Goldpetrol ချောက်ရေနံမြေ တွင်းသစ် စတူး


06 January, 2023

Goldpetrol ချောက်ရေနံမြေ တွင်းသစ် စတူး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဆက်လက်လုပ်ကိုင်နေသည့် ရေနံတွင်းတူးလုပ်ငန်း အနည်းငယ်မျှတွင် ပါဝင်သော Goldpetrol သည် ချောက်ရေနံမြေတွင် တွင်းသစ်တစ်တွင်း စတင်တူးကြောင်း စင်ကာပူ ကုမ္ပဏီ  Interra Resources က ထုတ်ပြန်ကြေညာပါသည်။
 ၎င်း၏ ဖက်စပ်လုပ်ငန်း Goldpetrol Joint Operating Company သည် ချောက်ရေနံမြေတွင် တွင်းအမှတ် CHK 1238 ကို အနက်ပိုင်းမှ ရေနံသိုက်အထိ  ၄၆၅၀ ပေ တူးမည် ဖြစ်ပါသည်။

တွင်းအမှတ် CHK 1238 တူးဖော်ခြင်းသည် ရက်သတ္တပတ် ၆ ပတ် ကြာမြင့်မည် ဖြစ်ပြီး တူးဖော်ပြီးစီးပါက မြေအောက်ရေနံသိုက် အခြေအနေကို သိရမည် ဖြစ်ပါသည်။

Interra Resources သည် Chauk Improved Recovery Contract တွင် ၆၀% ပိုင်ဆိုင်ပြီး Goldpetrol တွင်လည်း ၆၀% ပိုင်ဆိုင်ပါသည်။
Source upstream online 
 

Energy News Read 3147 times