ဒီဇင်ဘာတွင်အာဆီယံ ထုတ်လုပ်မှု အခြေအနေများ စံချိန်တင်နီးပါး မြင့်တက်လာ


04 January, 2022

 

ဒီဇင်ဘာတွင်အာဆီယံ ထုတ်လုပ်မှု အခြေအနေများ စံချိန်တင်နီးပါး မြင့်တက်လာ

 

IHS Markit  မှ ဒီဇင်ဘာလအတွက် အာဆီယံ ထုတ်လုပ်မှု PMI™   ထုတ်ပြန်ချက်တွင် အာဆီယံ ထုတ်လုပ်မှု အခြေအနေများ စံချိန်တင်နီးပါး မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

 

တွက်ချက်နည်း

 

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ 

ယင်းနိုင်ငံများသည် အာဆီယံ ထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ 

မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အား ထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။ 

စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ 

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ 

အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ 

နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။ 

 

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- 

အော်ဒါသစ်များ (၃၀%)၊

ထုတ်လုပ်မှု (၂၅%)၊ 

အလုပ်နေရာ (၂၀%)၊ 

ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် 

သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။ 

 

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်း များနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

ဒေတာကို ၂၀၂၁ ဒီဇင်ဘာ ၀၆-၁၇ ရက်များတွင် စုစည်းခဲ့သည်။

PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။

*ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ။

 

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုမှာ စံချိန်တင်နီးပါး နှုန်းဖြင့် အရှိန်ရလာခြင်း
  • အလုပ်အသစ်များ ခိုင်မာစွာ မြင့်တက်လာခြင်း
  • ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများ ပြင်းထန်လာနေခြင်း


နောက်ဆုံးရ IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာအရ ASEAN ထုတ်လုပ်ရေး အခြေအနေများမှာ ဒီဇင်ဘာလအတွင်း ဆက်ပြီး တိုးတက်လာခဲ့သည်။

ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ လွန်ခဲ့သည့် အောက်တိုဘာ၏ စံချိန်တင်နီးပါး နှုန်းမျိုးဖြင့် ထပ်တိုးတက်လာခဲ့သည်။ ပစ္စည်းပေးသွင်းမှု အခက်အခဲများ ရှိမြဲရှိနေခြင်းကြောင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ ပိုပြင်းထန်လာခဲ့သော်လည်း ကုန်ကျစရိတ်များရော ထုတ်လုပ်မှုဈေးများပါ ယခုလအတွင်းမှာ ပိုအရှိန်ရလာခဲ့ပြီး မှတ်တမ်းထဲက အားအကောင်းဆုံး တစ်ခု ဖြစ်နေဆဲဖြစ်သည်။

အဓိကအကျဆုံး PMI သည် ဒီဇင်ဘာလတွင် ကြားနေအမှတ် ၅၀.၀ အထက်တွင် ကျန်ရစ်နေရာ အာဆီယံ ထုတ်လုပ်မှုကဏ္ဍ၏ လစဉ် ထုတ်လုပ်မှု သုံးလဆက်တိုက် တိုးတက်လာနေခြင်းကို အချက်ပြနေသည်။ 

ထို့အပြင် နိုဝင်ဘာလ၏ ၅၂.၃ မှ ဒီဇင်ဘာတွင် ၅၂.၇ သို့ တက်လှမ်းလိုက်ခြင်းဖြင့် နောက်ဆုံး အညွှန်းကိန်းက မှတ်တမ်းထဲတွင် ဒုတိယ အများဆုံး ဖြစ်လာသည့် တိုးတက်မှုအရှိန်ကို အချက်ပြနေပါသည်။

အာဆီယံထဲ အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံက ၂၀၂၁ ခုနှစ်၏ အပိတ်လတွင် ထုတ်လုပ်ရေး အခြေအနေများ တိုးတက်လာကြောင်းကို အစီရင်ခံခဲ့ကြသည်။ 


 


 

တိုးတက်မှုကို မကြုံစဖူး စံချိန်တင် ၅၈.၀ ဖြင့် (၂၀၁၃ ခုနှစ် ဧပြီလနှင့်ပူးတွဲလျှက်) စင်ကာပူက ဦးဆောင်နေပြီး လျင်မြန်စွာ ဘက်စုံ ဦးမော့လာမှုကို အချက်ပြနေသည်။ 

ယင်းအတောအတွင်း အင်ဒိုနီးရှား သည် လစဉ် အခြေအနေများ လေးလဆက်တိုက် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့သည်။  PMI (၅၃.၅) သည် အောက်တိုဘာ၏ အမြင့်ဆုံးအဆင့်မှ ထိုးကျသွားသော်လည်း တဟုန်ထိုး တိုးတက်မှုနှုန်းကို ညွှန်ပြနေပါသည်။

