အာဆီယံ ကုန်ထုတ်လုပ်ရေး အခြေအနေများ ဖေဖေါ်ဝါရီလအတွင်းမှာ ခိုင်ခိုင်မာမာ တိုးတက်ကောင်းမွန်လာ


02 March, 2022

အာဆီယံ ကုန်ထုတ်လုပ်ရေး အခြေအနေများ ဖေဖေါ်ဝါရီလအတွင်းမှာ ခိုင်ခိုင်မာမာ တိုးတက်ကောင်းမွန်လာ

၂၀၂၂ မတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် IHS Markit  အာဆီယံ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

အာဆီယံ ကုန်ထုတ်လုပ်ရေး အခြေအနေများ ဖေဖေါ်ဝါရီလအတွင်းမှာ ခိုင်ခိုင်မာမာ တိုးတက်ကောင်းမွန်လာခြင်း

အဓိက တွေ့ရှိချက်များ

  • PMI သည် ၅၂.၅ ဖြင့် ဖေဖေါ်ဝါရီလတွင် အနည်းငယ် ပြောင်းလဲခဲ့ခြင်း
  • ဝယ်လိုအားအခြေအနေများမှာ လွန်ခဲ့သည့်အောက်တိုဘာလမှစပြီး အမြန်ဆုံးနှုန်းဖြင့် တိုးတက်ကောင်းမွန်လာကာ ထုတ်လုပ်မှု ခိုင်ခိုင်မာမာမြင့်တက်လာခြင်း
  • စက်ရုံများ၏ ရောင်းဈေးများ စံချိန်တင်မြင့်လာခြင်း

(ဒေတာကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ - ၂၂ ရက်များတွင် စုစည်းခဲ့သည်)


အာဆီယံ ကုန်ထုတ်လုပ်သူတို့သည် နောက်ဆုံးရ “IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) “ ဒေတာအရ ဖေဖေါ်ဝါရီလတွင် လုပ်ငန်းအခြေအနေများ အခိုင်အမာတိုးတက်လာခဲ့ကြောင်း မှတ်တမ်းတင်ခဲ့ကြသည်။ အော်ဒါ မှာယူမှု ပမာဏများ 
လွန်ခဲ့သည့်နှစ် အောက်တိုဘာလမှစပြီး အမြန်ဆုံးအရှိန်ဖြင့် မြင့်တက်လာခဲ့ပြီး အကျိုးဆက်အနေနှင့် စက်ရုံထုတ်လုပ်မှု အခိုင်အမာ တိုးချဲ့လာကာ ဝယ်လိုအား အခြေအနေများမှာ ဆက်လက်ဦးမော့လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ ဆက်လက်မြင့်တက်လျက်ရှိနေခဲ့သည်။ 


သွင်းကုန်ကုန်ကျစရိတ်များသည် ငါးလတာကာလအတွင်း အနှေးဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့ခြင်း ဖြစ်သော်ငြားလည်း ထုတ်လုပ်သူတို့က ၎င်းတို့၏ ရောင်းဈေးများကို အများဆုံးနှုန်းဖြင့် စံချိန်တင် တိုးမြှင့်ခဲ့ကြချိန်တွင် သွင်းကုန်ကုန်ကျစရိတ်များ ထိုးတက်သွားသည်။

ဖေဖေါ်ဝါရီလတွင် ၅၂.၅ တွင် ရှိနေသည့် အဓိကအကျဆုံး PMI အညွှန်းကိန်းက အာဆီယံ  ကုန်ထုတ်လုပ်မှုကဏ္ဍ အခြေအနေများ ၅ လမြောက်ဆက်တိုက်တိုးတက်မှုကို ပြသနေပြီး  ခြုံငုံပြောရလျှင် ခိုင်မာသည့် တိုးတက်မှုဖြစ်သည်။ 
ထို့အပြင် နောက်ဆုံးရ အညွှန်းကိန်းသည် ဇန်နဝါရီလ၏ ၅၂.၇ နှင့်စာလျှင် အနည်းငယ် ပြောင်းလာခဲ့ခြင်းဖြစ်ပြီး စံချိန်တင် အမြင့်ဆုံးနှုန်းများအကြာတွင် ဆက်လက်ရှိနေခဲ့သည်။

 

ဖေဖေါ်ဝါရီလတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံအနက် ခြောက်နိုင်ငံမှာ ကုန်ထုတ်လုပ်ရေး အခြေအနေများ ပိုကောင်းလာခဲ့သည်။ 

