အိန္ဒိယ ဆံပင်ကုန်သွယ်ရေး မှောင်ခိုလမ်းကြောင်း ကြီးထွား


15 July, 2023

အိန္ဒိယ ဆံပင်ကုန်သွယ်ရေး မှောင်ခိုလမ်းကြောင်း ကြီးထွား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Hasina Bibi သည် တစ်နေ့လျှင် ငါးနာရီကြာ လူ့ဆံပင်များကို တမျှင်ချင်း ရှင်းထုတ်ကာ ခြောက်လက်မ (၁၅ စင်တီမီတာ) ထက် ပိုရှည်သော ဆံချည်မျှင်များကို ဆံထုံးများ ထုံးပေးသည်။ အလျား မမီသည့် ဆံချည်မျှင်များကို လွှင့်ပစ်သည်။  တစ်လလျှင် ဆံပင် ဆံထုံးနများ ၂၅ ကီလိုဂရမ်ခန့် ပြီးစီးပြီး ရူပီး ၇,၅၀၀ (၉၂ အမေရိကန်ဒေါ်လာ ) ရရှိသည်။

အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် မြို့တော် ကာလကတ္တားမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာ Habi Chak ရွာတွင် နေထိုင်သော အသက် ၃၅ နှစ်ရှိ Hasina Bibi က “စွန့်ပစ်တဲ့ လူ့ဆံပင်က တည်ငြိမ်တဲ့ ဝင်ငွေကို ပေးစွမ်းနိုင်တယ်ဆိုတာ ဘယ်တုန်းကမှ စိတ်မကူးမိခဲ့ပါဘူး"ဟု သူမက ပြောကြားသည်။ 

အိန္ဒိယနိုင်ငံ၏ လူ့ဆံပင် ပြည်ပတင်ပို့မှု၏ ထက်ဝက်နီးပါးကို ထုတ်လုပ်ပေးလျက်ရှိသည့်အိန္ဒိယ အရှေ့ပိုင်းပြည်နယ်ရှိ Bibi ကဲ့သို့သော ဆင်းရဲနွမ်းပါးသော အမျိုးသမီးများသည် ကျွမ်းကျင်မှုမရှိသော အလုပ်သမားများအဖြစ် လူ့ဆံပင်လုပ်ငန်းကဏ္ဍတွင် ပါဝင်လုပ်ကိုင်ပြီး  ဝင်ငွေရှာကြသည်။
အိန္ဒိယနိုင်ငံ၏ လူ့ဆံပင်လုပ်ငန်းကဏ္ဍသည် အကြမ်းအားဖြင့် ပမာဏ ကန်ဒေါ်လာ ၁ ဘီလီယံရှိသည်ဟု အိန္ဒိယနိုင်ငံ Human Hair and Hair Products Manufacturers and Exporters’ Association က ခန့်မှန်သည်။ 

ဆံထုံးများကို ဒေသိယ ဘာသာစကားဖြင့် goli သို့မဟုတ် chutti ဟု ခေါ်ဝေါ်ကြသည်။
ဆံပင် ကုန်သည်တို့က လုပ်သားများ ငှားရမ်းပြီး ဆံပင်များကို စံမီသည့် အရှည်ရှိသည့် ဆံချည်မျှင်များ ခွဲထုတ်ခြင်း၊ လျှော်ခြင်း၊ အလျားသတ်မှတ်ချက်များအရ အတန်းအစား သီးခြားခွဲထုတ်ခြင်း အစရှိသည့် ကုန်ကြမ်းသန့်စင်ရေးကို လုပ်ကိုင်ကြသည်။ 

၎င်းဆံပင်များကို တရုတ်၊ အမေရိကန်၊ ဥရောပနိုင်ငံများသို့ တင်ပို့သည်။ 

ယခင်က တရုတ်ကုမ္ပဏီများသည် အိန္ဒိယဆံပင် ကုန်သည်များထံမှ ဆံပင်များကို တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၂၀၀ ဝန်းကျင်ဖြင့် တိုက်ရိုက်ဝယ်ယူခဲ့သည်။
တရုတ်ကုမ္ပဏီများသည် ဆံပင်တုများ၊ ဆံပင်အဆက်များ၊ မျက်တောင်တုများ၊ ဆေးသုတ်စုတ်တံများ၊ မုတ်ဆိတ်အတုများနှင့် နှုတ်ခမ်းမွှေးအတုများကို ထုတ်လုပ်ပြီး ကမ္ဘာ့စျေးကွက်ထဲသို့ တင်ပို့ရောင်းချကြသည်။ 

ယခုအခါတွင် တရုတ်ကုမ္ပဏီများက တိုက်ရိုက်မဝယ်ကြတော့ချေ။ အဝယ်တော်များ ထားရှိပြီး အိန္ဒိယကုန်သည်များထံမှ ဆံထုံးများကို တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၆၀ မှ ၇၀ ဒေါ်လာအထိ ဈေးပေးပြီး ဝယ်ခိုင်းသည်။ ထို့နောက် အစိုးရကို အခွန်မဆောင်လိုသဖြင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မှောင်ခို ပေးပို့သည်။ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာနိုင်ငံသို့ မှောင်ခို ပေးပို့ပြီး တရုတ်ပြည်သို့ ဆက်လက်ပေးပို့သည်။ တရုတ်ပြည်တွင်လည်း မှောင်ခို တင်သွင်းသည်။ 
ယခုအခါ ဆံပင် ကုန်ချောထုတ်လုပ်သည့် အလုပ်ရုံများကို ဘင်္ဂလားဒေ့ရှ်တွင် ထားရှိသည်။ လုပ်သားခ သက်သာသောကြောင့် ဘင်္ဂလားဒေ့ရှ်တွင် လုပ်ကိုင်ခြင်း ဖြစ်သည်။ 

အိန္ဒိယသည် ဆံပင်အများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ပြီး ဒုတိယနေရာတွင် အင်ဒိုနီးရှားနှင့် တတိယနေရာတွင် တရုတ်နိုင်ငံတို့ ရှိနေသည်။ 
ဆံပင်တုနှင့် ဆံပင်များအတွက် ကမ္ဘာ့စျေးကွက်သည် ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃.၃ ဘီလီယံအထိ ရှိမည်ဟု ခန့်မှန်းထားသည်။

Source SCMP
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 386 times