ထိုင်းဆေးခြောက်ပြပွဲ ဘတ် ၅ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်မည် မျှော်မှန်း


13 November, 2022

ထိုင်းဆေးခြောက်ပြပွဲ ဘတ် ၅ဘီလီယံဖိုး အရောင်းအဝယ်ဖြစ်မည် မျှော်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 ယခုလကုန်မှာ ဘန်ကောက်တွင် ပြုလုပ်မည့် ထိုင်းနိုင်ငံ လုပ်ငန်းသုံး ဆေးခြောက် ကုန်သွယ်မှုအသင်း Thai Industrial Hemp Trade Association (TIHTA) က ကြီးမှူးကျင်းသမည့် ဆေးခြောက်လျှော် ရောင်းဝယ်ရေးပြပွဲအတွင်း ဘတ်ငွေ ၅ ဘီလီယံခန့် တန်ဖိုးရှိ အရောင်းအဝယ် သဘောတူညီချက်များ ပြုလုပ်နိုင်မည်ဟု ၎င်းအသင်းက မျှော်မှန်းထားသည်။


 Asia International Hemp Expo 2022 ဆေးခြောက်ပြပွဲကို နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၄ ရက်အထိ ပြသမည်ဟု TIHTA ဥက္ကဋ္ဌ Pornchai Padmindra က ပြောကြားသည်။
ပြပွဲ၏ ဆောင်ပုဒ်မှာ “အားလုံးအတွက် ဆေးခြောက်” “Hemp for All” ဖြစ်သည်။ 
ပြပွဲနှင့်အတူ ဒုတိယအကြိမ်မြောက် International Hemp Environmental Forum ကိုလည်း ကျင်းပမည်။
 

 

ထိုင်းနိုင်ငံတွင် ဆေးခြောက်လုပ်ငန်းကဏ္ဍကို ၂၀၂၁ အစောပိုင်းတွင် တရားဝင် စတင်ခဲ့သည်။ ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှု စီးပွားဖြစ် လုပ်ငန်းများအပြင် စားသောက်ကုန်၊ အဖျော်ယမကာ၊ ဖက်ရှင်ပစ္စည်းများတွင်လည်း အသုံးပြုခဲ့ရာ ထိုင်းနိုင်ငံ ဆေးခြောက်လုပ်ငန်းကဏ္ဍသည် ဘတ် ၃ ဘီလီယံမှ ၅ ဘီလီယံအထိ ဝင်ငွေ ရရှိသည်။ 

 


.
“လောလောဆယ်မှာ ကမ္ဘာ့ဈေးကွက်မှာ ဆေးခြောက်နဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေရဲ့တန်ဖိုးက ဘတ် တစ်ထရီလီယံနီးပါး ရှိပါတယ်” ဟု Pornchai က ပြေကြားသည်။
Source The Nation Thailand
 

Agriculture & Livestock Read 1429 times