Grab က အများဆုံးပိုင်ဆိုင်သည့် GXS ဘဏ်မှ ဒီဂျစ်တယ်ချေးငွေ စတင် ထုတ်ချေး


27 April, 2023

 

စင်္ကာပူအခြေစိုက် Grab မှ အများဆုံးပိုင်ဆိုင်သည့် GXS ဘဏ်သည် လိုက်လျောညီထွေရှိသော ဒီဂျစ်တယ် ငွေကြေးဝန်ဆောင်မှု စျေးကွက်ကို ဖမ်းစားနိုင်ရန် ရည်ရွယ်၍ ဧပြီလ ၂၅ ရက်နေ့ ( အင်္ဂါနေ့ ) က စတင်ပြီး Flexi Loan စင်္ကာပူဒေါ်လာ ၂၀၀ ( ဒေါ်လာ ၁၅၀ ခန့် ) ချေးငွေကို ထုတ်ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

 

GXS App တွင် အနည်းငယ်နှိပ်ရုံဖြင့် ငွေချေးသူများသည် အနည်းဆုံး နှစ်လအထိ သက်တမ်းရှိသည့် ချေးငွေများကို လွယ်ကူစွာ လျှောက်ထားနိုင်ပြီး ပြန်ဆပ်ရမည့် ချေးငွေများကို အပြည့်အဝ တစ်ခါထဲ ပြန်ဆပ်ရန် မလိုဘဲ နည်းနည်းစီ ပြန်ဆပ်နိုင်သည်ဟု ဒစ်ဂျစ်တယ်ဘဏ်က ဆိုသည်။

 

GXS ၏ CEO ဖြစ်သူ Charles Wong က " မိမိ ချေးလိုတဲ့ ငွေပမာဏနဲ့ ချေးယူတဲ့ အချိန်ကာလကို ထိန်းချုပ်နိုင်ပါတယ်။ " ဟု မိတ်ဆက်ပွဲတွင် သတင်းထောက်များအား ပြောသည်။ " မိမိအနေနဲ့ ချေးငွေ မလျှောက်ထားခင်မှာ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ အချက်အလက်အားလုံးကို ကြိုသိနိုင်ပါတယ်။ " ဟု ဆက်လက် ပြောကြားခဲ့သည်။

 

GXS Flexi Loan ၏ အတိုးနှုန်းသည် တစ်နှစ်လျှင် ၃.၈ ရာခိုင်နှုန်းမှ စတင်ပြီး ငွေချေးသူများ၏ ပြည်တွင်းချေးငွေရမှတ်များနှင့် GXS ၏ တခြား ကျောထောက်နောက်ခံ ဘဏ်တစ်ခုဖြစ်သည့် Singtel တို့၏ လုပ်ငန်းလည်ပတ်မှု အခြေအနေပေါ် မူတည်၍ ပေါင်းစပ်အတိုးနှုန်း ၇.၁၅ ရာခိုင်နှုန်းအထိ ပေးဆောင်ရမည် ဖြစ်သည်။

 

ပုံမှန်ဘဏ်ချေးငွေများနှင့် မတူဘဲ အတိုးနှုန်းကို နေ့စဉ်တွက်ချက်ပြီး သတ်မှတ်ရက်တွင် ကျန်ရှိသော ချေးငွေလက်ကျန်ပေါ်တွင်သာ ကောက်ခံသည့်အတွက် ၎င်းတို့၏ ချေးငွေကို စောစောပြန်ဆပ်နိုင်သည့် ဖောက်သည်များအနေဖြင့် ဘဏ်ကို ပေးရသည့် အတိုးနှုန်း ပိုမို နည်းပါးစေမည် ဖြစ်သည်။

 

Advertisement

Click Here > Tharaphu

 

