IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ စက်တင်ဘာလ ၂၀၂၁


01 October, 2021

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ စက်တင်ဘာလ ၂၀၂၁ အစီရင်ခံစာတွင် အာဆီယံ ထုတ်လုပ်ရေး အခြေအနေများ စက်တင်ဘာတွင် တည်ငြိမ်လာသည်ဟု ဆန်းစစ်သုံးသပ်ထားပါသည်။ 

အဓိက တွေ့ရှိချက်များ

  • PMI သည် စက်တင်ဘာတွင် ကြားနေအမှတ် ၅၀.၀ အထက်သို့ တက်သွားခြင်း
  • ထုတ်လုပ်မှုရော အော်ဒါသစ်များပါ နှစ်ခုစလုံး တည်ငြိမ်လာခြင်း
  • ထုတ်လုပ်မှု စရိတ်များမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာမှစပြီး အပြင်းထန်ဆုံး အရှိန်ဖြင့် ထိုးတက်သွားခြင်း

(ဒေတာကို ၂၀၂၁ ခုနှစ် သြဂုတ် ၁၂-၂၄ ရက်များတွင် စုစည်းခဲ့သည်)

IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရ တတိယ သုံးလပတ်၏ အဆုံးပိုင်းတွင် ထုတ်လုပ်ရေး အခြေအနေများသည် အာဆီယံ ဒေသတဝန်းမှာ တည်ငြိမ်လာခဲ့သည်။
 သြဂုတ်လတွင် သိသာစွာ ကျဆင်းခဲ့သည့်နောက်မှာ ထုတ်လုပ်မှုရော အော်ဒါသစ် နှစ်ခုစလုံး၏ ကျဆင်းမှု နှုန်းမှာ သိသိသာသာ နည်းလာပြီး အော်ဒါသစ်မှာမူ သက်ဆိုင်ရာ ရာသီအလိုက်ညှိပေးထားသည့် အညွှန်းကိန်းသည် ကြားနေ အမှတ် ၅၀.ဝ အောက်နားတွင် ရှိနေခြင်းက ညွှန်ပြနေသလို အဓိကအားဖြင့် တည်ငြိမ်လာခဲ့သည်။


အဓိက အညွှန်းကိန်းက စက်တင်ဘာလတွင် တိုးထုတ်မှုနှင့် ကျဆင်းမှုကို ခွဲခြားပေးသည့် အမှတ် ၅၀.၀ တွင် မှတ်တမ်းတင်ဖြစ်ရာ သြဂုတ်လ၏ ၁၄-လ အနိမ့်ဆုံး ၄၄.၅ မှ မြင့်တက်လာခဲ့သည်။ 
၎င်းက လစဉ် ထုတ်လုပ်ရေး အခြေအနေများ မပြောင်းလဲခြင်းကို ညွှန်ပြနေကာ ကျဆင်းမှု သုံးလ အစဉ်ကို ရပ်စဲပစ်လိုက်သည်။ တတိယ သုံးလပတ်၏ ပျမ်းမျှ ဂဏန်း ၄၆.၃ မှာ ၂၀၂၀ ပြည့်နှစ် ဒုတိယ သုံးလပတ်မှစ၍ အနိမ့်ဆုံးဖြစ်ပြီး မှတ်တမ်းထဲက ဒုတိယ အနိမ့်ဆုံးဖြစ်သည်။

 

ဆန်းစစ်မှုတွင် အကျုံးဝင်သည့် အာဆီယံ ခုနစ်နိုင်ငံအနက် သုံးနိုင်ငံတို့က ၎င်းတို့၏ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေများ စက်တင်ဘာလတွင် တိုးတက်လာကြောင်း မှတ်တမ်း တင်ခဲ့ကြသည်။
အားအကောင်းဆုံး ဦးမော့မှုကို စင်ကာပူတွင် မြင်ခဲ့ရခြင်းဖြစ်ပြီး အဓိက အကျဆုံး PMI မှာ သြဂုတ်လ၏ ၄၄.၃ မှ စက်တင်ဘာတွင် ၅၃.၄ သို့ တက်လိုက်ခြင်းဖြင့် ခိုင်မာသည့် တိုးတက်မှုကို ညွှန်ပြနေသည်။ 

၎င်း၏ နောက်မှာ အင်ဒိုနီးရှား နိုင်ငံက နီးကပ်စွာ လိုက်လာလျက် ဇွန်လမှစပြီး ကုန်စည် ထုတ်လုပ်မှု တိုးလာခြင်းကို ပထမဆုံးအကြိမ် ပြလာသည်။

အဓိက အကျဆုံး အညွှန်းကိန်း (၅၂.၂) က ခြုံကြည့်လျှင် အခြေအနေများ အသင့်အတင့် တိုးတက်မှုကို ပြသနေပါသည်။

