၂၀၂၄ ခုနှစ် ကမ္ဘာ့ဩဇာအရှိဆုံး နိုင်ငံကူး လက်မှတ်များ


15 January, 2024

၂၀၂၄ ခုနှစ် ကမ္ဘာ့ဩဇာအရှိဆုံး နိုင်ငံကူး လက်မှတ်များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ထုတ်ပြန်သည့် ဟင်နလီ နိုင်ငံကူးလက်မှတ် အညွှန်း Henley Passport Index အရ ၂၀၂၄ ခုနှစ်တွင် စင်ကာပူ နိုင်ငံကူးလက်မှတ်သည် ကမ္ဘာ့ဩဇာအရှိဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်သော်လည်း ပထမနေရာကို အခြား ၅ နိုင်ငံနှင့်အတူ ပူးတွဲ နေရာယူသည်။
သို့ဖြစ်ရာ ပထမနေရာတွင် ရောက်ရှိနေသည့် ၆ နိုင်ငံမှာ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ စင်ကာပူနှင့် စပိန်တို့ ဖြစ်သည်။ ၎င်းနိုင်ငံများမှ နိုင်ငံကူးလက်မှတ်များသည် နိုင်ငံများနှင့် နယ်မြေများ ၂၂၇ ရှိသည့်အနက် ၂၂၇ နေရာသို့ ဗီဇာ လျှောက်ထား ရယူရန် မလိုအပ်ဘဲ ဝင်ရောက်နိုင်သည်။

၂၀၂၃ ခုနှစ်တွင် စင်ကာပူသည် နိုင်ငံပေါင်း ၁၉၂ ခု  ဗီဇာကင်းလွတ်ခွင့် ရရှိထားပြီး ထိပ်ဆုံးနေရာကို ရရှိခဲ့သည်။ဂျာမနီ၊ အီတလီနှင့် စပိန်တို့က ၁၉၀ ဖြင့် ဒုတိယ နေရာကို ရရှိသည်။ 

Henley Passport Index သည် International Air Transport Association IATA မှ ရရှိသည့် ဒေတာအပေါ် အခြေခံထားပါသည်။ 
နိုင်ငံကူးလက်မှတ် ၁၉၉ ခုကို ဩဇာရှိသည့် အဆင့်သတ်မှတ်ပြီးစာရင်းပြုစုပေးထားသည်။ 

 

၂၀၂၄ တွင် မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၉၃ ၊ ၂၀၂၁ ခုနှစ်တွင် အဆင့် ၁၀၂၊ ၂၀၂၂ ခုနှစ်တွင် အဆင့် ၉၇၊ ၂၀၂၃ ခုနှစ်တွင် အဆင့် ၉၆၊ ၂၀၂၄ ခုနှစ်တွင် အဆင့် ၉၂ ဖြစ်ပါသည်။
နိုင်ငံပေါင်း ၄၈ ခု ဗီဇာကင်းလွတ်ခွင့် ရရှိထားပါသည်။ ဗီဇာ ကင်းလွတ်ခွင့်ရ နှင့် ကင်းလွတ်ခွင့်မရ နိုင်ငံစာရင်း အပြည့်အစုံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။ 


 

 

 

မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် (မနလ)

ဗီဇာ ကင်းလွတ်ခွင့်ရ နှင့် ကင်းလွတ်ခွင့်မရ နိုင်ငံစာရင်း အပြည့်အစုံ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 387 times