ဘဏ်၏ Head of Credit Products ဖြစ်သူ Jenn Ong က ကမ်းလှမ်းထားသည့် ချေးငွေအမျိုးအစားများစွာ ရှိသော်လည်း အချို့သော ငွေချေးသူများသည် လျှောက်လွှာလုပ်ငန်းစဉ်များအတွက် ဖြည့်ဆည်းရန် လိုအပ်ချက်များကြောင့် အဟန့်အတား ဖြစ်နေသေးသည်ဟု ဆိုသည်။

 

သို့ရာတွင် " ငွေချေးသူတွေဟာ သူတို့အတွက် ငွေရေးကြေးရေး အခက်အခဲတွေ ရင်ဆိုင်ရတဲ့အခါ လိုအပ်တဲ့ ပြင်ဆင်မှုတွေကို သိရှိ လုပ်ဆောင်ရပါလိမ့်မယ်၊ အထူးသဖြင့် ချေးငွေအတိုးနှုန်း၊ တခြားရှိနိုင်တဲ့ ဝန်ဆောင်မှုကြေးတွေနဲ့ ယူနိုင်မယ့် ချေးငွေပမာဏကို “ ဟု Jenn Ong က ပြောသည်။

 

Grab မှ ၆၀ ရာခိုင်နှုန်းနှင့် Singtel မှ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် GXS သည် မြို့တော်-နိုင်ငံတော်ဗဟိုဘဏ်ဖြစ်သော Singapore Monetary Authority of Monetary Authority of Singapore မှ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းလိုင်စင်ကို အပြည့်အဝ ရရှိပြီးနောက် ယမန်နှစ်က လုပ်ငန်းစတင်ခဲ့ခြင်း ဖြစ်သည်။

 

GXS သည် ဩဂုတ်လတွင် ၎င်း၏ဘဏ်လုပ်ငန်းကို စတင်ခဲ့ပြီး ၎င်း၏ ပုံမှန်ငွေစုအကောင့်များတွင် ချွေတာသောအတိုး ၀.၀၈ ရာခိုင်နှုန်းနှင့် ၎င်း၏ "Save Pockets" အကောင့်များဖြစ်သည့် ပုံသေအပ်ငွေ အမျိုးအစားဖြစ်သည့် ၃.၄၈ ရာခိုင်နှုန်းကို ပေးခဲ့သည်။ ၎င်းသည် အနည်းဆုံး လက်ကျန်ငွေ သို့မဟုတ် အကောင့်ထိန်းသိမ်းမှု အခကြေးငွေကို ပေးဆောင်ရန် မလိုအပ်ပါ။

 

လက်ရှိတွင် ဒစ်ဂျစ်တယ်ဘဏ်၏ သုံးစွဲသူများသည် စျေးကွက်ထဲသို့ မကြာသေးမီက ဝင်ရောက်မှုကြောင့် Grab နှင့် Singtel သုံးစွဲသူများအတွက်သာ ကန့်သတ်ထားသည်။ MAS သည် ၎င်း၏ စုစုပေါင်းအပ်ငွေများအတွက် စင်္ကာပူဒေါ်လာ သန်း (၅၀) နှင့် ၎င်း၏ လိုင်စင်စည်းကမ်းချက်များ၏ တစ်စိတ်တစ်ပိုင်းအဖြစ် တစ်ဦးချင်းတစ်ဦးလျှင် စင်္ကာပူဒေါ်လာ ၇၅,၀၀၀ သတ်မှတ်ထားသည်။ 

 

စီအီးအို Wong က GXS ငွေစုအကောင့်များသည် စာရင်းသွင်းမှု များပြားနေပြီး ကုမ္ပဏီသည် စောင့်ဆိုင်းစာရင်းကို လုပ်ဆောင်နေရသည်ဟု ဆိုသည်။ GXS သည် ၎င်း၏ တိုးတက်မှုကို ပြန်လည်သုံးသပ်ရန် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့် လုပ်ဆောင်နေပြီး MAS မှ အပ်ငွေထုပ်ကို အမြန်ဆုံးမြှင့်တင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Banking & Loan Read 330 times