မြန်မာ ထုတ်လုပ်မှု PMI လုပ်ကိုင်မှု အခြေအနေများ ၁၀ လအတွင်း အညင်သာဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာ


01 December, 2021

 မြန်မာ ထုတ်လုပ်မှု PMI လုပ်ကိုင်မှု အခြေအနေများ ၁၀ လအတွင်း အညင်သာဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာ


  • ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွက် ထုတ်ပြန်ထားသော IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ အစီရင်ခံစာတွင်  
  • မြန်မာ ထုတ်လုပ်မှု PMI™ လုပ်ကိုင်မှု အခြေအနေများ ဆယ်လအတွင်း အညင်သာဆုံး
  • နှုန်းဖြင့် ဆုတ်ယုတ်လာသည်ဟု ဆိုသည်။ 


အဓိက တွေ့ရှိချက်များ

အော်ဒါအသစ်များ နိုဝင်ဘာလအတွင်း အနည်းငယ်မျှသာ ကျဆင်းလာခြင်း
ကုန်ကြမ်းများနှင့် ဝန်ထမ်းများ ဆက်လက်ရှားပါးနေသောကြောင့် ထုတ်လုပ်မှု ဆက်တိုက်ကျဆင်းလာခြင်း
သွင်းကုန်နှင့် ထုတ်ကုန် ဈေးနှုန်းများ ဖောင်းကြွမှု ညင်သာလာသော်လည်း စစ်တမ်း၏ သမိုင်းတစ်လျှောက် နှိုင်းယှဉ်ကြည့်ပါက အခြားကာလများထက် မြင့်မားလျက် ရှိနေခြင်း


ဒေတာကို ၂၀၂၁ ပြည့်နှစ် နိုဝင်ဘာလ ၁၂-၂၁ ရက်များတွင် စုစည်းခဲ့သည်။


မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍသည် ယခုနှစ်၏ နောက်ဆုံး သုံးလပတ်တစ်လျှောက်လုံး လုပ်ငန်းလည်ပတ်မှု အခြေအနေများ နောက်ထပ်ဆုတ်ယုတ်လာကြောင်း ‌တွေ့ရပါသည်။
စစ်တပ်မှ အာဏာသိမ်းယူခဲ့ခြင်းနှင့် ကိုဗစ်-၁၉ အပြင် ကုန်ကြမ်း၊ ငွေကြေးနှင့် လုပ်သားအင်အား ရှားပါးမှုကြောင့် စက်မှုကဏ္ဍအပေါ်သို့ သက်ရောက်ခဲ့ပါသည်။
သို့သော်လည်း ကျဆင်းမှုနှုန်းမှာမူ သိသာစွာ အားပျော့လာခဲ့ပြီး ထုတ်လုပ်မှု၊အော်ဒါအသစ်များနှင့် အလုပ်ခန့်မှုဆိုင်ရာ ကျဆင်းမှုမှာ ယခုလတွင် ညင်သာလာကြောင်း ‌တွေ့ရပါသည်။
အခြားသောကဏ္ဍများတွင် ပစ္စည်းပေးသွင်းခများ မြင့်မားမှုကြောင့် ဖြစ်ပေါ်လာသည့် ကုန်ပစ္စည်းရှားပါးမှုများကြောင့် ကုန်ကျစရိတ်များ ထိုးတက်သွားသည်။ 
သို့သော်လည်း ထုတ်ကုန်နှင့် သွင်းကုန်ဈေးနှစ်ရပ်လုံး ဖောင်းပွမှု သိသိသာသာ အားပျော့သွားသည်။

