အောက်တိုဘာလ ၅ ရက် ရွှေနဲ့ ဒေါ်လာစျေး ဆက်ကျ


05 October, 2021

ရန်ကုန်စျေးကွက်မှာ အမေရိကန်ဒေါ်လာ မြန်မာငွေလဲနှုန်းနဲ့ ရွေစျေးတွေ ဒီကနေ့လည်း ဆက်လက်ကျဆင်းနေတယ်လို့ အောက်တိုဘာလ ၅ ရက်နေ့ ရန်ကုန်စျေးကွက်အတွင်း သတင်းအချက်အလက်တွေအရ သိရပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်တဲ့အောက်တိုဘာလ ၅ ရက်နေ့ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားကို ၁၈ သိန်း ကိုးသောင်းအထိ ကျလာပြီး အောက်တိုဘာလ ၄ ရက်နေ့က ၁၉ သိန်း သုံးသောင်းနဲ့စျေးပိတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန် တစ်‌ဒေါ်လာကို အောက်တိုဘာလ ၄ ရက်နေ့က အပြင်စျေး ကျပ်၂၃၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်တယ်လို့သိရပြီး ဒီကနေ့ အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ဒေါ်လာစျေးဟာ ကျပ်၂၀၆၀ ခန့်စျေးကျသွားတယ်လို့ လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။

ရွှေနဲ့ ဒေါ်လာစျေးတွေ အောက်တိုဘာလ ၃ ရက်နေ့ နောက်ပိုင်း ဗဟိုဘဏ်က ဒေါ်လာလက်ဝယ်ထားရှိမှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ ပြည်ပပို့ကုန်ရငွေတွေနဲ့ ပက်သက်တဲ့ညွှန်ကြားစာတစ်စောင်ကိုပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီညွှန်ကြားချက်က အောက်တိုဘာ ၃ရက်နေ့ကစပြီး အသက်ဝင်မှာပြီး ပို့ကုန်လုပ်ငန်းရှင်တွေကနိုင်ငံခြား ပို့ကုန်တင်ပို့ရောင်းချပြီး ရရှိလာတဲ့ ငွေတွေကိုလက်ဝယ်ကိုင် ဆောင်ထားခွင့်မရှိဘဲ ရက် ၃၀ အတွင်း ဘဏ်တွေကိုစျေးကွက် ပေါက်စျေးနဲ့ မပျက်မကွက် ပြန်ရောင်းချရမှာဖြစ်တယ်လို့ဆိုပါတယ်။

အဲ့ဒီ့နောက်ပိုင်း ရန်ကုန်ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ အကျကြမ်းနေတယ်လို့ လည်းရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။


အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွှေတစ်ကျပ်သား ၁၈ သိန်း ရှစ်သောင်းနှင့် တစ်ဒေါ်လာလျှင် ကျပ် ၁၉၀၀ ကျော်သို့ ပြန်ကျလာခဲ့ပြီး ရန်ကုန်မြို့ရှိ ငွေလဲကောင်တာအချို့တွင် ဒေါ်လာဈေးမှာ နံနက်တွင် တစ်ဒေါ်လာ ၂၂၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ၁၉၃၀ ကျပ်သို့ ကျဆင်းသွားခဲ့တယ်။
ရွှေဈေးမှာလည်း နံနက်ပိုင်း အဖွင့်ဈေးမှာ ရွှေတစ်ကျပ်သားလျှင် ၁၉ သိန်း တစ်သောင်းဖြင့် ဈေးဖွင့်ခဲ့သော်လည်း မွန်းလွဲပိုင်း ၂ နာရီခန့်တွင် ၁၈ သိန်း ရှစ်သောင်းနှစ်ထောင်သို့ ကျဆင်းခဲ့ပါတယ်။ 

ဘီဘီစီ
 

Banking & Loan Read 3313 times