စင်ကာပူနိုင်ငံသည် ဖေဖော်ဝါရီလတွင် အမြင့်ဆုံး အဓိကအကျဆုံးအညွှန်းကိန်းကို ၅၈.၃ ဖြင့် ၃ လဆက်တိုက် မှတ်တမ်းတင်လိုက်ခြင်းဖြင့်  ကုန်ထုတ်လုပ်ရေးကဏ္ဍ အခြေအနေများမှတ်တမ်းထဲတွင် အမြန်ဆုံး ဦးမော့လာနေခြင်းကို ညွှန်ပြနေသည်။

 ဒုတိယအဆင့်နေရာမှာ ဗီယက်နမ်နိုင်ငံ ရှိနေခဲ့ပြီး လွန်ခဲ့သည့်  ဧပြီလမှစပြီး လုပ်ငန်းအခြေအနေများ အမြန်ဆုံးနှုန်းနှင့် အခိုင်အမာတိုးတက်လာခဲ့ပြီး PMI  ၅၄.၃ တွင်  ရှိနေပါသည်။

အခြားနိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၂ ခုနှစ် ပထမသုံးလပတ် အလယ်ပိုင်းတွင်  တိုးထုတ်လုပ်မှုနယ်ပယ်ထဲသို့ ပြန်လည်ရောက်လာကြောင်း မှတ်တမ်းတင်ခဲ့သည်။  အဓိကအကျဆုံး အညွှန်းကိန်းသည် ဇန်နဝါရီလမှာ ၅၀.၀ ရှိခဲ့ရာမှ ဖေဖေါ်ဝါရီလတွင် ၅၂.၈  သို့ မြင့်တက်ခြင်းက ယင်းကဏ္ဍ၏ အခြေအနေ အနည်းငယ်တိုးတက်မှုကို ညွှန်ပြနေသည်။ 

ထိုင်းနိုင်ငံတွင်လည်း တိုးတက်မှု အရှိန်ရလာခဲ့ပြီး အဓိကအကျဆုံး PMI အညွှန်းကိန်းမှာ  စစ်တမ်းတစ်လျှောက် အမြင့်ဆုံး နေရာသစ် ၅၂.၅ သို့ တက်သွားပြီး အဖက်ဖက်မှ  အားကောင်းလာသည့်ဦးမော့မှုကို ပြသနေသည်။

ယင်းအတောအတွင်း မလေးရှားနိုင်ငံသည်လည်း ဖေဖေါ်ဝါရီလတွင် တိုးတက်မှုအရှိန်ရလာသည်ကို မြင်တွေ့ရသည်။ သို့သော်လည်း အဓိကအကျဆုံး  PMI အညွှန်းကိန်း ၅၀.၉ တွင် ရှိနေခြင်းက ခြုံငုံကြည့်လျှင် အခြေအနေများ အသင့်အတင့်  တိုးတက်မှုကိုသာ ညွှန်ပြနေသည်။

အင်ဒိုနီးရှားနိုင်ငံသည် ဖေဖေါ်ဝါရီလအတွင်း ကုန်ထုတ်လုပ်မှုအခြေအနေများ  ပိုနှေးသည့်နှုန်းဖြင့် တိုးတက်မှုကို မှတ်တမ်းတင်ထားရသည့် တစ်ခုတည်းသော  နိုင်ငံဖြစ်ခဲ့ပါသည်။ သို့သော်လည်း PMI  ၅၁.၂  မှာ ခြောက်လ ဆက်တိုက် ကြားနေအမှတ်  ၅၀.၀ အထက်တွင် ဆက်လက်ရှိနေခဲ့ပြီး ဒသမဂဏန်း ဦးမော့မှုကို ပြသပါသည်။

မြန်မာနိုင်ငံ၏ ကုန်စည်ထုတ်လုပ်ရေး ကဏ္ဍမှာ ဖေဖေါ်ဝါရီလ၏ အာဆီယံ ယေယုယျအခြေအနေများနှင့်  ပြောင်းပြန်ဖြစ်လျက် ကျဆင်းမှုနယ်ပယ်ထဲတွင် ဆက်လက်ရှိနေခဲ့သည်။ ထို့အပြင် PMI သည် သုံးလအတွင်း အနိမ့်ဆုံး ၄၇.၃ သို့ ထိုးကျသွားပြီး ခိုင်မာသည့် ကျဆင်းမှုနှုန်းဖြစ်ကြောင်း ဖော်ပြနေသည်။