ထုတ်လုပ်ရေးကဏ္ဍ တိုးတက်မှုကို ပြသခဲ့သည့် နောက်တစ်ခုတည်းသော အာဆီယံနိုင်ငံမှာ ဖိလစ်ပိုင် ဖြစ်သည်။ ထိုနိုင်ငံ၏ PMI (၅၀.၉) သည် သြဂုတ်လက အခိုင်အမာ ကျဆင်းခဲ့မှု၏ နောက်ပိုင်း တိုးတက်မှု နယ်မြေထဲသို့ ပြန်ဝင်လာခဲ့ကာ မတ်လမှစပြီး အများဆုံး တိုးတက်မှု
နှုန်းဖြစ်လာသော်လည်း ခြုံပြောရလျှင် ဒသမဂဏန်းမျှ တိုးလာမှု ဖြစ်သည်။

အခြားနိုင်ငံများကို လေ့လာကြည့်လျှင် ထိုင်းသည် စက်တင်ဘာတွင် ကူးစက်မြန်ရောဂါကပ်ဘေး အခြေအနေ မသိမသာ တိုးတက်လာခဲ့မှုအကြားတွင် ထုတ်လုပ်မှု ဦးမော့လာခဲ့သည့်တိုင်အောင် ဖောက်သည်များဘက်မှ ဝယ်လိုအား ပျော့နေခြင်းကြောင့်
ထုတ်လုပ်ရေး အခြေအနေများ ရှေ့ဆက် ဆုတ်ယုတ်လာမှုကို မှတ်တမ်းတင်ခဲ့သည်။ သို့သော်လည်း အဓိက အကျဆုံး အညွှန်းကိန်း (၄၈.၉) က သုံးလအတွင်းမှာ အနည်းဆုံး တိုးတက်မှု နှုန်းကို ပြနေသည်။

အလားတူပင် မလေးရှား နိုင်ငံတွင်လည်း သုံးလပတ်၏ နောက်ဆုံးလတွင် လေးလကြာခဲ့သည့် ဆုတ်ယုတ်လာမှု (PMI- ၄၈.၁) ကျဆင်းမှု အစဉ်တွင် ကျဆင်းမှု နှုန်းသည် အနည်းဆုံးသို့ အားပျော့သွားခဲ့သည်။

မြန်မာ နိုင်ငံမှာပါ စက်တင်ဘာတွင် ကျဆင်းမှုနှုန်း နည်းလာခဲ့ပြီး ၄၁.၁ တွင် ရှိနေသည့် PMI က ထုတ်လုပ်ရေး အခြေအနေများ လျင်မြန်စွာ ဆုတ်ယုတ်လာနေခြင်းကို ညွှန်ပြနေဆဲဖြစ်သည်။

နောက်ဆုံးအဖြစ် စက်တင်ဘာလအတွင်း ဗီယက်နမ် တွင် စက်မှုကဏ္ဍအပေါ်သို့ ကိုဗစ်-၁၉ကူးစက်မြန် ကပ်ရောဂါနှင့် ကန့်သတ်ရေး အစီအစဉ်များ၏ သက်ရောက်မှုများကြောင့် လေးလမြောက် ဆက်တိုက် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ပါသည်။ PMI သည် သြဂုတ်လ၏
၄၀.၂ အတိုင်း မပြောင်းလဲခဲ့ဘဲ စစ်တမ်းကို စတင်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှစပြီး ပူးတွဲ ဒုတိယ အများဆုံး ဆုတ်ယုတ်မှုကို အချက်ပြလိုက်သည်။

ခြုံကြည့်လျှင် အာဆီယံ ကုန်စည် ထုတ်လုပ်ရေးကဏ္ဍ၏ အခြေမှာ စက်တင်ဘာလတွင် မတည်ငြိမ်ခဲ့ပါ။ 
ထုတ်လုပ်မှုမှာ ဆက်ကျလာခဲ့သော်လည်း ဒသမဂဏန်းမျှ ဖြစ်ချိန်မှာ အော်ဒါသစ်များမှာ တည်ငြိမ် လာခဲ့သော်လည်း တိုးတက်ရေးဆီကို ဦးမမော့နိုင်ခဲ့ပါ။
သို့ဖြစ်၍ အလုပ်နေရာများ နှစ်ဆယ့်ရှစ်လ ဆက်တိုက် ဖြတ်တောက်ခံခဲ့ရပြီး ဝန်ထမ်း ဦးရေ ကျဆင်းမှုမှာ အရှိန်ပြင်းထန်ခဲ့ပါသည်။
မပြီးစီးခဲ့သည့် လက်ကျန် အလုပ်များ စံချိန်တင် တိုးလာခဲ့သည့် တိုင်အောင် ထိုသို့ဖြစ်နေပါသည်။
ယင်းတစ်ချိန်တည်းမှာ ပစ္စည်းပေးသွင်းမှုများ ဆက်ပြီး ပြတ်တောက်ခဲ့သည်။ ထည့်ကုန်များ ထည့်သွင်းရန် ကြန့်ကြာချိန်မှာ ထပ်ပြီး တိုးလာခဲ့ပြန်ကာ သြဂုတ်လတွင် မြင်ခဲ့ရသည်ထက် မသိမသာ ပိုပြီး ဆုတ်ယုတ်လာခဲ့သည်။
ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများပါ စက်တင်ဘာတွင် ပိုပြင်းထန်လာခဲ့သည်။
ကုန်ကျစရိတ်များ၏ ဝန်ထုပ်ဝန်ပိုးများမှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှစပြီး အများဆုံး နှုန်းဖြင့် မြင့်တက်လာခဲ့ပြီး ကုန်စည် ထုတ်လုပ်သူတို့သည် မိမိတို့၏ ပျမ်းမျှ ရောင်းဈေးများကို ခုနှစ်နှစ်တာကာလအတွင်း အများဆုံး နှုန်းဖြင့် မြှင့်တင်ခဲ့ကြသည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ် ဖေါ်ပြရာတွင် IHS Markit မှ စီးပွားရေး ပညာရှင် Lewis Cooper က ပြောကြားခဲ့သည်မှာ-

