IKBZ အာမခံလုပ်ငန်းကုမ္ပဏီ၏ မိတ်ဆွေများခင်ဗျာ….
• IKBZ Insurance Co., Ltd သည် ၁၂.၉ .၂၀၁၂ ရက်နေ့တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် (130903894) ဖြင့် လက်ရှိအချိန်အထိ နိုင်ငံအနှံ့အပြားတွင် အာမခံလုပ်ငန်းဝန်ဆောင်မှုများ အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
• ၁ဝ.၅.၂၀၁၉ ရက်နေ့တွင် နိုင်ငံတော်ပြန်တမ်း၌ IKBZ General Insurance Co., Ltd. ကို စာရင်းရှင်းလင်းဖျက်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ၎င်း IKBZ General Insurance Co., Ltd မှာ လက်ရှိဝန်ဆောင်မှုပေးအပ်နေသော IKBZ Insurance Co., Ltd လုံးဝ မဟုတ်ပါ။
• IKBZ General Insurance Co., Ltd သည် ၂၀၁၈ခုနှစ်တွင် လုပ်ငန်းလိုအပ်ချက်အရ ထပ်မံ ဖွဲ့စည်းခဲ့သော်လည်း ယခုအခါ လုပ်ငန်းများဆောင်ရွက်ခြင်းမရှိသည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းရှင်းလင်းဖျက်သိမ်းခဲ့ခြင်း ဖြစ်ပါတယ်။
• သို့ဖြစ်ပါ၍ အများပြည်သူများမှ မူလရှိရင်းစွဲ IKBZ Insurance Co.,Ltd. ၏ ဝန်ဆောင်မှုများအား စိတ်ချယုံကြည်စွာဖြင့် ဆက်လက်အားပေးနိုင်ပါကြောင်း နှင့် အာမခံလုပ်ငန်းများကို ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါတယ်။
KBZ Insurance Co., Ltd