HP လက်ပ်တော့ သန်းချီထုတ်လုပ်မှု   ထိုင်းနှင့် မက္ကဆီကိုတွင် စတင်မည်


19 July, 2023

HP လက်ပ်တော့ သန်းချီထုတ်လုပ်မှု   ထိုင်းနှင့် မက္ကဆီကိုတွင် စတင်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

HP သည် ယခုနှစ်အတွင်း ထိုင်းနှင့် မက္ကဆီကိုသို့  အိမ်သုံးနှင့် လုပ်ငန်းသုံး လက်ပ်တော့များ သန်းနှင့်ချီသော ထုတ်လုပ်မှုသို့ စတင်ရန်အတွက် အစိတ်အပိုင်း ပစ္စည်းအမျိုးမျိုး ပေးသွင်းသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

 အမေရိကန် ထိပ်တန်း ကွန်ပျူတာ ထုတ်လုပ်သူ HP ၏ တရုတ်ပြည် ပြင်ပ ထုတ်လုပ်မှုများအတွက်  ပထမဆုံးအကြိမ် ကြီးကြီးမားမား စတင်ခြင်း ဖြစ်ပါသည်။
 
ဈေးကွက်သို့  တကိုယ်ရေသုံး ကွန်ပျူတာ Personal Computer (PC)တင်ပို့သည့် အရေအတွက်အရ တရုတ်မှ Lenovo သည် အများဆုံး ဖြစ်ပြီး HP သည် ဒုတိယအများဆုံး ဖြစ်ပါသည်။ HP သည် ယမန်နှစ်က ကမ္ဘာတစ်ဝှမ်းတွင် PC ၅၅.၂ သန်း တင်ပို့ခဲ့ပါသည်။

 HP သည် လုပ်ငန်းသုံး Notebook ကွန်ပျူတာ ထုတ်လုပ်မှု အချို့ကို မက္ကဆီကိုတွင် စတင်ရန် စီစဉ်နေသည်။ အိမ်သုံး လက်ပ်တော့ ထုတ်လုပ်မှု အချို့ကို ထိုင်းတွင် စတင်ရန် စီစဉ်နေသည်။ ထို့ပြင် လက်ပ်တော့ ထုတ်လုပ်မှုအချို့ကို ဗီယက်နမ်တွင် နောက်နှစ်မှာ စတင်မည်။

ယခုနှစ် တရုတ်ပြည် ပြင်ပ ထုတ်လုပ်မှု အရေအတွက် ၅ သန်းအထိ ရှိမည်။

ထိုင်းနိုင်ငံတွင် HP ထုတ်လုပ်မှု စတင်ရန် လွယ်ကူချောမွေ့စေမည့် PC အစိတ်အပိုင်း ပစ္စည်းပေးသွင်းသူ အများအပြားရှိနေပြီးသား ဖြစ်သည်။

မက္ကဆီကိုတွင် ထုတ်လုပ်မှုသည် ကုမ္ပဏီ၏  အဓိကကျသည့် မြောက်အမေရိကဈေးကွက်သို့ ပေးပို့မည် ဖြစ်သည်။

အရှေ့တောင်အာရှနှင့် အခြားနေရာများတွင် ရှိပြီးသား လုပ်ငန်းများကို ချဲ့ထွင်နေပြီး မက္ကဆီကိုတွင်  notebook PC ထုတ်လုပ်မှုကို ထပ်ပေါင်းထည့်ခြင်းဖြစ်ကြောင်း HP က ပြောကြားသည်။


HP သည် လက်ပ်တော့ ထုတ်လုပ်ရန် တရုတ်ပြည် ချုံကင်းမြို့တွင် ၂၀၀၈ ခုနှစ်တွင် စတင်အခြေတည်ခဲ့သည်။ ပစ္စည်းပေးသွင်းသူများကို ချုံကင်းတွင် လုပ်ကိုင်စေပြီး ချုံကင်းကို လက်ပ်တော့ ထုတ်လုပ်မှု အချက်အချာ နေရာတစ်ခု အဖြစ်သို့ ရောက်ရှိစေခဲ့သည်။ Acer နှင့် Asus တို့ ချုံကင်းတွင် လက်ပ်တော့ ထုတ်လုပ်မှု စတင်ခဲ့ကြသည်။
ယခုအခါ Chongqing သည် တရုတ်နိုင်ငံ၏ PC တင်ပို့မှုအတွက် ထိပ်တန်းမြို့ဖြစ်သည်။

"တရုတ်သည် ကျွန်ုပ်တို့၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် ချုံကင်းရှိ ကျွန်ုပ်တို့၏ လုပ်ငန်းကဏ္ဍအတွက် လေးနက်စွာ သံန္နိဋ္ဌာန် ချထားပါသည်" ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Source asia nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 256 times