"တတိယ သုံးလပတ်၏ နောက်ဆုံးလတွင် အာဆီယံ ထုတ်လုပ်ရေး အခြေအနေများမှာ သုံးလကြာခဲ့သည့် ကျဆင်းမှု အစဉ်၏ နောက်မှာ တည်ငြိမ်လာခဲ့သည်။ ထုတ်လုပ်မှု နှုန်းမှာ သိသာစွာ အရှိန်ပျော့လာခဲ့ပြီး ဒသမဂဏန်းမျှသာ ရှိခဲ့ကာ ယခုလထဲတွင် အော်ဒါသစ်များ ရရှိမှုမှာ အဓိကအားဖြင့် မပြောင်းလဲခဲ့ပါ။
"ဆန်းးစ်မှုတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံများထဲက သုံးနိုင်ငံ ဖြစ်ကြသည့် စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများတွင် စက်မှု ထုတ်လုပ်မှု ပြန်ပြီး ဦးမော့လာခြင်းက ထုတ်လုပ်နိုင်စွမ်းကို မသိမသာ မြှင့်တင်ပေးနိုင်ခဲ့ပြီး ဗီယက်နမ်မှအပ ကျန်နိုင်ငံများတွင် ဆုတ်ယုတ်မှုနှုန်းများမှာ အားပျော့လာခဲ့ကြသည်။
"ခြုံပြောရလျှင် စက်မှုကဏ္ဍ၏ အခြေမှာ စက်တင်ဘာတွင် မတည်မငြိမ် ရှိနေသေးသည်။ 
ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများက ကျဆင်းရေးအန္တရာယ်ကို ဖိတိုးပေးနေပြီး နောက်ဆုံးဒေတာက ရှစ်နှစ်နီးပါး ကာလအတွင်းမှာ ကုန်ကျစရိတ်များ အပြင်းထန်ဆုံး မြင့်တက်လာမှုကို မီးမောင်းထိုးပြနေသည်။
ကိုဗစ်-၁၉ ကန့်သတ်ချက်များနှင့် ဒေသတွင်းရှိ အချို့အပိုင်းများတွင် ကူးစက်မှုများ တိုးလာနေခြင်းက ကုန်စည် ထုတ်လုပ်သူတို့အပေါ် ကြီးမားစွာ ရိုက်ခတ်နေရာ အရှိန်ကျမသွားသရွေ့ကျွန်ုပ်တို့သည် စက်မှု ထုတ်လုပ်ရေး ကဏ္ဍ သိသာစွာ ဦးမော့လာမှာကို မျှော်လင့် မရနိုင်သေးပါ။”

 


တွက်ချက်နည်း

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး
အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။
စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ 
အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။
PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-
အော်ဒါသစ်များ (၃၀%)၊
ထုတ်လုပ်မှု (၂၅%)၊
အလုပ်နေရာ (၂၀%)၊
ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
လှောင်ထားသည့် ထည့်ကုန်များ (၁၀%)။

PMIကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို
ပြောင်းပေးထားပါသည်။
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့်
အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
ဒေတာကို ၂၀၂၁ စက်တင်ဘာ ၁၃-၂၂ ရက်များတွင် စုစည်းခဲ့သည်။
PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။

IHS Markit အကြောင်း
IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ
အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည်
မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ
သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့်
အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ
Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။
IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်
ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်
© 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ
အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်
လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး
အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို
ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက
https://ihsmarkit.com/products/pmi.html
သို့ ဝင်ရောက်ကြည့်ရှုပါ။


 

Industry Reviews Read 304 times