.ရွှေစင်တုံး(၃)ပိဿာ နှင့် ရွှေစင်ခဲ (၃)ပိဿာ ရွှေလေလံအသိပေးအကြောင်းကြားခြင်း


28 September, 2022

ရွှေလေလံအသိပေးအကြောင်းကြားခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ ကျောက်မျက် ရတနာပြတိုက်(ရန်ကုန်)နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃)ပိဿာစီ ကို စက်တင်ဘာလ ၂၉ ရက်နေ့ ၁၃၀၀ နာရီမှ ၁၅၀၀ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါ ပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမည်ဖြစ်ပါသဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ နေပြည်တော် (ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်) နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေးစခန်းရုံး တို့တွင် အသေးစိတ်အချက်အလက်များကို စုံစမ်းနိုင်ကြောင်းနှင့် ရွှေဒင်္ဂါးပြားများ ရောင်းချခြင်းကိုလည်း ယခင်အတိုင်းဆက်လက်ရောင်းချသွားမည်ဖြစ်ပါသည်။

 

ရန်ကုန် နှင့် မန္တလေးမြို့များတွင် ရွှေလေလံစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအနေဖြင့်  မနက်ဖန်  ၂၉ စက်တင်ဘာလ ၂၀၂၂  နေ့လည် ၁၂ နာရီကျော်အချိန်တွင် ကြွရောက်ပေးကြပါရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း Yangon Region Gold Entrepreneurs Association YGEA  က ၎င်း၏ Facebook စာမျက်နှာတွင် အသိပေးအကြောင်းကြားထားပါသည်။

To join Telegram Channel  https://t.me/Guid4U

 

 

Banking & Loan Local News Read 457 times