ခြုံငုံပြောရလျှင် အာဆီယံ ကုန်ထုတ်လုပ်ရေး ကဏ္ဍသည် ဖေဖေါ်ဝါရီလတွင် အားကောင်းသော စွမ်းဆောင်မှုကို မှတ်တမ်းတင်လိုက်ပြီး ထုတ်လုပ်မှု အခိုင်အမာ တိုးလာခဲ့သည်။ 
အလုပ်အသစ်များမှာ လွန်ခဲ့သည့် အောက်တိုဘာလမှစပြီး အမြန်ဆုံးနှုန်းဖြင့် ပိုမိုရလာခဲ့ပြီး  နိုင်ငံခြားမှ ဝယ်လိုအား ပိုမို အားကောင်း လာခဲ့သည်။ 
ရလဒ်အနေဖြင့် ကုမ္ပဏီကြီးများက ဖေဖေါ်ဝါရီလတွင် ၎င်းတို့၏ဝယ်ယူရေးလုပ်ရှားမှုကို ဆက်လက်အရှိန်မြှင့်ခဲ့ကြသည်။ 

တိုးတက်မှုနှုန်းမှာမူ လက်ရှိငါးလကြာကလအတွင်းတွင် အားအနည်းဆုံး ဖြစ်ခဲ့သော်လည်း  သင့်တင့်သည့်နှုန်းအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။

ဖေဖေါ်ဝါရီလ ဒေတာက အာဆီယံ ကုန်စည်ထုတ်လုပ်သူများ၏ ကုန်ထုတ်စွမ်းအားများ အပေါ်တွင်  ဖိအားကျရောက်မှုများ ရှိမြဲရှိနေခြင်းကို မီးမောင်းထိုးပြလိုက်သည်။ မပြီးစီးသေးသည့် လက်ကျန်အလုပ်များ  ပို၍တိုးလာခဲ့ပြီး စုပုံလာသည့်နှုန်းမှာ ဇန်နဝါရီလ၏ စံချိန်တင်နှုန်းထက် မသိမသာ အားပျော့လာခဲ့ပါသည်။  သွင်းကုန်များအတွက် ပစ္စည်းပေးသွင်းမှု  ကြာမြင့်ချိန်များ တဟုန်ထိုး တိုးလာပြီး ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများ  ဆက်ရှိလာခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ၊ ဝန်ထမ်းဦးရေမှာ ဖေဖေါ်ဝါရီလတွင် 
မသိမသာ လျော့နည်းသွားခဲ့သည်။
ဈေးနှုန်းများကို လေ့လာကြည့်လျှင် သွင်းကုန်စရိတ်များမှာ ဖေဖေါ်ဝါရီလတွင်  နောက်ထပ်တစ်ဖန် တဟုန်ထိုး တက်သွားခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်းမှာ နှေးလာခဲ့သော်လည်း စစ်တမ်းမှတ်တမ်းထဲတွင် အမြန်ဆုံးနှုန်းဖြစ်နေပါသည်။ ၎င်းကို တုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့်  ကုမ္ပဏီကြီးများက ၎င်းတို့၏ ပျမ်းမျှရောင်းဈေးများကို စစ်တမ်းသမိုင်းထဲတွင် အမြန်ဆုံးနှုန်းဖြင့် မြှင့်တင်ခဲ့ကြသည်။
ဖေဖေါ်ဝါရီလတွင် အာဆီယံ ကုန်ထုတ်လုပ်သူတို့သည် လာမည့်တစ်နှစ်တာအတွင်း  ထုတ်လုပ်မှုနှင့်ပတ်သက်၍ မျှော်မှန်းချက်ကို အကောင်းမြင်နေဆဲဖြစ်သည်။ သို့သော်လည်း  အကောင်းမြင်စိတ်ပမာဏမှာ ခြောက်လတွင်း အနိမ့်ဆုံးသို့ လျော့ကျသွားပြီး 
စစ်တမ်းသမိုင်းတစ်လျောက်ဒေတာနှင့် ယှဉ်ပြောရလျှင် အားနည်းနေပါသည်။


သုံးသပ်ချက်
နောက်ဆုံး စစ်တမ်းရလဒ်များကို ဝေဖန်သုံးသပ်ရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper ပြောကြားသွားသည်မှာ-

