ရွှေဈေးနှုန်း သတ်မှတ်ရေးလုပ်ငန်းအဖွဲ့  ဖွဲ့စည်းမည်


19 March, 2023

ရွှေဈေးနှုန်း သတ်မှတ်ရေးလုပ်ငန်းအဖွဲ့  ဖွဲ့စည်းမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဦးစီးဦးဆောင်ပါဝင်ပြီးဌာနဆိုင်ရာအသီးသီးမှကိုယ်စားလှယ် အဖွဲ့များပါဝင်သည့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်း ကော်မတီသည်ပြည်တွင်းရွှေဈေးကွက်နှင့်ပတ်သက်၍ ရွှေဈေးသတ်မှတ်ပုံ၊ စံချိန်စံနှုန်း အရည် အသွေးနှင့် ရွှေသန့်စင်ထုတ်လုပ်မှုကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်တွင်း၌ ရွှေဈေးနှုန်းတွက်ချက်မှုသည် ကမ္ဘာ့ရွှေဈေးကွက်များ၌ အရောင်းအဝယ်ပြုလုပ်သကဲ့သို့ စံသတ်မှတ်ထားသည့် အလေးချိန်တွက်ချက်မှု၊ ရွှေသန့်စင်မှု အရည်အသွေးများ စနစ်တကျတွက်ချက်အခြေခံထားမှုမရှိဘဲ မိရိုးဖလာတွက်ချက်နည်းများဖြင့် လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများတွင် နေ့စဉ်ဖြစ်ပေါ်လျက်ရှိသည့်ဈေးနှုန်း၊ ကမ္ဘာ့ရွှေဈေးနှုန်း၊ အမေရိကန်ဒေါ်လာဈေး၊ ထိုင်းဘတ်ဈေး၊ တရုတ်ယွမ်ဈေးတို့ဖြင့်လည်းကောင်း၊ ကောလဟလ သတင်းတို့ဖြင့်လည်းကောင်း ရွှေဈေးနှုန်းအမျိုးမျိုး သတ်မှတ်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် မြန်မာ့ ရွှေကိုနိုင်ငံခြားသို့တင်ပို့ခြင်း၊ရောင်းဝယ်ခြင်းပြုလုပ်ရာတွင် ပိုမိုထိရောက်စေရန်အတွက်လည်းကောင်း၊ ပြည်တွင်း၌လည်း ဝယ်ယူရင်းနှီးမြှပ်နှံသူများ စိတ်ချရသည့် အရည်အသွေးစံသတ်မှတ်ချက်များ၊ အလေးချိန်စံသတ်မှတ်ချက်များ သတ်မှတ်နိုင်ရေး၊ လိုင်စင်မရှိဘဲရောင်းဝယ်နေမှုများကို ဥပဒေ နှင့်အညီအရေးယူနိုင်ရေး၊ ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့်  ရောင်းဝယ်နေမှုများပပျောက် စေရေးတို့ကိုဆွေးနွေးခဲ့ကြောင်းနှင့် ပြည်တွင်း ရွှေဈေးကွက်အတွက် အခြေခံကျသည့် နိုင်ငံတကာ အဆင့်မီ အလေးချိန် စံချိန်စံနှုန်းများ သတ်မှတ်ရေး၊ ရွှေဈေးနှုန်းတွက်ချက်သည့်နည်းစနစ်များနှင့် အရည်အသွေးဆိုင်ရာ သတ်မှတ်ရေးအတွက် လုပ်ငန်းအဖွဲ့များဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source CBM

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 281 times