ဖေဖော်ဝါရီလတွင် ကုန်ကြမ်းများရှားပါး လျှပ်စစ်ပြတ်တောက်မှုများအကြား ထုတ်လုပ်မှု ဆက်ကျဆင်းလာ


01 March, 2022

ဖေဖော်ဝါရီလတွင် ကုန်ကြမ်းများရှားပါး လျှပ်စစ်ပြတ်တောက်မှုများအကြား ထုတ်လုပ်မှု ဆက်ကျဆင်းလာ

၂၀၂၂ မတ်လ ၁ ရက်တွင် ထုတ်ပြန်သည့် IHS Markit  မြန်မာ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။

ကုန်ကြမ်းများ ရှားပါးလျက် လျှပ်စစ်ပြတ်တောက်မှုများ အကြားတွင် ထုတ်လုပ်မှု ဆက်ကျဆင်းလာနေခြင်း

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှု အခြေအနေများမှာ ဖေဖေါ်ဝါရီလတွင် ပိုမြန်သည့် နှုန်းဖြင့် ဆုတ်ယုတ်လာနေခြင်း
  • ကုန်ကြမ်းများ ရှားပါးလျက် လျှပ်စစ်ပြတ်တောက်မှုများ အကြားတွင် လက်ကျန် အလုပ်များ စံချိန်တင် မြင့်တက်လာခြင်း
  • ကုန်ကျစရိတ်များ နှင့် ရောင်းဈေးများ၏ ငွေကြေးဖောင်းပွမတဟုန်ထိုး အရှိန်မြင့်လာခြင်း 

(ဒေတာကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၀ - ၁၈ ရက်များတွင် စုစည်းခဲ့သည်)


ဖေဖေါ်ဝါရီလ ဒေတာက မြန်မာနိုင်ငံ ထုတ်လုပ်ရေး ကဏ္ဍတွင်း လုပ်ကိုင်မှု အခြေအနေများ ထပ်မံဆုတ်ယုတ်လာခြင်းကို ပြသပါသည်။
နိုင်ငံရေး မတည်ငြိမ်မှုများ၊ ကုန်ကြမ်း ရှားပါးမှုများနှင့် ကိုဗစ်-၁၉ တို့က ထုတ်လုပ်မှုနှင့် ဝယ်လိုအားတို့အပေါ် ဖိစီးလာခဲ့ကြပြီး ယခုလအတွင်းမှာ ထုတ်လုပ်မှုနှင့် ဝယ်လိုအားတို့ နှစ်ခုစလုံး ပိုမြန်သည့် နှုန်းဖြင့် ကျဆင်းသွားသည်။ 
သို့ဖြစ်၍ ကုမ္ပဏီများက ဝယ်ယူမှုများကို လျှော့ချလာခဲ့စဉ်  လက်ကျန် အလုပ်များမှာမူ စစ်တမ်းကာလအတွင်း စံချိန်တင် နှုန်းဖြင့် မြင့်တက်လာခဲ့သည်။ 
တစ်ချိန်တည်းမှာ ဒေါ်လာ-ကျပ်ငွေ လဲလှယ်မှုနှုန်း ပိုဆိုးဝါးလာခြင်း၊ ပို့ဆောင်ခနှုန်းများ မြင့်လာပြီး ကုန်ကြမ်း ဈေးနှုန်းများ 
ကြီးမြင့်လာခြင်းကြောင့် ထည့်ကုန်များနှင့် ရောင်းဈေးများ နှစ်မျိုးစလုံး၏ ငွေကြေးဖောင်းပွမှုမှာ ၄ လအတွင်း အမြင့်ဆုံးသို့ အရှိန်ထိုးတက်သွားသည်။
အပြုသဘောဆောင်သည့် အချက်အဖြစ် ကုမ္ပဏီများက လာမည့် တစ်နှစ်အတွင်းမှာ ၎င်းတို့၏ ထုတ်လုပ်မှု ပမာဏများ တိုးလာမည်ဟု အပြုသဘော မြင်နေခြင်းကို ထောက်ပြနိုင်ပါသည်။ 
ဝန်ထမ်း ငှားရမ်းမှုပါ မြင့်တက်လာခဲ့ရာ အလုပ်ခန့်သည့်ဦးရေမှာ သုံးလဆက်တိုက် ဆက်လက်မြင့်တက်လာခဲ့သည်။

