဝါရှင်တန် အခြေစိုက် ငွေကြေး အဖွဲ့အစည်း International Monetary Fund (IMF) ရဲ့ အထူးအသုံးစရိတ်ထုတ်ခွင့် Special Drawing Rights (SDR) ခြင်းတောင်းမှာ တရုတ်ယွမ်ဝေစုကို ၁၀.၉၂ % မှ ၁၂.၂၈% သို့ တိုးမြှင့်လိုက်ကြောင်း မေလ ၁၅ ရက် တနင်္ဂနွေနေ့မှာ တရုတ်နိုင်ငံ ဗဟိုဘဏ် People’s Bank of China က ၎င်းရဲ့ ဝဘ်ဆိုက်မှာ အသိပေးကြေညာပါတယ်။
SDR ကို နိုင်ငံတကာ အရန်ပိုင်ဆိုင်မှုအဖြစ် IMF က ၁၉၆၉ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ တရားဝင် အရန်ငွေ ထောက်ပံ့ ပေးနိုင်ရန် အတွက် စတင် လုပ်ဆောင်ခဲ့ပါတယ်။ 
SDR ငွေကြေးခြင်းတောင်း SDR basket အား IMF က ငါးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ပါတယ်။ 
SDR basket အတွင်းမှာ  အမေရိကန် ဒေါ်လာ၊ ယူရို‌ေဒါ်လာ၊ ဂျပန် ယန်းနှင့် ဗြိတိန် ပေါင် ငွေကြေး ၄ မျိုး ထားရှိခဲ့ရာမှ ၂၀၁၆ခုနှစ်မှာ တရုတ် ယွမ်ကို ပဉ္စမမြောက်အဖြစ် ထည့်သွင်းခဲ့ပါတယ်။ 
  SDR basket အသစ်တွင် ယွမ်ငွေသည် ပမာဏ ၁၀.၉၂ ရာခိုင်နှုန်း၊  အမေရိကန် ဒေါ်လာက ၄၁.၇၃ ရာခိုင်နှုန်း၊ ယူရိုငွေက ၃၀.၉၃ ရာခိုင်နှုန်း၊ ဂျပန်ယန်းက ၈.၃၃ ရာခိုင်နှုန်းနှင့် ဗြိတိန် ပေါင်က ၈.၀၉ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ပါတယ်။ 
IMF က အမေရိကန်ဒေါ်လာကို ၄၃.၃၈% သို့ တိုးမြှင့် သတ်မှတ်ပါတယ်။ ယူရိုကို ၂၉.၃၁% ၊ ယန်းကို ၇.၅၉% ၊ ပေါင်ကို ၇.၄၄% အသီးသီး လျှော့ချသတ်မှတ်ပါတယ်။ 
 IMF က ယခုလို ပြင်ဆင်သတ်မှတ်ချက်က ဩဂုတ်လ ၁ ရက်မှ စတင်သက်ရောက်မယ်လို့ တရုတ်နိုင်ငံ ဗဟိုဘဏ် People’s Bank of China က ထုတ်ပြန်ကြေညာပါတယ်။ နောက်တစ်ကြိမ် SDR သုံးသပ်အကဲဖြတ်ချက်ကို ၂၀၂၇ ဇူလိင်လ မကုန်ခင် နောက်ဆုံးထားပြီး ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 
 တရုတ်ယွမ်ကို IMF က တိုးမြှင့်ပေမဲ့ ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံအဖြစ် အမေရိကန် နေရာကို  တရုတ်က ရရှိခဲ့လျှင်ပင် ယွမ်ငွေဟာ အဓိကငွေကြေးဖြစ်လာမှာ မဟုတ်ဘူးလို့ 
ပညာရှင်အများအပြားက ယူဆကြပါတယ်။ အကြောင်းမှာ  ယွမ်ငွေလဲနှုန်းက  ဒေါ်လာလိုစျေးကွက်က အဆုံးအဖြတ်ပေးနေတာ မဟုတ်ဘဲ People’s Bank of China ကသာ ငွေလဲနှုန်းကို သတ်မှတ်ပြဋ္ဌာန်းပေးနေတာကြောင့် ဖြစ်ပါတယ်

Banking & Loan Read 996 times