Global MBA Alumni Business Network Seminar 2018


05 February, 2021

ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် Global MBA Alumni Business Network Seminar 2018 ဆွေးနွေးပွဲတွင် မတူညီသော စီးပွားရေးနယ်ပယ်အသီးသီးတွင် အောင်မြင်ကျော်ကြားလျက်ရှိသော လုပ်ငန်းရှင်များ၊ အကြံပေးပုဂ္ဂိုလ်များမှ “How to start up a Business” စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်တော့မည်ဆိုပါက စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ ငွေကြေးအရင်းအနှီး လိုအပ်ပုံ၊ လိုက်နာရမည့်ဥပဒေတွေ၊ လမ်းကြောင်းတွေကို မျှဝေခဲ့ကြပါတယ်။

ဒေါ်မာလာမျိုးညွှန့် (Deputy Director General, DICA)

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ဆောင်ရွက်လိုပါက လမ်းကြောင်း (၃)ခုနှင့် ဆောင်ရွက်လို့ရပါတယ်
(၁) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအောက်က လုပ်ကိုင်ဆောင်ရွက်နည်း၊ 
(အခွန်ကင်းလွတ်ခွင့်၊ တင်သွင်းလာသောကုန်ပစ္စည်းများအတွက်အကောက်ခွန်ကင်းလွတ်ခွင့်ခံစားနိုင်ခြင်း )
(၂) မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအောက်တွင်မှတ်ပုံတင်ပြီးလုပ်ကိုင်ဆောင်ရွက်နည်း 
(၃) အထူးစီးပွားရေးဇုန်ဥပဒေအောက်တွင်လုပ်ကိုင်ဆောင်ရွက်နည်း စသည်တို့ရှိပါတယ်ဟု ပြောကြားခဲ့ပါတယ်။

ဦးရဲမင်းဦး (Banking Consultant)

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများဟာ ငွေကြေးအရင်းအနှီးမရှိခဲ့ရင် ဘဏ်ကနေချေးငွေယူပြီး လုပ်ကိုင်ဆောင်ရွက်နည်းနှင့် အများနှင့်ရှယ်ယာစပ်၍ လုပ်ကိုင်ဆောင်ရွက်နည်း နှစ်မျိုးရှိပါတယ်
ပထမတစ်နည်းမှာ အာမခံထားရခြင်းတို့၊ စာရွက်စာတမ်းများပြည့်စုံစွာဆောင်ရွက်ဖို့လိုအပ်ပါတယ် 
စည်းမျဉ်းစည်းကမ်း၊ဥပဒေအတိုင်းဆောင်ရွက်ရမှာဖြစ်လို့ ချင့်ချိန်စဉ်းစားသင့်သလို
ဒုတိယတစ်နည်းဆောင်ရွက်တဲ့အခါမှာ ရုံးသုံးပစ္စည်းသေးသေးလေးဝယ်တာက အစ Partner များနှင့် တိုင်ပင်ညှိနှိုင်းဖို့လိုပါတယ်၊ သဘောတူညီချက်ရအောင် partnerများနှင့်အဆင်ပြေကျေနပ်တဲ့အထိ ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ် ဟုပြောကြားခဲ့ပါတယ်။

ဒေါက်တာအောင်ထွန်းသက် (Economic Advisor) မှ Moderator အဖြစ်ဆောင်ရွက်ခဲ့ပြီး

စီးပွားရေးလုပ်ငန်းလုပ်ကိုင်မည့်သူများသည် အဆင်သင့်ကိုမစောင့်ပါနဲ့၊အသင့်မဖြစ်ခင်တည်းက စကြပါဟု တိုက်တွန်းထားပါတယ်။

ဦးနေအောင် (Founder, Oway Ride)

စီးပွားရေးလုပ်ကိုင်တော့မည်ဆိုလျှင် နည်းပညာများမျက်ခြေမပြတ်လေ့လာဖို့လိုအပ်ပါတယ် ၊ နည်းပညာကိုငယ်ငယ်လေးထဲက နားလည်အောင် သင်ရိုးတွင် Logic နှင့် Programming ဘာသာရပ်ကို ထည့်သွင်းသင်ကြားသင့်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။

ဒေါ်ခိုင်ခိုင်နွယ်(Joint Secretary General, UMFCCI)
စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများသည် လူမှုရေးလုပ်ငန်းများ၊ ပရဟိတလည်းလုပ်ကိုင်ရန်လိုအပ်ပါတ ယ်ဟုပြောကြားခဲ့ပါတယ်။

ဒုတိယပိုင်းမှာ “Developing and Sustaining Entrepreneurship” စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ် ရပ်တည်ခဲ့ကြတဲ့ လုပ်ငန်းရှင်များမှ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်ဆောင်ရွက်နိုင်အောင်၊ ရေရှည်အောင်မြင်ရေး စီးပွားရေး နည်းလမ်းများ၊ အများနှင့်ဆက်ဆံမှုအားကောင်းဖို့နှင့် ဝန်ထမ်းများနှင့် စီမံခန့်ခွဲအုပ်ချုပ်မှု တို့ကို ထပ်မံမျှဝေခဲ့ကြပါတယ်။

စွန့်ဦးတီထွင်စီးပွားရေးလုပ်ချင်တဲ့သူများက လုပ်ငန်းမစခင်သေသေချာချာစဉ်းစားဖို့လိုပါတယ်၊ အကျိုးအမြတ်များသလို ဆုံးရှုံးမှုလည်း ရှိပါတယ်၊ မိမိကိုယ်မိမိ Confidence ရှိဖို့၊ Entrepreneur ဖြစ်ဖို့ဆိုတဲ့ ပြင်းပြသော စိတ်ဆန္ဒကို တစ်စိုက်မတ်မတ်ထားရှိဖို့ ကို တိုက်တွန်းခဲ့ကြပါတယ်။

ဒုတိယပိုင်းမှာတော့ ဦးမိုးကျော် (MD, MMRD Research Development) မှ Moderator အဖြစ်ဆောင်ရွက်ပြီး ၊ ဦးထွန်းထွန်းနိုင် (president,MYEA)၊ ဦးဇေယျသူရမွန် (Founder and CEO, Zeya & Associate Co.,Ltd)၊ ဦးထက်မြက်ဦး (Founder, Rangoon Tea House Group Co.,Ltd)၊ ဒေါ်ခင်စန္ဒာမြင့် (Founder, Heart and Soul Film Production) တို့ မှ ဆွေးနွေးခဲ့ပါတယ်။

ပညာယူသင့်သည့်ဆွေးနွေးပွဲလေးတစ်ခုကို ဖန်တီးပေးခဲ့တာကတော့ UMFCCI-UTCC-MRCCI တို့မှဖြစ်ပါတယ်။

Events & Exhibition Read 591 times