ဗီယက်နမ် မြို့တော် ဟနွိုင် လမ်းမီး လျှော့ထွန်း


06 June, 2023

 ဗီယက်နမ် မြို့တော် ဟနွိုင် လမ်းမီး လျှော့ထွန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်မြို့တော် အပူလှိုင်းအတွင်း စွမ်းအင်လောက်ငစေရန် လမ်းမီးများ လျှော့ချထားသည်။

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းရှိ အာဏာပိုင်များသည် နိုင်ငံတွင်း အပူချိန်များ စံချိန်တင် မြင့်တက်နေချိန်တွင် နိုင်ငံတော် ဓာတ်အားစနစ် ဝန်အား မနိုင်မနင်း မဖြစ်စေရန် လမ်းမီးများကို ပိတ်ထားကြသည်။

လေအေးပေးစက်များ သုံးစွဲမှု  မြင့်တက်လာခြင်းသည် နိုင်ငံတော်ဓာတ်အားလိုင်းအတွက် ဝန်ထုပ်ဝန်ပိုးတိုးနေကြောင်း နိုင်ငံပိုင် Vietnam Electricity (EVN) မှ ပြောကြားခဲ့သည်။

ဟနွိုင်းသည်လမ်းမီးများကို  ပုံမှန်ထက် နာရီဝက်ခန့် နောက်ကျပြီးမှ  ဖွင့်ပြီး ပုံမှန်ထက် နာရီဝက်ခန့်  စောပြီး ပိတ်သည်။ အဓိက လမ်းအချို့နှင့် အများပြည်သူ ပန်းခြံများတွင် ထက်ဝက်လျှော့ချပြီး မီးထွန်းသည်။

 လူထုကိုလည်း လေအေးပေးစက်ကို 26°C အထက်မှာ ချိန်ထားရန်၊ လျှပ်စစ်ပစ္စည်းများ အသုံးမပြုသည့်အချိန်တွင် ပလပ်ဖြုတ်ထားရန်ညွှန်ကြားထားသည်။

Source: Reuters
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 463 times