အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း နိုင်ငံအဆင့်အတန်းတွင် မြန်မာနိုင်ငံ ပါဝင်


08 July, 2023

အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း နိုင်ငံအဆင့်အတန်းတွင် မြန်မာနိုင်ငံ ပါဝင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ကမ္ဘာ့ဘဏ်က ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်တွင်  ၂၀၁၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် နိုင်ငံ့စီးပွားရေး အတန်းအစား သတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း နိုင်ငံအဆင့်အတန်းတွင် ပါဝင်ပါသည်။


ကမ္ဘာ့ဘဏ်သည် နှစ်စဉ် ဇူလိုင်လ ၁ ရက်တွင် ပြီးခဲ့သည့် ပြက္ခဒိန်နှစ်မှ တစ်ဦးချင်းအရ အမျိုးသားဝင်ငွေ စုစုပေါင်း  gross national income (GNI)ကို အခြေခံပြီး နိုင်ငံ့စီးပွားရေး အတန်းအစားကို ထုတ်ပြန်ပါသည်။ ယခုနှစ် ဇူလိုင်လ ၁ ရက် ထုတ်ပြန်ချက်သည် ၂၀၂၄ ခုနှစ် ဇွန်လကုန်အထိ အတည်ဖြစ်ပါသည်။

 

 

ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အရ တစ်ဦးချင်းအရ GNI $1,136 မှ $4,465 အထိသည်  အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း နိုင်ငံအဆင့်အတန်းအတွင်းတွင် ကျရောက်နေသည်။


အရှေ့တောင်အာရှတွင် အလယ်အလတ်ဝင်ငွေ အနိမ့်ပိုင်း အဆင့်အတန်း နိုင်ငံများမှာ
ဖိလစ်ပိုင် (ဒေါ်လာ ၃၉၅၀)၊
မြန်မာ (ဒေါ်လာ ၁၂၁၀)၊ 
ကမ္ဘောဒီးယား (ဒေါ်လာ ၁၇၀၀)၊ 
တီမောလက်စ်တီ (ဒေါ်လာ ၁,၉၇၀)၊ 
လာအို (ဒေါ်လာ ၂,၃၆၀) နှင့် 
ဗီယက်နမ် (ဒေါ်လာ ၄,၀၁၀) 
တို့ ဖြစ်ပါသည်။

အရှေ့တောင်အာရှတွင် အလယ်အလတ်ဝင်ငွေ အမြင့်ပိုင်း အဆင့်အတန်း နိုင်ငံများမှာ
အင်ဒိုနီးရှား (ဒေါ်လာ ၄၅၈၀)၊
ထိုင်း (ဒေါ်လာ ၇၂၃၀) နှင့် 
မလေးရှား (ဒေါ်လာ ၁၁၇၈၀)
တို့ ဖြစ်ပါသည်။

ဘရူနိုင်း (ဒေါ်လာ ၃၁,၄၁၀) နှင့် စင်္ကာပူ (၆၇,၂၀၀ ဒေါ်လာ) တို့သည် ၀င်ငွေမြင့်မားသော နိုင်ငံများ ဖြစ်ပါသည်။


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Industry Reviews Read 357 times