အဓိက IHS Markit မြန်မာ ကုန်ထုတ်လုပ်မှု PMI™ အညွှန်းကိန်း (ကုန်ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်းမှာ)အောက်တိုဘာတွင် ၄၃.၃ ရှိခဲ့ရာမှ နိုဝင်ဘာတွင် ၄၆.၇ သို့ မြင့်တက်လာကြောင်း ‌တွေ့ရပါသည်။
သို့သော်လည်း အပြောင်းအလဲမရှိ အမှတ် ၅၀.၀ ထက် နိမ့်ကျနေဆဲဖြစ်သည်။
လုပ်ငန်းလည်ပတ်မှု အခြေအနေများမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှစပြီး လစဉ်ဆုတ်ယုတ်လာခဲ့သော်လည်း၊ ကျဆင်းမှုမှာ လေးလဆက်တိုက် အားနည်းခဲ့ပြီး ဇန်နဝါရီမှစ၍ အားအပျော့ဆုံးဖြစ်သည်။
မြန်မာနိုင်ငံတွင်း ကုန်စည်ထုတ်လုပ်သူများ၌ ကုန်ထုတ်လုပ်မှုပမာဏများမှာ နိုဝင်ဘာတွင် ဆက်လက်ကျဆင်းလာခဲ့သော်လည်း အရှိန်အဟုန်မှာ အားပျော့သွားသည်။ 
ကျဆင်းမှုကို ကုန်ကြမ်းရှားပါးမှု၊ ဝန်ထမ်းရှားပါးမှုနှင့် လက်ရှိဖြစ်ပေါ်နေဆဲ နိုင်ငံရေး အခြေအနေမတည်ငြိမ်မှုများနှင့် ဆက်စပ်နေကြောင်း ဖေါ်ပြကြသည်။
ယင်းအချိန်အတောအတွင်း အော်ဒါအသစ်များရရှိမှု အနည်းငယ်ကျဆင်းလာခဲ့ရာ၊ လက်ရှိ ၁၅-လကြာ ကျဆင်းမှု အစဉ်ထဲတွင် အားအပျော့ဆုံးဖြစ်ပြီး စစ်တမ်း၏ ရေရှည်ပျမ်းမျှထက် အားပျော့ခဲ့သည်။ 
လုပ်ငန်းလည်ပတ်မှုများ ပြန်စတင်မှုများ ရှိနေပြီး ပြန်အရှိန်ရလာကြောင်း အစီရင်ခံမှုများ ရှိပါသည်။
ဝယ်လိုအား အခြေအနေများ တိုးတက်လာနေကြောင်း လက္ခဏများ ရှိခဲ့သော်လည်း စရိတ်စကများ၏ ဖိအားပေးမှုများကြောင့် ကုမ္ပဏီများအနေဖြင့် သွင်းကုန်များ ဝယ်ယူရန်လက်တွန့်နေကြသည်။ 
ဝယ်ယူရေး လုပ်ငန်းများ ကျဆင်းမှုနှုန်းမှာ ပြင်းထန်ခဲ့သော်လည်း ယေဘုယျအားဖြင့် ယခင်စစ်တမ်းကာလတွင် မြင်ခဲ့ရသည်နှင့် တပြေးညီ ရှိခဲ့ပါသည်။ 
ကုမ္ပဏီများအနေဖြင့်လည်း အဆိုပါလအတွင်း စာရင်းဇယားများကို ပြန်ညှိရန် ဆက်လက်လုပ်ဆောင်နေပါသည်။
အလုပ်ခန့်မှု ပမာဏများ နိုဝင်ဘာတွင် တဖန်ကျလာခဲ့ပြန်ရာ နောက်ဆုံး ၂၂ လ အတွင်း ၂၁ လတွင် အလုပ်နေရာ ဖြတ်တောက်ခံခဲ့ရပါသည်။
ထုတ်လုပ်ရေး တောင်းဆိုမှုများ နိမ့်ကျလာပြီး အလုပ်သမားများ သူတို့၏ နေရပ်များသို့ ပြန်သွားကြကြောင်း အစီရင်ခံမှုများ ရှိသော်လည်း ဖြေကြားသူအများစုက အလုပ်သမားများသည် လစာပိုကောင်းသည့် နေရာများကို ရှာဖွေရန် မိမိတို့ဆန္ဒအလျောက် အလုပ်မှထွက်နေကြခြင်းကို ထောက်ပြခဲ့ကြသည်။
ခြုံပြောရလျှင် လျော့နည်းမှု နှုန်းမှာ သိသာသော်လည်း အောက်တိုဘာမှာ မြင်ခဲ့ရသည့်ထက် သိသာစွာ အားပျော့သွားခဲ့သည်။
ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့် သွင်းကုန်များ  ရရှိနိုင်မှုရှားပါးခြင်းကြောင့် နိုဝင်ဘာတွင် ပစ္စည်းပေးသွင်းမှုများ ရှေ့ဆက်ပြတ်တောက်ခဲ့ပါသည်။
သွင်းကုန်များအတွက် ပျမ်းမှုပေးသွင်းမှု အချိန်ကာလများမှာ သိသာစွာ ကြာရှည်လာခဲ့သည်။
နောက်ပိုင်းတွင် ကုမ္ပဏီများအနေနှင့် အထူးသဖြင့် ကျွမ်းကျင်လုပ်သားများနှင့် ကုန်ကြမ်းပစ္စည်းများကို ရှာဖွေရာတွင် အခက်အခဲများရှိနေသောကြောင်း လက်ကျန်အလုပ်များ ကျန်ရှိနေသည့် ပမာဏ တဟုန်ထိုး မြင့်တက်လာပါသည်။ 
လက်ကျန် အလုပ်များ တိုးလာခဲ့သည့်နှုန်းမှာ စစ်တမ်း၏ သမိုင်းထဲတွင် ဒုတိယ အများဆုံးဖြစ်ပြီး အောက်တိုဘာတွင် မြင်ခဲ့ရသည့်ထက်သာ ကျော်လွန်ပါသည်။
စရိတ်စကများ၏ ဖိအားပေးမှုများမှာ နိုဝင်ဘာတွင် ဆက်မြင့်တက်လာခဲ့သည်။ 
သွင်းကုန်စရိတ်များမှာ ဆယ့်လေးလ ဆက်တိုက် မြင့်တက်လာခြင်းဖြစ်ပြီး ၎င်းမှာ ကုန်ကြမ်းရှားပါးမှုအပြင်ဆီဈေးနှင့် ပို့ဆောင်ခနှုန်းများ မြင့်တက်လာခြင်းနှင့် တဖန်ဆက်စပ်နေပါသည်။
ငွေလဲနှုန်းအဆင်မပြေမှုများကိုလည်း ညွှန်ပြခဲ့ကြသည်။ 
သို့သော်လည်း ငွေကြေးဖောင်းပွမှုနှုန်းမှာ အောက်တိုဘာမှစ၍ သိသိသာသာ အားပျော့သွားခဲ့သည်။ 
သွင်းကုန်ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ကုမ္ပဏီများက မိမိတို့၏ ရောင်းဈေးများကို မြှင့်လာခဲ့ကြရသည်။ 
ထုတ်ကုန်ဈေးနှုန်းများ ဖောင်းပွမှုနှုန်းမှာ သမိုင်းတလျှောက် စံနှုန်းများအရ ပြင်းထန်ခဲ့သော်လည်း ယခုထက်ထိ ၂၀၂၁ အတွက် ပျမ်းမျှအတိုင်း ရှိနေပါသည်။

