စက်တင်ဘာလ ၃၀ ရွှေစျေးနှုန်း ပြန်လည်ကျဆင်းခဲ့ပြီး ကျပ်၂၀၂၀၀၀၀ သို့ရောက်ရှိ


30 September, 2021

စက်တင်ဘာ ၃ဝရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၃၃ဝန်းကျင်ရှိပြီး  ကျပ် ၂၂၅၀၀၀၀ ဝန်းကျင်သို့ စံချိန်တင်   ရောက် ရှိခဲ့သည့် ပြည်တွင်းရွှေစျေးနှုန်းမှာ ကျပ် ၂၀၂၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ စက် တင်ဘာ ၃၀ ရက်တွင် ပြည်တွင်းရွှေစျေး နှုန်း များမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ၂၀၃၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေ စျေးနှုန်းမှာ ၁၈၆၃၅၀၀ ဝန်းကျင်ရှိနေခြင်း ဖြစ်သည်။

စက်တင်ဘာ ၃၀ ရက်တွင်  ကမ္ဘာ့ရွှေ စျေး ဒေါ်လာ ၁၇၃၂ ဝန်းကျင်ရှိပြီး ယခင်နေ့များက ကျပ် ၂၂၀၀၀၀၀ အထက်သို့ ရောက် ရှိခဲ့သည့် ပြည်တွင်းရွှေစျေးမှာ ၂၀၃ဝဝဝဝဝန်းကျင်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိ ရသည်။ စက်တင်ဘာ၂၇ ရက်တွင် ပြည်တွင်း   ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေ စျေးနှုန်းမှာ ၂၀၂၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၈၅၉၀၀၀ ဝန်းကျင်ရှိ နေခြင်းဖြစ်သည်။

ဇွဲထက်ရွှေဆိုင်မှ ရွှေစျေးသိန်း ၂၀ အထက်သို့ ရောက်ရှိလာပြီးနောက် ပြန် ဝယ်ဦးစားပေးစနစ်ဖြင့် ပြန်လည်ဝယ်ယူပေး နေကြောင်း ယင်းဆိုင်၏ ဖေ့ဘုတ်စ်စာမျက် နှာတွင် အသိပေးကြေညာထားသည်။

news-eleven.com

Local News Read 874 times