အောက်တိုဘာ ၆ ရက် ရွှေဈေးငွေဈေး


06 October, 2021

အောက်တိုဘာ ၆ ရက်တွင် ကမ္ဘာ့ရွှေ စျေး ဒေါ်လာ ၁၇၄၇ ဝန်းကျင်ရှိပြီး  ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၁၉၃၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာသည်။

အကယ်ဒမီ မီးလင်းရွှေ
မနက်ပိုင်း ၁၁ နာရီ ၃၀ မိနစ် အဖွင့်ဈေး ၁,၉၃၀,၀၀၀
နေ့လယ်ပိုင်း ၁ နာရီ ၂၀ မိနစ်  အဖွင့်ဈေး ၁,၉၄၆,၀၀၀ ကျပ်
ညနေပိုင်း ၃ နာရီ အပိတ်စျေး ၁,၉၃၀,၀၀၀ ကျပ်

ပြည်တွင်း ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေ စျေးနှုန်းမှာ ၁၉၃၀၀၀၀ ဝန်း ကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၇၉၀၀၀ ဝန်းကျင်ရှိ နေခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေ စျေးနှုန်းမှာ၁၇၄၇ ဒေါ်လာသို့ ပြန်လည် ကျဆင်းခဲ့ပြီး ယခင်နေ့များက ကျပ် ၂၂၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေး မှာ ၁၉၃၀၀၀၀ ဝန်းကျင်ရှိလာသည်။

နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၂၀၆၀ ဝန်းကျင်ရှိနေသည်။
 

Reference: news-eleven.com, YGEA

Local News Read 7897 times