ရွှေလေလံ လေလံ ဆွဲသူ မရှိ


01 October, 2022

ရွှေလေလံ လေလံ ဆွဲသူ မရှိ

 

TO GET INSTANT UPDATE 

Join Telegram Channel

https://t.me/Guid4U

 

ဩဂုတ်လတွင် အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ်သိန်း ၃၅ သိန်းကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး  စက်တင်ဘာ လကုန်ပိုင်းတွင် ၁ ကျပ်သား ကျပ်၂၆ သိန်း ပတ်လည်သာရှိ‌တော့သဖြင့် ၂ လ အတွင်း ၉ သိန်း နီးပါး ကျဆင်းခဲ့ပြီး ကျရိပ်ဆက်ရှိနေသည်။ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာနက ရွှေဈေးနှုန်း တည်ငြိမ်စေရန် ဟုဆိုကာ ရွှေစင်တုံးနှင့် ရွှေစင်ခဲ ၃ ပိဿာစီကို လေလံစနစ်ဖြင့် နေ့လယ် ၁ နာရီ မှ ညနေ ၃ နာရီ အထိ ရောင်းချခဲ့ရာတွင် ကျပ် ၂၅ သိန်း ၅ သောင်း ဝန်းကျင်ဖြစ်သဖြင့် ပြင်ပဈေးနှင့် မတိမ်းမယိမ်း ဖြစ်နေသည်ကတစ်ကြောင်း၊ ရွှေ ၃ ပိဿာကို တစ်လုံးတစ်ခဲတည်း လေလံဆွဲရမည်ဖြစ်ရာ ငွေပမာဏ များပြားလွန်းသဖြင့် ပေါ်ပေါ်တင်တင် မဝယ်ရဲကြသည်ကတစ်ကြောင်းတို့ကြောင့် လေလံဆွဲသူ မရှိဟု သိရပါသည်။ 

 

TO GET INSTANT UPDATE 

Join Telegram Channel ..... https://t.me/Guid4U

Banking & Loan Read 12969 times