အခြားနိုင်ငံများအနက် မလေးရှား နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့က ဒီဇင်ဘာလတွင် ပို၍အားကောင်းသည့် ဦးမော့မှုကို အစီရင်ခံခဲ့ကြသည်။

 မလေးရှားတွင် PMI သည် ရှစ်လအမြင့်ဆုံး ၅၂.၈ သို့ တက်သွားပြီး ကဏ္ဍ၏ အခြေအနေ အားကောင်းစွာ တိုးတက်လာခြင်းကို အချက်ပြလိုက်သည်။ 

ဗီယက်နမ်၏ အဓိက အညွှန်းကိန်း (၅၂.၅) မှာလွန်ခဲ့သည့် မေလမှစပြီး အမြင့်ဆုံး ဖြစ်သည်။

ဒီဇင်ဘာလတွင် ထုတ်လုပ်မှု အခြေအနေများ တိုးတက်လာကြောင်းကို မှတ်တမ်းတင်ခဲ့သည့် တစ်ခုတည်းသော အဖွဲ့ဝင် နောက်တစ်နိုင်ငံမှာ ဖိလစ်ပိုင် နိုင်ငံ ဖြစ်သည်။ ၅၁.၈ မှာ ရှိနေသည့် PMI က နိုဝင်ဘာ နောက်ပိုင်းတွင် အနည်းငယ်သာ ပြောင်းလာသည့် နှုန်းဖြစ်ကာ ခြုံပြောရလျှင် သင့်တင့်သော နှုန်းဖြစ်သည်။

တချိန်တည်းမှာပင် ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှု အခြေအနေများ အသစ်တဖန် ဆုတ်ယုတ်လာကြောင်း တွေ့မြင်ရသည်။ အဓိကအညွှန်းကိန်းသည် စက်တင်ဘာလမှစပြီး အမှတ် ၅၀.၀ အောက်သို့ ထိုးကျသွားခဲ့သော်လည်း ၄၉.၅ မှာရှိနေခြင်းက ခြုံပြောရလျှင် မသိသာသည့် ကျဆင်းမှုကို ညွှန်ပြနေသည်။ 

နောက်ဆုံးအဖြစ် မြန်မာနိုင်ငံသည် အကျဘက် နယ်ပယ်ထဲတွင် ရှိမြဲရှိနေခြင်းမှာ ဒီဇင်ဘာလတွင် ဆယ့်ခြောက်လ ဆက်တိုက် ဖြစ်လာသည်။ 

သို့သော်လည်း PMI (၄၉.ဝ) မှာမူ လက်ရှိအစဉ်ထဲက အမြင့်ဆုံး ဖြစ်လာပြီး ဒသမဂဏန်းမျှသာရှိသော ဆုတ်ယုတ်မှုနှုန်းကို အချက်ပြနေသည်။

 

ခြုံကြည့်လျှင် အာဆီယံ ထုတ်လုပ်မှုကဏ္ဍသည် ဒီဇင်ဘာလတွင် ခိုင်မာသော စွမ်းဆောင်နိုင်စွမ်းကို မှတ်တမ်း တင်နိုင်ခဲ့သည်။ ယခုနောက်ဆုံး ဦးမော့မှုကို မောင်းနှင်ပေးခဲ့သည်မှာ အော်ဒါမှာယူမှုများ ရှေ့ဆက် အခိုင်အမာတိုးလာခဲ့သည့်အပြင် ထုတ်လုပ်မှု တိုးလာခြင်း ဖြစ်သော်လည်း နိုဝင်ဘာလ၏

နှုန်းထက် မသိမသာ အားပျော့သွားခဲ့သည်။

 

ဒီဇင်ဘာ ဒေတာက အာဆီယံ ကုန်စည် ထုတ်လုပ်သူတို့၏ ဝယ်ယူရေး လုပ်ငန်းများ အရှိန်ရလာမှုကိုပါ ညွှန်ပြနေသည်။ အမှန်စင်စစ်တွင် တိုးတက်မှု နှုန်းမှာမူ မှတ်တမ်းထဲတွင် အများဆုံး ဖြစ်ပါသည်။ 

သို့ဖြစ်၍ ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများမှာ ရှေ့ဆက် မြင့်တက်လာခဲ့သည်။

ပစ္စည်းပေးသွင်းမှု အခက်အခဲများက စုစည်းသိုလှောင်ရေး အားထုတ်မှုများကို နောက်ပြန်ဆွဲသလို ရှိခဲ့သော်လည်း ပျမ်းမျှ ပြီးဆုံးရန် ကြာမြင့်ချိန်များ တဟုန်ထိုး တိုးလာခဲ့ခြင်းမှာ ၂၃ လ ဆက်တိုက် ဖြစ်လာသည်။

