အောက်တိုဘာ ၁၃ ရက် ရွှေဈေး ငွေဈေး


13 October, 2021

အောက်တိုဘာ ၁၃ ရက်တွင်  ကမ္ဘာ့ ဒေါ်လာစျေး အညွှန်းကိန်း ၉၄  ပွိုင့်ဝန်းကျင် ရှိပြီး နိုင်ငံခြားငွေလဲနှုန်း အမေရိကန်တစ်ဒေါ်လာကျပ် ၂၀၇၀ ဝန်းကျင်သို့ ပြန်လည်မြင့်တက်လာသည်။
ယမန်နေ့က နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၀၄၀  ဝန်းကျင်သို့ ကျဆင်းခဲ့ပြီး ယနေ့ ပြန်တက်လာခြင်း ဖြစ်သည်။ 

 ရန်ကုန် ဈေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးများလဲလှယ် မှု နှုန်းထားများမှာ 
ယူရို ၂၃၀၀ ကျပ်၊ 
စင်ကာပူ ဒေါ်လာ ၁၄ဝဝကျပ်၊ 
မလေးရှားရင်းဂစ် ၄၃၀ ကျပ်၊ 
ထိုင်းဘတ် ၅၈ ကျပ်၊ 
တရုတ်ယွမ် ၃၀၅ ကျပ်၊ 
ဂျပန်ယန်း ၁၇.၅ ကျပ်တို့ ဖြစ်သည်။

News-eleven.com


အောက်တိုဘာ ၁၃ရက်တွင် ကမ္ဘာ့ရွှေ စျေး ဒေါ်လာ ၁၇၆၃ ဝန်းကျင်ရှိပြီး  ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၁,၈၈၀,၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာသည်။
 ပြည်တွင်း ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေ စျေးနှုန်းမှာ ၁၈၈၀,၀၀၀ ဝန်း ကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၆၉၄၀၀ ဝန်းကျင်ရှိသည်။ 


ပြည်တွင်းရွှေစျေးကွက်မှာ  မနက်ပိုင်းတွင် အကယ်ဒမီမီလင်းရွှေ တစ်ကျပ်သားလျှင် ကျပ်  ၁.၈၄၀,၀၀၀ ဖြင့် ဈေးဖွင့်ခဲ့ပြီး ညနေတွင် ကျပ် ၁,၈၇၅,၀၀၀ ဖြင့် ဈေးပိတ်ခဲ့ပါသည်။ 

 


ရွှေမှောင်ခိုသတင်း

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်မှာ ရူပီငွေ  ရူပီငွေ ၂.၃၆ ကုဋေတန်ဖိုးရှိ မှောင်ခို ရွှေချောင်း ၃၅ ချောင်း ဖမ်းဆီးရမိကြောင်း Times of India မှာ သတင်းတစ်ပုဒ်ဖော်ပြထားပါသည်။ အိန္ဒိယအစိုးရ ပြည်တွင်းဝင်ငွေဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ DRI - Directorate of Revenue Intelligence နဲ့ အကောက်ခွန်ဝန်ထမ်းများကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး အိန္ဒိယမှာ ဘီစကွတ်လို့ ခေါ်ဝေါ်တဲ့ အခေါက်ရွှေတုံးတွေဟာ  ၂၄ ကာရက် ရွှေစင်များ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရွှေဈေးကွက်ထဲမှာ ရောင်းဝယ်ကြသည့် ရွှေတုံးအမျိုးအစား ဖြစ်ကြောင်း ဖော်ပြထားပါသည်။ 
မိုးရေး နယ်ခြားမှတစ်ဆင့် မှောင်ခိုတင်သွင်းခဲ့တာဖြစ်ပြီး အာသံမှတစ်ဆင့် ဗာရာဏသီသို့ ပေးပို့တဲ့ခရီးစဉ်မှာ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ 


 

Local News Read 13631 times