ကမ္ဘာ့စီးပွားရေးကျဆင်းမှုအရေး ရှိနေသည်ကို ကမ္ဘာ့ဘဏ် သတိပေး


10 January, 2023

ကမ္ဘာ့စီးပွားရေးကျဆင်းမှုအရေး ရှိနေသည်ကို ကမ္ဘာ့ဘဏ် သတိပေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကမ္ဘာ့ဘဏ်က စီးပွားရေး ရှေ့အလားအလာတွင် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုအရေးကို သတိပေးထားပြီး ကမ္ဘာ့စီးပွားရေး ကျဆင်းမှုအရေး လျော့ပါးစေရန်အတွက် တစ်ကမ္ဘာလုံးအနေဖြင့်လည်းကောင်း၊ နိုင်ငံအလိုက်လည်းကောင်း အရေးတကြီး  ကြိုးပမ်းမှုများ လိုအပ်ကြောင်း ပြောကြားသည်။
နောက်ထပ်ဆိုးရွားစွာ ပြင်းပြင်းထန်ထန် သက်ရောက်မှုများ သည် ကမ္ဘာ့စီးပွားရေးကို ၂၀၂၃ ခုနှစ်တွင် စီးပွားရေးကျဆင်းမှုသို့ တွန်းပို့နိုင်သည်ဟု ကမ္ဘာ့ဘဏ်က စိုးရိမ်လျက်ရှိသည်။
ထိုအခါ အထူးသဖြင့် နိုင်ငံငယ်များ ထိခိုက်လိမ့်မည်ဖြစ်သည်။
အဆိုပါသတိပေးချက်ကို တစ်နှစ် နှစ်ကြိမ် ထုတ်ပြန်သည့်  “ကမ္ဘာ့စီးပွားရေးအလားအလာများ” "Global Economic Prospects" အစီရင်ခံစာအတွက် ကောက်နုတ်ချက်တွင် ဖော်ပြထားသည်။
 အခြားအကျပ်အတည်းမရှိလျှင်ပင် ယခုနှစ်တွင် ကမ္ဘာ့ စီးပွား‌ရေး တိုးတက်မှုသည် အရှိန်ထိုးကျလိမ့်မည် မျှော်လင့်ရသည်။ 
အလွန်မြင့်မားသော ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် မူဝါဒ တင်းကျပ်မှုကို ပြိုင်တူလုပ်ဆောင်နေကြသည့်အတွက် ကမ္ဘာ့ စီးပွား‌ရေး တိုးတက်မှု နှေးစေမည် ဖြစ်သည်။ ဘဏ္ဍာရေးအခြေအနေ ပိုဆိုးစေမည် ဖြစ်သည်။ ယူကရိန်းကို ရုရှားက ကျူးကျော်သည့် ဂယက် ဆက်ရှိနေမည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။


 
ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲစီးပွားရေးများ emerging market and developing economies (EMDEs) ၏ ကြွေးမြီ ဝန်ပိနေခြင်းကို ဖြေရှင်းပေးရန်အတွက်လည်း ကြိုးပမ်းဖို့ လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောကြားသည်။ 
ထွန်းသစ်စဈေးကွက်နှင့် ဖွံ့ဖြိုးဆဲစီးပွားရေးများတွင် ရင်းနှီးမြှုပ်နှံမှုများ ကြီးထွားနှုန်းသည် ပြီးခဲ့သည့် နှစ် ၂၀ ကာလ ပျမ်းမျှထက် နည်းနေမည်ဟု အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် ကမ္ဘာ့ဘဏ်က ပြောကြားသည်။
 EMDE နိုင်ငံများမှ မူဝါဒချမှတ်သူများသည် မည်သည့် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုကိုမဆို ထိခိုက်လွယ်သောအုပ်စုများအပေါ်  စုစည်းပေးထားကြောင်း သေချာစေရန် အရေးကြီးသည်။
 ငွေကြေးဖောင်းပွမှု မှန်းဆချက်များ ဆက်လက်ခိုင်ခိုင်မာမာ သေချာနေမည်ဖြစ်ပြီး  ငွေရေးကြေးရေးစနစ်များ ဆက်လက်၍ ခံနိုင်ရည်ကောင်းနေစေရမည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။
ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်များသည် ကုန်ဈေးနှုန်း ဝန်ပိနေသည်ကို လျော့ပါးစေရန် အတိုးနှုန်းကို ပြင်းပြင်းထန်ထန် မြှင့်တင်နေကြစဉ် အစိုးရတို့က လုပ်ငန်းများနှင့် အိမ်ထောင်စုများကို ထောက်ကူသည့်အနေဖြင့် လျှပ်စစ်၊ လောင်စာဆီ၊ ဂက်စ် အစရှိသည့် စွမ်းအင်ဆိုင်ရာ ကုန်ကျစရိတ်များကို ထိန်းချုပ်ပေးထားကြသည်။
နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ International Monetary Fund IMF မန်နေးဂျင်းဒါရိုက်တာ Kristalina Georgieva က သတိပေးချက်ဖြင့် ၂၀၂၃ ခုနှစ်ကို စတင်ခဲ့သည်။

ကမ္ဘာကြီးက “ပြီးခဲ့တဲ့နှစ်ထက် ပိုခက်ခဲတဲ့နှစ်” ကို ရင်ဆိုင်နေရကြောင်း၊ အမေရိကန်၊ အီးယူနှင့် တရုတ်တို့သည် တပြိုင်နက်တည်း စီးပွားရေးနှေးဆင်းနေကြသောကြောင့်  ကမ္ဘာ့စီးပွားရေး၏ သုံးပုံတစ်ပုံသည် ဆုတ်ယုတ်ကျဆင်းသွားမည်ဖြစ်ကြောင်း သူမက ဇန်နဝါရီလ ၁ ရက်တွင်  ပြောကြားခဲ့သည်။
Source moneyweb

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 479 times