အဓိကအကျဆုံး IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ အညွှန်းကိန်း – ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို  ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်းကို ဖေဖေါ်ဝါရီလတွင် ၄၇.၃ မှာ မှတ်တမ်းတင်ခဲ့ရာ ဇန်နဝါရီလ၏ ၄၈.၅ ထက် နိမ့်နေပြီး အမှတ် ၅၀.၀ အောက်မှာ ၁၈ လ ဆက်တိုက် အပြောင်းအလဲမရှိ ဆက်ရှိနေပါသည်။ 
ကျဆင်းမှု နှုန်းမှာ နှစ်လဆက်တိုက် အရှိန်ပိုရလာခဲ့သော်လည်း ၂၀၂၁  ခုနှစ်၏ ပျမ်းမျှနှင့်စာလျှင် များစွာမှ အားပျော့နေသည်။
လုပ်ကိုင်မှု အခြေအနေများ ဆုတ်ယုတ်လာခြင်းကို ထုတ်လုပ်မှု ကျဆင်းလာခြင်းနှင့် ထပ်ပြီး ချိတ်ဆက် ရှင်းပြကြသည်။ စင်စစ်တွင် ထုတ်လုပ်မှုမှာ တဟုန်ထိုး ကျဆင်းသွားပြီး လေးလအတွင်း အမြန်ဆုံး ကျဆင်းမှုဖြစ်သည်။ 
စစ်တမ်းတွင် ပါဝင်ဖြေကြားသူတို့၏ သုံးသပ်ချက်များက စစ်တပ်၏ အာဏာသိမ်းယူမှု၊ ကိုဗစ်-၁၉၊ လျှပ်စစ် ပြတ်တောက်မှုများနှင့် နိုင်ငံတကာ ပစ္စည်းပေးသွင်းမှု ပြတ်တောက်လာခြင်း၏ အကျိုးဆက်များကို မီးမောင်း ထိုးပြနေကြသည်။
အလားတူစွာပင် အော်ဒါအသစ်များမှာ ပိုမြန်ဆန်စွာ ကျဆင်းလာခဲ့လျက် ကျဆင်းမှု အစဉ်ကို ၁၈ လကြာမြင့်သည်တိုင်အောင် ဆွဲဆန့်ပေးလိုက်သည်။ 
ဖြေဆိုချက် အများအပြား၌ ဖောက်သည်များထံတွင် ငွေသား ပြတ်တောက်မှုများနှင့် ဘဏ္ဍာရေး အခက်အခဲများ ရှိနေခြင်းကို ဖေါ်ပြထားသည်။
ဝယ်လိုအား အခြေအနေများ ဆုတ်ယုတ်လာနေပြီး ဈေးနှုန်းများမှာ သမိုင်းထဲတွင် အမြင့်ဆုံးနှုန်းဖြင့် မြင့်တက်လာနေချိန်မှာ ကုမ္ပဏီများသည် ၎င်းတို့၏ ဝယ်ယူမှုများကို ဖေဖေါ်ဝါရီလတွင် ပြန်လျှော့ချခဲ့ကြရသည်။ ကျဆင်းမှုနှုန်းမှာ ထင်ရှားခဲ့ကာ လွန်ခဲ့သည့် နိုဝင်ဘာလမှစပြီး ကျဆင်းမှုနှုန်း အမြန်ဆုံး ဖြစ်လာသည်။ 
ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများသည်လည်း တဟုန်ထိုး ကျဆင်းသွားသည်။
ဝယ်ယူမှု အားနည်းမှုက လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ပေါင်းမိခြင်းကြောင့် မပြီးဘဲကျန်ရစ်ခဲ့သည့်  အလုပ်များမှာ စစ်တမ်း၏ ခြောက်နှစ်ကြာ သမိုင်းထဲတွင် အများဆုံး နှုန်းဖြင့် မြင့်တက်လာစေခဲ့သည်။ 
လက်ကျန် အလုပ်များ သမိုင်းဝင် စံချိန်တင် နှုန်းဖြင့် မြင့်တက်လာခဲ့သည်မှာ သုံးလဆက်တိုက် ဖြစ်ပါသည်။
ထုတ်ကုန်ကို တိုးပြီး ထုတ်လုပ်ရန်နှင့် လက်ကျန် အလုပ်များကို လျှော့ချရန် ကြိုးပမ်းသည့်အနေနှင့် ကုမ္ပဏီများသည် ဖေဖေါ်ဝါရီလတွင် ၎င်းတို့၏ ဝန်ထမ်းပမာဏကို အားဖြည့်ခဲ့ကြရာ အလုပ်နေရာများ တတိယမြောက်လအဖြစ် တိုးမြှင့်မှုကို အချက်ပြခဲ့ကြသည်။ 
တိုးထုတ်လုပ်မှု နှုန်းမှာ ဒသမဂဏန်းမျှ ဖြစ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် တစ်လျှောက်လုံး မြင်ခဲ့ရသည့် ကျဆင်းမှုနှင့် ဆန့်ကျင်လျက် တိုးလာခဲ့သည်။
ကုန်ကျစရိတ်များ၏ ဝန်ထုပ်ဝန်ပိုးများမှာ ဖေဖေါ်ဝါရီလတွင် ကုန်ကြမ်း ဈေးနှုန်းများနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာမှုနှင့်အတူ တဟုန်ထိုး မြင့်မားလာခဲ့သည်။ ထို့အပြင် ဒေါ်လာ-ကျပ်ငွေ လဲလှယ်မှုနှုန်း ဆိုးဝါးလာခြင်းကိုပါ အစီရင်ခံစာများထဲတွင် ကျယ်ပြန့်စွာ ထောက်ပြခဲ့ကြသည်။ 

