Global Innovations Finance Co., Ltd Money Changer License ရုပ်သိမ်း


27 March, 2023

Global Innovations Finance Co., Ltd ၏ Money Changer License အား ရုပ်သိမ်းခြင်း

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မှတ်ပုံတင်လက်မှတ်ထုတ်ပေးထားသည့် ဘဏ်မဟုတ် သည့် ငွေရေးကြေးရေးအဖွဲ့အစည်းများသည် Money Changer လုပ်ငန်းဆောင်ရွက်လိုပါက ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းအောက်မှမဟုတ်ဘဲ သီးခြားကုမ္ပဏီ သို့မဟုတ် မိခင်ကုမ္ပဏီအမည်ဖြင့်သာ လျှောက်ထားရန်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူ ချမှတ် ထားပါသည်။

၂။ Global Innovations Finance Co., Ltd သည် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသောမူအရ Money Changer လိုင်စင်ကို ကုမ္ပဏီမှ ကိုယ်တိုင်ပြန်လည်အပ်နှံလာပါ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၅-၄-၂၀၁၆) ရက်နေ့တွင်ထုတ်ပေးခဲ့သည့် Money Changer လိုင်စင်အမှတ်၊ စီဘီအမ်-အက်ဖ်အီး အမ်ဒီ-၃၀၇/၂၀၁၆ အား (၁၆- ၃ - ၂၀၂၃) ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်သည်။

Source CBM
 
 

Banking & Loan Read 200 times