"အာဆီယံနိုင်ငံအတွင်း ကုန်ထုတ်လုပ်ရေး အခြေအနေများမှာ ဖေဖေါ်ဝါရီလတွင် ခိုင်ခိုင်မာမာတိုးတက်လာခဲ့ပြီး လွန်ခဲ့သည့် အောက်တိုဘာလမှစ၍ အလုပ်သစ်အမြန်ဆုံးဦးမော့မှုအကြားတွင် ထုတ်လုပ်မှုမှာ အခိုင်အမာ ထပ်တိုးလာခဲ့လျက် PMI သည် စံချိန်တင် အမြင့်ဆုံးဖြစ်လျက်ရှိသည်။
"စောင့်ကြည့်လေ့လာနေသည့် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံအနက် ခြောက်နိုင်ငံတို့က ဖေဖေါ်ဝါရီလတွင် ကုန်ထုတ်လုပ်မှု အခြေအနေများ ပိုကောင်းလာကြောင်းမှတ်တမ်းတင်ခဲ့ပြီး စင်ကာပူနှင့် ဗီယက်နမ်တို့က ထိပ်ဆုံးမှ ဦးဆောင်နေလျက် ကုန်ထုတ်လုပ်မှု ဦးမော့လာမှုမှာ မြန်မာနိုင်ငံမှတစ်ပါး ကျယ်ပြန့်သည့်သဘောကို ဆောင်ခဲ့သည်။
"စစ်တမ်း၏ ဈေးနှုန်းများဆိုင်ရာ အညွှန်းများထဲတွင် အပြုသဘောဆောင် သတင်းများ နည်းပါးပြီး ဖေဖော်ဝါရီလတွင် အာဆီယံ ကုန်စည်ထုတ်လုပ်သူတို့ရင်ဆိုင်နေရသည့် ကုန်ကျစရိတ်များ တဟုန်ထိုးထိုးတက်သွားခြင်းကို ဖော်ပြနေသည်။ ရလဒ်အနေဖြင့် ကုမ္ပဏီကြီးများသည် ၎င်းတို့၏ ရောင်းဈေးများကိုထပ်မံတိုးမြှင့်ခဲ့ကြရာ ငွေကြေးဖောင်းပွမှုနှုန်း အပြင်းထန်ဆုံး ဖြစ်လာသည်ကို မှတ်တမ်းဝင်သည်။

"ခြုံငုံကြည့်လျှင် ကုန်ကျစရိတ်များ၏ ဖိအားပေးမှုများနှင့် ပစ္စည်းပေးသွင်းရေး အခက်အခဲများကြောင့်လည်းကောင်း၊ အိုမီခရွန်မျိုးကွဲကြောင့်လည်းကောင်း၊ အကောင်းမြင်စိတ်သည် ဖေဖေါ်ဝါရီလတွင် ခြောက်လတာအတွင်း အနိမ့်ဆုံးသို့
ကျဆင်းသွားပြီး စစ်တမ်းသမိုင်းတစ်လျောက်ဒေတာအရ အကောင်းမြင်စိတ် အားနည်းနေသော်လည်းလာမည့်နှစ်အတွင်း ထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ကုန်ထုတ်လုပ်သူတို့၏ မျှော်မှန်းချက်မှာ အကောင်းဘက်မှ ာဆက်လက်ရှိနေဆဲဖြစ်သည်။"

တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်သွင်းကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များအပေါ်အခြေခံပြီး IHS Markit မှ တွက်ချက်ပါသည်။ 
ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုးဖြည့်ထည့်တန်ဖိုး ၉၈% ကို ထုတ်လုပ်ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အား ကျေးဇူးပြုမှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီး ပြောင်းလဲမှုကို ညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြပါသည်။ ထို့နောက် အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအား ချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။ PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- 

  • အော်ဒါသစ်များ (၃၀%)၊ 
  • ထုတ်လုပ်မှု (၂၅%)၊ 
  • အလုပ်နေရာ (၂၀%)၊ 
  • ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် 
  • သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။ 
     

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို ပြောင်းပြန်လှန်ပေးခြင်းဖြင့်  အခြား အညွှန်းများနှင့် နှိုင်းယှဉ်နိုင်သော လားရာဖြင့် ရွေ့ပါသည်။ 
ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။
၂၀၂၂ ဖေဖေါ်ဝါရီလ ဒေတာကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ - ၂၂ ရက်များတွင် စုစည်းခဲ့သည်။
PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။
*ရင်းမြစ်- ကမ္ဘာ့ဘဏ်၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်မှု အညွှန်းများ။
 

Industry Reviews Read 851 times