ရွှေတွင် ယာယီရင်းနှီးမြှုပ်နှံမှု များသဖြင့် ရွှေဈေးမြင့်တက်


05 December, 2023

ရွှေတွင် ယာယီရင်းနှီးမြှုပ်နှံမှု များသဖြင့် ရွှေဈေးမြင့်တက်

အမေရိကန် ဗဟိုဘဏ်အဖြစ် ရပ်တည်သည့် Federal Reserve (Fed) က ငွေကြေးဖောင်းပွမှုကို တိုက်ခိုက်ရန် အတိုးနှုန်းကို အကြိမ်ကြိမ် မြှင့်တင်ခဲ့ရာမှ ယခုအခါ အတိုးနှုန်း မြှင့်တက်မှု အဆုံးသတ်ပြီလို့ ယူဆရပြီး လာမည့် ၂၀၂၄ မှာ အတိုးနှုန်း ပြန်လျှော့ချလိမ့်မည်ဟု ဈေးကွက်က တွက်ဆသဖြင့် ဒေါ်လာ အားပျော့သွားပြီး ရွှေဈေး မြင့်တက်သည်။ ကြိုပွိုင့်ဈေးနှုန်း တစ်အောင်စလျှင် US$ 2,100 အထက် မြင့်တက်သွားသည်။ Bitcoin စျေးနှုန်းသည် တနင်္လာနေ့နံနက်တွင် $40,000 ကျော်သွားသည်။ 

လာမည့်နှစ်ကို မျှော်ကြည့်ရာမှာ ပထဝီဝင်နိုင်ငံရေး၊ ဦးဆောင်နိုင်ငံများတွင် ရွေးကောက်ပွဲများ ရှိသဖြင့် ရွေးကောက်ပွဲကာလတွင် စီးပွားရေးအတွက် အရေးပါသည့် ကိစ္စရပ်များ ဆိုင်းငံ့ထားကြရလေ့ရှိခြင်း၊ 
အဓိက နိုင်ငံ့စီးပွားရေးများ ကျဆင်းဖို့ ဖြစ်နိုင်ခြေ ရှိနေခြင်းတို့ကြောင့် လုံခြုံသောဥစ္စာဖြစ်သော ရွှေတွင် ယာယီအားဖြင့် ရင်းနှီးမြုပ်နှံမှုပြုပြီး အခြေအနေကို စောင့်ကြည့်ကြသဖြင့် နောက်နှစ်အတွက် ကြိုပွိုင့် ဝယ်လိုအား များလာစေသည်။
လာမည့်နှစ် ဖေဖော်ဝါရီလအတွက် ကြိုပွိုင့် အရောင်းအဝယ် စာချုပ်များတွင် တနင်္လာနေ့နံနက်မှာ ရွှေဈေး ဒေါ်လာ ၁၆.၇၀ ( ၀.၈၀%) မြင့်တက်ကာ ရွှေတစ်အောင်စလျှင် ဒေါ်လာ ၂,၁၀၆.၄၀ သို့ မြင့်တက်ခဲ့သည်။

Fed ဥက္ကဋ္ဌ Jerome Powell က အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းတက်ခြင်းကို ရပ်တန့်နိုင်သည်ဟု အရိပ်အမြွက် ပြောပြပြီးနောက် ရွှေဈေး မြင့်တက်သွားခဲ့သည်။ Bitcoin စျေးနှုန်းကိုပါ ဆွဲတင်သွားခဲ့သည်။ ဒေါ်လာ အားပျော့သွားသည်။ ဒေါ်လာဖြင့် ချုပ်ဆိုထားသည့် အာမခံငွေချေးစာချုပ်များသည်လည်း Fed က အတိုးနှုန်း‌ေလျှာ့ချလျှင် လျှော့ချသည့်အလျောက် စာချုပ်များမှ ရမည့် အတိုးနှုန်း လျော့ကျဖွယ်ရှိနေသည်။ သို့ဖြစ်ရာ ရွှေဘက်သို့ ဦးလှည့်ကြသဖြင့် ရွှေဝယ်လိုအား များလာပြီး ရွှေဈေး မြင့်တက်သည်။
အစ္စရေး ဟားမတ်စ် စစ်ပွဲကလည်း အရှိန်ပြန်တက်သည်။
သို့ဖြစ်ရာ ရွှေဈေးန‌ှုန်းများသည် လက်ငင်း ပေါက်ဈေးနှုန်း၊ ကြိုပွိုင့် ပေါက်ဈေးနှုန်းများ မြင့်တက်သည့် လမ်းကြောင်းပေါ် ရောက်ရှိနေသည်။
ဝယ်ဖို့ အင်တင်တင် ဖြစ်စေသည့် ရေချိန် resistance level  $2,050 ကို နိုဝင်ဘာလ ၃ ရက်တွင် ထွင်းဖောက်ပြီး မြင့်တက်သွားခဲ့သည်။ နောက်ထပ် resistance level အသစ်မှာ $2,100 ဟု သတ်မှတ်ထားကြပါသည်။
 

Investment/Divestment Read 290 times