စက်တင်ဘာ ၂၄ရက် အခေါက်ရွှေဈေး ၁၉ သိန်း ၃သောင်း နဲ့ ဈေးပိတ် ၊ တစ်ဒေါ်လာပေါက်ဈေး ၂၁၀၀ နီးပါး အထိရောက်


25 September, 2021

စက်တင်ဘာ ၂၄ရက် ညနေပိုင်း မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၉သိန်း ၃သောင်းနဲ့ ဈေးပိတ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း(YGEA) ရဲ့ ဖော်ပြချက်အရသိရပါတယ်။ 
စက်တင်ဘာ ၂၃ရက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် (၁၉) သိန်းတိတိနဲ့ ဈေးပိတ်ခဲ့ပြီး စက်တင်ဘာ ၂၄ရက် မှာ ကျပ် ၃သောင်းမြင့်တက်ခဲ့ပြီး ၁၉သိန်း အထက်ကိုရောက်ခဲ့တာဖြစ်ပါတယ်။ ပြည်တွင်းရွှေဈေးနှုန်း အမြင့်ဆုံးကို ထပ်ရောက်လာပြန်တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အခေါက်ရွှေတစ်ကျပ်သားကို ၁၈သိန်း ကျော်ကနေ အခုလို ၁၉သိန်းကျော်ကိုပြန်လည်မြင့်တက်လာတာပါ။
 ဒီကနေ့ကမ္ဘာ့ရွှေဈေး တစ်အောင်စ ကို အမေရိကန်ဒေါ်လာ ၁၇၅၅ ဈေးပေါက်နေပြီး မနေ့က ထက် ဒေါ်လာ၂၀လောက် ဈေးနှုန်းကျဆင်းလာတာပါ။ အခုလို ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်လည်ကျဆင်းနေပေမယ့် ပြည်တွင်းရွှေဈေးက အတက်ဘက်ကိုပြန်လည်ဦးတည်နေတာဖြစ်တယ်လို့ ရွှေဈေးကွက်ကျွမ်းကျင်သူတွေကပြောပါတယ်။ ဒါဟာ ဒေါ်လာငွေတန်ဖိုးမြင့်တက်လာတာကြောင့် အဓိကဖြစ်တယ်လို့ဆိုပါတယ်။။ ဒီကနေ့မှာတော့ အမေရိကန် တစ်ဒေါ်လာငွေလဲနှုန်းဟာ ပြင်ပပေါက်ဈေးအရ တစ်ဒေါ်လာကို ၂၀၈၀ကျပ်အထိဈေးပေါက်နေတာပါ။

'' ပြသာနာကရွှေဈေးကိုလည်း မထိန်းနိုင်ဘူး။ အတက်အကျမြန်တယ်။ကျတယ်ဆိုပေမယ့် ပြောလောက်အောင်ကျတာတော့မဟုတ်ဘူး။အတက်ဘက်ကိုဦးတည်တာများတယ်။ နောက် ဒေါ်လာတွေထုတ်ရောင်းနေပေမယ့် ဈေးကွက်လိုအပ်ချက်နဲ့တွက်ရင် ပြောပတာမျိုးမရှိတော့ ဒီကမောက်ကမတွေက ဆက်ဖြစ်နေမှာပဲ '' လို့ ဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ် ပါတယ်။ လက်ရှိမှာတော့ ပြည်တွင်းရွှေဈေးနှုန်းကျဆင်းဖို့နဲ့ ဈေးကွက်ထိန်းညှိနိုင်ဖို့အတွက် ရွှေထွက်တဲ့နယ်ဒေသတွေ ကနေ ရွှေကုန်ကြမ်းပြန်ဝင်လာဖို့ကြိုးစားနေသလို ဘဏ်လုပ်ငန်းဆိုင်ရာ အပေါ်ပြည်သူလူထုယုံကြည်မှုရှိဖို့လိုအပ်တယ်လို့ ရွှေကုန်သည်တွေသုံးသပ်ကြပါတယ်။

 

BBC

Local News Read 517 times