အာရှသည်  အထက်တန်းကျကျ နေထိုင်ရန် ကုန်ကျစရိတ်အများဆုံးဒေသအဖြစ် လေးနှစ်ဆက်တိုက်ရပ်တည်


21 June, 2023

အာရှသည်  အထက်တန်းကျကျ နေထိုင်ရန် ကုန်ကျစရိတ်အများဆုံးဒေသအဖြစ် လေးနှစ်ဆက်တိုက်ရပ်တည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Julius Baer ၏ နောက်ဆုံးထုတ် Global Wealth and Lifestyle အစီရင်ခံစာအရ အာရှသည် ကမ္ဘာပေါ်တွင် နေထိုင်မှုစရိတ် အများဆုံးဒေသဖြစ်သည်။
 စင်ကာပူသည် နံပါတ်တစ်နေရာ၌ ရပ်တည်နေပြီး ရှန်ဟိုင်းနှင့် ဟောင်ကောင်တို့ စင်ကာပူနောက်တွင် ရှိနေကြသည်။

 

အစီရင်ခံစာသည်  အသားတင်တန်ဘိုးကြီးသူများ high-net-worth individuals (HNWIs (HNWIs) ၏ သုံးစွဲမှုပုံစံများကို ထင်ဟပ်သည့် လူသုံးကုန်ပစ္စည်း ၁၂ ခုနှင့် ဝန်ဆောင်မှု ၈ ခုတို့ကို ကြည့်ပြီး အဆုံးအဖြတ် ပြုသည်။

၂၀၂၃ ခုနှစ် အစီရင်ခံစာသည် စတုတ္ထအကြိမ်‌မြောက် ထုတ်ဝေခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် မတ်လအထိ အချက်အလက်များကို ကြည့်ရှုသည်။
၎င်းကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ အားလုံးအတွက် စျေးနှုန်းများသည် လွန်ခဲ့သည့် ၁၂ လအတွင်း နိုင်ငံသုံး ငွေကြေးအရ ပျမ်းမျှအားဖြင့် ၁၃% နှင့် ကန်ဒေါ်လာအရ ၆% မြင့်တက်ခဲ့သည်။

စင်ကာပူတွင် စားကောင်းသောက်ဖွယ် စားသောက်ခြင်း ကုန်ကျစရိတ် ၃၃% နှင့် ပရီမီယံ ဝီစကီကုန်ကျစရိတ် ၂၄% မြင့်တက်သည်။
business class  လေယာဉ်ခရီးစဉ်များသည် ပျမ်းမျှအားဖြင့် ၄၄% ပိုကုန်ကျသည်။

စင်ကာပူနှင့် ဟောင်ကောင် မြို့နှစ်မြို့စလုံးသည် ချမ်းသာကြွယ်ဝသူများကို ဆွဲဆောင်ရန် ကြိုးပမ်းမှုတွင် မူဝါဒများကို ချမှတ်ထားသည်ဟု Julius Baer  အာရှ-ပစိဖိတ်ရေးရာ သုတေသန အကြီးအကဲ Mark Matthews  က ဆိုသည်။

စင်ကာပူတွင် ဘဏ္ဍာရေးစည်းမျဉ်းနှင့် HNWI များကိုဆွဲဆောင်ရန် အစိုးရမူဝါဒများသည် အလုပ်ဖြစ်သည်။ ယခင်နှစ်များနှင့်နှိုင်းယှဉ်ပါက ၂၀၂၂ နှစ်ကုန်တွင် မိသားစုလုပ်ငန်းများ၏ ရုံးများ နှစ်ဆတိုးလာကြောင်း ၎င်းက ရေးသားထားသည်။

စင်ကာပူသည် လူနေမှုပုံစံအညွှန်းကိန်း lifestyle index တွင် ပဉ္စမနေရာမှ အဆင့်အမြင့်ဆုံးမြို့သို့ ခုန်တက်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ပထမနေရာသို့ ရောက်ရှိခဲ့သည်။
ယမန်နှစ်က ပထမနေရာ ရသည့် ရှန်ဟိုင်းသည် ဒုတိယနေရာ ရောက်သွားသည်။
ယမန်နှစ်က စတုတ္ထနေရာတွင် ရှိနေခဲ့သည့်  ဟောင်ကောင်သည် တတိယနေရာသို့ တက်လာသည်။
အသားတင်တန်ဘိုးမြင့်သော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ ကျန်းမာရေးနှင့် ချမ်းသာမှုကို ထိန်းသိမ်းရန် ခြေလှမ်းများ လှမ်းလာကြသည်။

ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါကာလကို ဖြတ်ကျော်လာပြီးနောက် စစ်တမ်းဖြေဆိုသူများသည် မိသားစုကျန်းမာရေးကို ထိပ်တန်းဦးစားပေးများထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။
အာဟာရ တိုးများစေခြင်း၊ ပြန်လည်နာလန်ထူရန် အချိန်ယူခြင်းနှင့် ကြံ့ခိုင်မှုအဆင့်ကို မြှင့်တင်ပေးခြင်းတို့ကို အလေးပေးကြသည်။

 

အစားအသောက်များနှင့် ကြယ်ငါးပွင့်ဟိုတယ်များအပါအဝင် ဧည့်ဝတ်ပြုမှုဆိုင်ရာ ဝန်ဆောင်မှုများတွင် ငွေကြေးသုံးစွဲမှုမှာ စစ်တမ်းကောက်ယူထားသည့် ဒေသငါးခုစလုံးတွင် မြင့်တက်လာခဲ့သည်။
 ယခင်နှစ်များကထက် စားကောင်းသောက်ဖွယ်များနှင့် ဟိုတယ်များတွင် ပိုမိုသုံးစွဲခဲ့ကြသည်။

တိုကျိုနှင့် ဆစ်ဒနီတို့ကဲ့သို့ ဖွံ့ဖြိုးပြီး စီးပွားရေးများမှ မြို့ကြီးများ၏ အဆင့်သတ်မှတ်ချက်များ ဆက်လက်ကျဆင်းသွားခဲ့သည်။
 
ဘန်ကောက်၊ ဂျကာတာနှင့် မွမ်ဘိုင်းကဲ့သို့သော ဖွံ့ဖြိုးဆဲစီးပွား‌ေရးများမှ မြို့ကြီးများ၏ အဆင့်သတ်မှတ်ချက်များ မြင့်တက်လာခဲ့သည်။ မွမ်ဘိုင်းသည် ယခုနှစ် လူနေမှုပုံစံအညွှန်းကိန်းတွင် အဆင့် ၂၄ မှ ၁၈ သို့ မြင့်တက်ခဲ့သည်။
Source Global Wealth and Lifestyle

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Industry Reviews Read 391 times