ကမ္ဘာ့ စီးပွားရေးတိုးတက်မှု လာမည့် ၅ နှစ် နှေးကွေးမည်ဟု IMF ခန့်မှန်း


08 April, 2023

ကမ္ဘာ့ စီးပွားရေးတိုးတက်မှု လာမည့် ၅ နှစ် နှေးကွေးမည်ဟု IMF ခန့်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကပ်ရောဂါဘေးမှ ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာမှုသည်  အဟုန်ဆုံးရှုံးနေပြီ ဖြစ်သည်။ 
အဓိကအကြောင်းအရင်းမှာ ယူကရိန်းပွဲကြောင့် ဖြစ်သည်။

ယူကရိန်းကို ရုရှားက ကျူးကျော်ဝင်ရောက်မှုကြောင့် ကမ္ဘာ့ ဂျီဒီပီ ကို ထိခိုက်ပျက်စီးစေသည်။
၎င်းစစ်ပွဲသည် ကမ္ဘာ့စီးပွားရေးကို လာမည့်ငါးနှစ်အထိ ဆက်လက်ဆွဲချထားလိမ့်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ကြိုတင်ခန့်မှန်းထားသည်။

လာမည့်ငါးနှစ်အတွင်း ကမ္ဘာ့ဂျီဒီပီသည် တစ်နှစ်လျှင် “၃ ရာခိုင်နှုန်း” တိုးလာမည်ဟု နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund) ၏ မန်နေဂျင်းဒါရိုက်တာ Kristalina Georgieva က ဝါရှင်တန်၌ ဧပြီလ ၆ ရက်တွင် ပြောကြားသည့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နစ် ၂၀ ပျမ်းမျှ ၃.၈% ထက် လျော့နည်းနေပြီး ၁၉၉၀ နောက်ပိုင်း အဆိုးဝါးဆုံး ၅ နှစ်တာကာလအပိုင်းအခြားဟု သူမက ပြောကြားသည်။

ယူကရိန်းစစ်ပွဲသည် ရေနံ၊ သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာနှင့် အခြားအရေးကြီးသောပ စ္စည်းများ ထောက်ပံ့မှုကို အနှောင့်အယှက် ဖြစ်စေပြီး နိုင်ငံများစွာတွင် ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေသည်။
Georgieva က ကျူးကျော်မှုနှင့် ၎င်း၏ ကျယ်ပြန့်သော အကျိုးဆက်များကို အပြစ်တင်ခဲ့ပြီး စီးပွားရေးတိုးတက်မှု ၂၀၂၁ တွင် ၆.၁% ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၃.၅% သို့ နှေးကွေးသွား‌ေစခဲ့သည်ဟု ဆိုသည်။
Source investopedia
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 286 times