တောင်ကိုရီးယားတွင် စားသောက်ဆိုင်၊ ဟိုတယ်နှင့် ကွန်ဒို လုပ်ငန်းကဏ္ဍများ ပြည်ပလုပ်သား ပါမစ် ဧပြီလ စတင်


29 February, 2024

တောင်ကိုရီးယားတွင် စားသောက်ဆိုင်၊ ဟိုတယ်နှင့် ကွန်ဒို လုပ်ငန်းကဏ္ဍများ ပြည်ပလုပ်သား ပါမစ် ဧပြီလ စတင်လက်ခံမည်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

တောင်ကိုရီးယား အစိုးရသည် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနှင့် ကွန်ဒိုလုပ်ငန်းများတွင် နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်အကိုင်ပါမစ် လျှောက်လွှာများကို ဧပြီလမှစ၍ စတင်လက်ခံတော့မည်ဖြစ်သည်။

 

ယခုနှစ်တွင် ပြည်ပလုပ်သား အလုပ်အကိုင်ပါမစ် employment permit EPS ကို လုပ်ငန်းကဏ္ဍ ၄ ခု ထပ်တိုးပေးထားပါသည်။ 

ထပ်တိုးသည့် လုပ်ငန်းကဏ္ဍ ၄ ခုမှာ 

• စားသောက်ဆိုင်

• ဟိုတယ်နှင့် ကွန်ဒို

• သစ်တော

• သတ္တုတွင်း 

လုပ်ငန်းကဏ္ဍတို့ ဖြစ်ပါသည်။

 

၎င်းလုပ်ငန်းကဏ္ဍ ၄ ခုအနက် 

• စားသောက်ဆိုင်

• ဟိုတယ်နှင့် ကွန်ဒို

လုပ်ငန်းကဏ္ဍ နှစ်ခုအတွက် နိုင်ငံခြားသား အလုပ်သမားများ အလုပ်ခန့်ရန် ခွင့်ပြုချက်ကို  ဧပြီလမှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်သည်။

စားသောက်ဆိုင်များတွင် အကူလုပ်သားအဖြစ် ပြည်ပလုပ်သားကို အလုပ်ခန့်နိုင်မည် ဖြစ်သည်။

 

ဆိုးလ်၊ ဘူဆန်၊ ဂျေဂျူးကျွန်းနှင့် ဂမ်ဝမ်  ဒေသလေးခုရှိ ဟိုတယ်နှင့် ကွန်ဒိုများတွင် သန့်ရှင်းရေး၊ မီးဖိုချောင်အကူများအဖြစ် နိုင်ငံခြားအလုပ်သမားများကို အလုပ်ခန့်နိုင်မည် ဖြစ်ပါသည်။

 

သစ်တောနှင့် သတ္တုတွင်း လုပ်ငန်းကဏ္ဍ ၂ ခုအတွက် နိုင်ငံခြားသား အလုပ်သမားများ အလုပ်ခန့်ရန် ခွင့်ပြုချက်ကို  ဇူလိုင်လမှ စတင်၍ လျှောက်ထားနိုင်မည်ဖြစ်သည်

 

သစ်တောလုပ်ငန်းကဏ္ဍတွင် အပင်အသစ်များ ပြန်စိုက်ခြင်း၊ သစ်ခုတ်ခြင်း၊ ပျိုးပင် ပျိုးထောင်ခြင်းတိုအတွက် ပြည်ပလုပ်သားများကို အလုပ်ခန့်နိုင်မည် ဖြစ်သည်။ 

သတ္တုတွင်း လုပ်ငန်းကဏ္ဍတွင် တန‌ှစ်တာ ထုတ်လုပ်မှု တန်ချိန် ၁ သိန်းခွဲနှင့်အထက် ရှိသော လုပ်ငန်းများ၌သာ ပြည်ပလုပ်သားများကို အလုပ်ခန့်နိုင်မည် ဖြစ်သည်။ 

 

 အလုပ်သမား ရှားပါးမှုကို  ဖြေရှင်းပေးသည့်အနေဖြင့် အစိုးရက အလုပ်အကိုင်ပါမစ်စနစ်Employment Permit System EPS ဖြင့်  နိုင်ငံခြားအလုပ်သမားများအတွက် သက်မွေးပညာ တတ်ထားသူ မဟုတ်သော အလုပ်ဗီဇာ (E-9) အရေအတွက်ကို ယခုနှစ်တွင် ၁၆၅,၀၀၀ သို့ တိုးမြှင့်ထားပါသည်။ ယခင်နှစ်က ၁၂၀,၀၀၀ ရှိခဲ့ပါသည်။

အလုပ်အကိုင်ပါမစ် ခုရေ တိုးခြင်းအပြင် အလုပ်အကိုင်ပါမစ် လျှောက်ထားနိုင်သည့် လုပ်ငန်းကဏ္ဍများလည်း ထပ်တိုးခဲ့ပါသည်။

 

ကိုရီးယားနိုင်ငံတွင် ကလေးမွေးဖွားနှုန်း ကျဆင်းနေသည့်အတွက် အလုပ်လုပ်နိုင်သည့် လူဦးရေ လျော့နည်းလာနေသည်ကို ထေအိစေရန်  နိုင်ငံခြားသား အလုပ်သမားများကို ပိုမိုဆွဲဆောင်ရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဧည့်ဝတ်ပြုခြင်းလုပ်ငန်းကဏ္ဍတွင် အလုပ်သမားရှားပါးမှုကို ဖြေရှင်းရန် ရည်ရွယ်ပါသည်။

 

Source koreatimes 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Labour Affairs Read 198 times