ပြည်ပမှ ထားရှိသည့် ရွှေများကို ဗဟိုဘဏ်များ ပြန်ယူသိမ်း


14 July, 2023

ပြည်ပမှ ထားရှိသည့် ရွှေများကို ဗဟိုဘဏ်များ ပြန်ယူသိမ်း


TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

 

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်ပြီးနောက် ရုရှား၏ ပြည်ပရှိ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရခြင်း ကဲ့သို့သော အခြေအနေမျိုး ကြုံရမည်ကို  စိုးရိမ်မှုများကြောင့် ဗဟိုဘဏ်များနှင့် အချုပ်အခြာအာဏာပိုင် ဓနရံပုံငွေအဖွဲ့အစည်းများသည် ပြည်ပတွင် အပ်နှံထားရှိသည့် ရွှေပိုင်ဆိုင်မှုများကို ပြန်ယူထားခြင်းများ တိုးလာနေပါသည်ဟု Invesco ၏ ဗဟိုဘဏ်များ စစ်တမ်းတွင် ဖော်ပြထားသည်။

.

Invesco သည် ဇန်နဝါရီလမှ မတ်လအတွင်း အချုပ်အခြာအာဏာပိုင် ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်း ၈၅ ခုနှင့် ဗဟိုဘဏ် ၅၇ ခုတို့ကို စစ်တမ်းကောက်ယူခဲ့သည်။

.

စစ်တမ်းဖြေဆိုသူများတွင် ၄၁% ခန့်သည် လာမည့်သုံးနှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှု အစုစုတွင် ရွှေကို ပိုမိုထားရှိရန် ရည်မှန်းထားကြသည်။

.

 ကမ္ဘာတဝှမ်းရှိ ဗဟိုဘဏ်များသည် ယမန်နှစ်က ရွှေ ၁,၁၃၆ မက်ထရစ်တန် စံချိန်တင် ဝယ်ယူခဲ့ကြသည်။ တစ်န‌ှစ်ထက်တစ်နှစ် ရွှေဝယ်ယူမှု ပိုများလာနေသည်မှာ ၁၂ နှစ်ဆက်တိုက် ရှိသွားပြီ ဖြစ်သည်ဟု ကမ္ဘာ့ရွှေကောင်စီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 .

ဗဟိုဘဏ်များသည် ၎င်းတို့၏ ရွှေများကို နိုင်ငံရပ်ခြားရှိ ရွှေတိုက်များတွင် သိမ်းဆည်းထားရန် ဆန္ဒနည်းပါးနေကြသည်။ မိမိထံ၌သာ သိမ်းဆည်းထားလိုကြသည်။ 

ယခင်က လန်ဒန်မြို့ရှိ ရွှေတိုက်များတွင် ထားရှိခဲ့ကြသည်။ ယခုအခါ မိမိနိုင်ငံသို့ ပြန်ယူထားကြသည်။

 .

အရန်ငွေကြေးအဖြစ် အမေရိကန် ဒေါ်လာကို ထားရှိခြင်းအစား ရွှေကို ထားရှိလာကြခြင်းကြောင့်လည်း ဗဟိုဘဏ်များ ရွှေဝယ်ယူမှု တိုးမြင့်လာသည်။

.

အမေရိကန် ဒေါ်လာသည် ဒုတိယကမ္ဘာစစ် ကတည်းက ကမ္ဘာ့အရန်ငွေကြေးဖြစ်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးစနစ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

.

သို့သော် အမေရိကန် ဒေါ်လာများ ကြီးစိုးသော ကမ္ဘာ့ဘဏ္ဍာရေးစနစ်မှ ရုရှားနိုင်ငံကို နှင်ထုတ်သည့်  ပိတ်ဆို့အရေးယူမှုများသည် အခြားနိုင်ငံများကို အလွန်ထိတ်လန့်သွားစေခဲ့သည်။ သို့ဖြစ်ရာကုန်သွယ်မှုအတွက် အရန်ငွေကြေးများကို အမေရိကန်ဒေါ်လာ မဟုတ်သော ငွေကြေးများဖြင့် အသင့်ဆောင်ထားကြသည်။

ထိုအခါ တရုတ်ယွမ် နေရာရလာသည်။ သို့သော် ဗဟိုဘဏ်အများစုသည် လာမည့် ၅ နှစ်အတွင်း တရုတ်ယွမ်ငွေကို 'စစ်မှန်သော အရန်ငွေကြေး' ဖြစ်လာမည်ဟု မယူဆကြကြောင်း စစ်တမ်းဖြေဆိုသူတို့က ပြောကြားကြသည်။

Source businessinsider 

TO GET INSTANT UPDATE 

https://t.me/Guid4U
Join Telegram Channel 

Banking & Loan Read 453 times