မြင့်တက်လာသည့် ကုန်ကျစရိတ်များကို ဈေးဝယ်ကြသူများ အပေါ်သို့ လွှဲချခဲ့ကြရာ လုပ်ငန်းအတွက် ဝယ်ယူသည့် ထည့်သွင်းကုန်ပစ္စည်းများ၏ ကုန်ဈေးနှုန်းများ အတွက်ရော ရောင်းဈေးများ အတွက်ပါ ငွေကြေးဖောင်းပွမှုမှာ လေးလအတွင်း အမြင့်ဆုံးသို့ မြင့်တက်သွားခဲ့သည်။
ကူးစက်မြန်ကပ်ဘေး ကန့်သတ်ချက်များနှင့် ကုန်ကြမ်းများ ရှားပါးမှုတို့က ပစ္စည်းပေးသွင်းရေး ကွင်းဆက်များအပေါ်သို့ ထပ်ပြီး သက်ရောက်မှု ရှိခဲ့သော်လည်း ဖေဖေါ်ဝါရီလတွင် အနည်းငယ် အားပျော့လာခဲ့သည်။

နောက်ဆုံးအနေနှင့် ကုမ္ပဏီများသည် လာမည့် ၁၂ လ ကာလအတွင်းမှာ ထုတ်လုပ်မှု တိုးလာမည်ဟု စိတ်ချယုံကြည်မြဲ ယုံကြည်နေကြသည်။ သို့သော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများ၊ ကူးစက်မြန်ကပ်ဘေးနှင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများက ယုံကြည်မှုအပေါ်သို့ ဖိစီးနေကြသောကြောင့် အကောင်းမြင်မှု အဆင့်အတန်းမှာ စစ်တမ်းသမိုင်းစဉ်၏ ပျမ်းမျှရေချိန်နှင့် နှိုင်းစာလျှင် အားနည်းလာသည်။


သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသွားသည်မှာ-
"ဖေဖေါ်ဝါရီ ဒေတာက အကျဘက်တွင် ရုန်းကန်နေရသည့် မြန်မာနိုင်ငံက ကုမ္ပဏီများအတွက်  တွေ့မြင်နေကျ ကားချပ်ပုံကို ဖေါ်ပြနေသည်။ ထုတ်လုပ်မှု၊ အော်ဒါ အသစ်များနှင့် ဝယ်ယူရေး လုပ်ငန်းများ ပိုလျင်မြန်စွာ ကျဆင်းလာချိန်တွင် လက်ကျန် အလုပ်များမှာ စစ်တမ်းကာလအတွင်း  စံချိန်တင် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။ စီးပွားရေး လုပ်ငန်းများအပေါ်သို့  ဖိစီးနေကြသည့် အချက်များအဖြစ် နိုင်ငံရေး မတည်ငြိမ်မှုများ၊ ဓာတ်အားပြတ်တောက်မှုများ၊ ကူးစက်မြန် ကပ်ဘေးနှင့် ကုန်ကြမ်းများ ရှားပါးမှုကို ထပ်ပြီး အစီရင်ခံ ညွှန်ပြခဲ့ကြပြန်သည်။
"ငွေကြေးလဲလှယ်မှုနှုန်း ဆိုးဝါးလာပြီး ပစ္စည်းပေးသွင်းမှုဆိုင်ရာ ပြဿနာများကြောင့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများမှာ ဖေဖေါ်ဝါရီလတွင် စိုးရိမ်ဖွယ်ရာ အရှိန်မြင့်လာခဲ့သည်။ 
တချိန်တည်းမှာ သုံးစွဲသူများ အကြားတွင် ငွေသား ပြတ်တောက်မှုများနှင့် ငွေရေးကြေးရေး စိုးရိမ်မှုများ ရှိနေခြင်းကြောင့် ပြည်တွင်း ဈေးကွက်ထဲက ရောင်းချမှုများ နှေးလာခဲ့ရသည်။
"မည်သို့ပင်ဖြစ်စေကာမူ ကုမ္ပဏီများသည် လာမည့် လများအတွင်းမှာ ထုတ်လုပ်မှု ပြန်တိုးတက်လာမည်ဟု မျှော်လင့်နေကြပြီး ထုတ်လုပ်မှုကို တိုးချဲ့ရန် ဝန်ထမ်းအသစ်များကို ဆက်လက် ငှားယူခဲ့ကြသည်။
“ထုတ်လုပ်ရေးကဏ္ဍသည် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်းမှာ ပြင်းထန်စွာ ထိုးနှက်ခံခဲ့ရသော်လည်း ကျဆင်းမှု နှုန်းမှာ နောက်ဆုံး လအနည်းငယ် အတွင်းတွင် အနည်းငယ် တည်ငြိမ်လာခဲ့ပါသည်။ ကုမ္ပဏီများက တိုးထုတ်လုပ်နိုင်ရန် ဆက်လက် မျှော်လင့်နေကြပြီး ထုတ်လုပ်မှုကို တိုးချဲ့ရန် ဝန်ထမ်းအသစ်များကိုဆက်လက် ငှားယူခဲ့ကြသည်။
“ထုတ်လုပ်ရေးကဏ္ဍသည် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင်းမှာ ပြင်းထန်စွာထိုးနှက်ခံခဲ့ရသော်လည်း ကျဆင်းမှု နှုန်းမှာ နောက်ဆုံး လအနည်းငယ် အတွင်းတွင် အနည်းငယ်တည်ငြိမ်လာခဲ့ပါသည်။ ကုမ္ပဏီများက တိုးထုတ်လုပ်နိုင်ရန် ဆက်လက် မျှော်လင့်နေကြသော်လည်း ပြည်တွင်း အခြေအနေများ တိုးတက်လာမှသာ ထိုသို့ဖြစ်လာနိုင်ပါမည်။”

 

 

တွက်ချက်နည်း 

IHS Markitမြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်သွင်းကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့်မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။
စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့်
‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ထို့နောက် အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။
အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။
PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- 
အော်ဒါသစ်များ (၃၀%)၊ 
ထုတ်လုပ်မှု (၂၅%)၊
အလုပ်နေရာ (၂၀%)၊
 ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
 သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။

 PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို ပြောင်းပြန်လှန်ပေးခြင်းဖြင့်  အခြား အညွှန်းများနှင့် နှိုင်းယှဉ်နိုင်သော လားရာဖြင့် ရွေ့ပါသည်။ 

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့်
အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။
ဒေတာကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၀ - ၁၈ ရက်များတွင် စုစည်းခဲ့သည်။
PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။
 

Industry Reviews Read 2105 times