လာမည့် ၁၂ လဆီကို လမ်းမျှော်ကြည့်ရာတွင် ကုန်ထုတ်လုပ်သူတို့သည် ထုတ်လုပ်မှု တိုးလာမည်ဟု အကောင်းမြင်ကြသည်။ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် စီမံကိန်းများ ရှိနေကြ၍ ကုမ္ပဏီများ၏ အကောင်းမြင်မှုမှာ ဆယ်လအတွင်း အမြင့်ဆုံး ဖြစ်လာသည်။

 

 

သုံးသပ်ချက်

နောက်ဆုံးစစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel ပြောကြားခဲ့သည်မှာ -
"နိုဝင်ဘာလ၏ PMI ဒေတာက မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍအတွက် အားရစရာအချက်အချို့ ဖော်ပြခဲ့ပြီး ခေါင်းစီး အညွှန်းကိန်းသည် ဆယ်လအတွင်းအမြင့်ဆုံး ၄၆.၇ သို့ တက်သွားသည်။ 
ထိုသို့ တိုးတက်လာရသည့် အဓိကအကြောင်းရင်းမှာ အော်ဒါသစ်များ ကျဆင်းမှုနှုန်း အားပျော့လာခြင်းကြောင့်ဖြစ်ပြီး လာမည့်လအနည်းငယ်အတွင်း ရောင်းအား စတက်လာမည်ဟု အကြံပြုထားသည်။
"ခြုံပြီးပြောရလျှင် ဒေတာက တည်ငြိမ်ရေးဆီသို့ ရှေ့ရှုနေခြင်းကို ပြနေသော်လည်း ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ၏ နိုင်ငံတကာအပေါ် သက်ရောက်မှုများက ထုတ်လုပ်မှုအပေါ် ဆက်ဖိစီးနေချိန်မှာ ပစ္စည်းပေးသွင်းမှု ပြဿနာများနှင့် စရိတ်စကများ မြင့်တက်လာမှုပါ ပြင်းထန်လာနေသည်။ 
ထို့အပြင် ကုန်ကြမ်းနှင့် ဝန်ထမ်းပါ ရှားပါးမှုများ ရှိနေကြောင်း ခိုင်လုံသည့်အစီရင်ခံများရှိနေပြီး ကဏ္ဍအနေနှင့် ထုတ်လုပ်မှုတိုးလာရန် အားထုတ်ရာတွင် ရှေ့ဆက်ကျော်လွှားရမည့် အခက်အခဲများ ရှိနေကြောင်း အကြံပြုထားပါသည်။
"လက်ရှိတွင် မူဝါဒချမှတ်ကြသူတို့သည် နောက်ဆုံးဒေတာကြောင့် အားတက်ကြမည်မှန်သော်လည်း ဒေသအတွင်း ကုန်သွယ်ရေး အခြေအနေများ ခက်ထန်ပြီး စိုးရိမ်စရာများ ဆက်လက်ရှိနေဦးမှာ သေချာပါသည်။"


တွက်ချက်နည်း

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။

ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-

အော်ဒါသစ်များ (၃၀%)၊
ထုတ်လုပ်မှု (၂၅%)၊
အလုပ်နေရာ (၂၀%)၊
ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။

PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

IHS Markit အကြောင်း

IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။

နောက်ထပ် လေ့လာလိုပါက https://ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။


 

Industry Reviews Read 470 times