ယင်းကဲ့သို့သော အကြောင်းများကြောင့် ကုမ္ပဏီများသည် ဒီဇင်ဘာလတွင် ပိုမိုပြင်းထန်သည့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများကို မှတ်တမ်းတင်ခဲ့ကြသည်။ 

စရိတ်စက ဝန်ထုပ်ဝန်ပိုးများ ထပ်တက်လာခဲ့ရာ ငွေကြေးဖောင်းပွမှုနှုန်းမှာ မှတ်တမ်းထဲတွင် ပူးတွဲတတိယ အမြင့်ဆုံး ဖြစ်လာသည်။ 

ယင်းကိုတုံ့ပြန်သည့်အနေဖြင့် ကုမ္ပဏီများသည် ၎င်းတို့၏ ရောင်းဈေးများကို ထပ်မြှင့်ခဲ့ကြရသည်။ 

ရောင်းဈေးများ၏ နောက်ဆုံး မြင့်တက်မှုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာမှစပြီး အများဆုံး ဖြစ်လာပြီး မြန်ဆန်ခဲ့သည်။

ဤအတောအတွင်း လက်ကျန် အလုပ်များသည် ရှေ့ဆက် တိုးလာခဲ့ပြီး ကုန်ထုတ်စွမ်းအားအတွက် ဖိအားပေးမှုများမှာ မှတ်တမ်းထဲက အားကောင်းဆုံး တစ်ခုဖြစ်သည်။ 

သို့သော်လည်း အလုပ်နေရာများမှာ ထပ်ကျလာခဲ့ပြီး ကျဆင်းမှုနှုန်းမှာ ဒသမဂဏန်းမျှ အားပျော့သွားခဲ့သည်။

နောက်ဆုံးအချက်အနေနှင့် လုပ်ငန်းများ၏ ယုံကြည်မှုမှာ နိုဝင်ဘာလမှစပြီး ပိုကောင်းလာခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှစပြီး အားအကောင်းဆုံး ဖြစ်လာသည်။



 

 

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper ပြောကြားသွားသည်မှာ-

"အာဆီယံ ထုတ်လုပ်မှုကဏ္ဍသည် ၂၀၂၁ ခုနှစ်ကို ခိုင်မာသည့် စွမ်းဆောင်မှု ရလဒ်ဖြင့် အဆုံးသတ်လိုက်ပါပြီ။ လုပ်ငန်း အခြေအနေများသည် ဆက်ပြီးဦးမော့လာနေကာ PMI မှာ ယခုလတွင် မြင့်တက်လာလျက် စတုတ္ထသုံးလပတ် အတွက် ပျမ်းမျှ အညွှန်းကိန်းမှာ မှတ်တမ်းထဲတွင်

အမြင့်ဆုံး ဖြစ်လာသည်။

"ဒီဇင်ဘာ၏ တိုးတက်မှုကို ထုတ်လုပ်မှုနှင့် အလုပ်သစ်များ အခိုင်အမာ တိုးရလာမှုက မောင်းနှင်ပေးခဲ့ခြင်း ဖြစ်ပြီး တိုးတက်မှုနှုန်းမှာမူ မှတ်သားဖွယ်ရာ စံချိန်တင်အနီးသို့ ချဉ်းကပ်လာသည်။

"ယင်းတချိန်တည်းမှာ စရိတ်စက ဝန်ထုပ်ဝန်ပိုးများကို ပစ္စည်းပေးသွင်းရေး ပြဿနာများက မြှင့်တင်ပေးနေကာ ကုန်ကျစရိတ်များနှင့် ရောင်းဈေး ငွေကြေးဖောင်းပွမှုမှာ မှတ်တမ်းထဲက အနက်ရှိုင်းဆုံး ဖြစ်နေရာ ငွေကြေးဖောင်းပွမှု ဖိအားများမှာ သိသာစွာ ပြင်းထန်လာခဲ့သည်။

"မည်သို့ပင်ဖြစ်စေကာမူ လာမည့်နှစ်အတွင်း ထုတ်လုပ်မှုဆိုင်ရာ ကုမ္ပဏီများ၏ မျှော်လင့်ချက်များမှာ ဤလအတွင်း ပိုကောင်းလာခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှစပြီး အားအကောင်းဆုံး ဖြစ်လာသည်။ အမှန်စင်စစ်တွင် ကျွန်ုပ်တို့ ၂၀၂၂ ခုနှစ်ထဲသို့ ကူးဝင်ချိန်မှာ အာဆီယံ ထုတ်လုပ်မှုကဏ္ဍသည် ခိုင်မာသည့် အနေအထားဖြင့် ခြေချဝင်နေခြင်းဖြစ်ပြီး နောက်ဆုံး ပြန်လည်ဦးမော့မှု အားနည်းလာမည့် လက္ခဏာများ မရှိကြပါ"

 

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/ products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

 

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ

ဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ

စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ

ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

Industry Reviews Read 282 times