ဒေါ်လာဈေး မြင့်တက်မှုကို တုံ့ပြန်ကြခြင်းကြောင့်  နိုင်ငံများတွင် နိုင်ငံခြားငွေ အရန်ငွေ လျော့ကျ


13 January, 2023

ဒေါ်လာဈေး မြင့်တက်မှုကို တုံ့ပြန်ကြခြင်းကြောင့်  နိုင်ငံများတွင် နိုင်ငံခြားငွေ အရန်ငွေ လျော့ကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


လျင်မြန်စွာ အားကောင်းလာသော ဒေါ်လာကို ခုခံကာကွယ်ရန်အတွက် ဗဟိုဘဏ်များသည် နိုင်ငံသုံးငွေကို ကျားကန်ပေးရန် ကြိုးပမ်းခဲ့ကြရသည်။

ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံခြားငွေ အရန်ငွေများသည် ယမန်နှစ် ပထမ ကိုးလတွင် ၁၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါသည်။
စက်တင်ဘာလကုန်တွင် ကမ္ဘာ့ စုစုပေါင်းနိုင်ငံခြားငွေ အရန်ငွေ ပမာဏသည် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ ထရီလီယံသို့ ကျဆင်းသွားခဲ့သည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၏အဆိုအရ ၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၁၂ ထရီလီယံအောက်သို့ ကျဆင်းသွားခဲ့သည်။
ဂျပန်၏ အရန်ငွေသည် ၂၀၂၂ နှစ်ကုန်တွင် ကန်ဒေါ်လာ ၁.၂၃ ထရီလီယံသို့ ၁၃% ကျဆင်းသွားသည်။ ခြောက်နှစ်အတွင်း ပထမဆုံးကျဆင်းခဲ့ခြင်းဖြစ်ပါသည်။ အစိုးရမှ ထုတ်ပြန်သည့် စာရင်းဇယားများအရ ၂၀၀၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အစောက်မတ်ဆုံး ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ယန်းငွေသည် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် သိသိသာသာ ကျဆင်းသွားပြီး၊ တစ်ကြိမ်တွင်  တစ်ကန်ဒေါ်လာလျှင် ယန်း ၁၅၁ ကို ကျော်လွန်သွားခဲ့သည်။ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ယန်းထိုးကျနေသည်ကို ထိန်းရန် ဗဟိုဘဏ်က ကန်ဒေါ်လာဖြင့် ချင့်တွက်သည့်အရာများကို ထုတ်ရောင်းပြီး ယန်းကို ကျားကန်ပေးခဲ့သည်။

နိုင်ငံခြားငွေ အရန်ငွေ ထုတ်ရောင်းခြင်းများသည်   နိုင်ငံသုံးငွေကို ကျားကန်ပေးရန်အတွက် ငွေကြေးဈေးကွက်တွင် ဝင်ရောက်စွက်ဖက်မှုများအတွက်သာမက နိုင်ငံခြားငွေ ကြွေးမြီများ ပြန်ဆပ်ခြင်းအတွက်ပါ အရေးကြီးသော ရန်ပုံငွေရင်းမြစ် လျော့နည်းသွားခြင်း ဖြစ်သဖြင့် နိုင်ငံများကို စီးပွားရေး မတည်ငြိမ်မှုများ ပိုမိုခံစားရစေနိုင်သည်။

ငွေကြေးဈေးကွက်သည် ယခုအချိန်တွင် အခြေအနေများ တည်ငြိမ်နေပြီဖြစ်သော်လည်း နိုင်ငံများကို နောက်တဖန်ပြန်၍ အမွှေအနှောက်ဖြစ်စေနိုင်သည့် ကန်ဒေါ်လာတန်ဖိုး နောက်ထပ်မြင့်တက်နိုင်မည့်အရေး ရှိနေဆဲဖြစ်သည်။

 အထူးသဖြင့် အဆိုးဆုံးမှာ သီရိလင်္ကာကဲ့သို့သော ထွန်းသစ်စစီးပွားရေးနိုင်ငံများဖြစ်သည်။
 နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF ၏ အချက်အလက်များအရ  သီရိလင်္ကာနိုင်ငံသည် ၂၀၂၁  နှစ်ကုန်ပိုင်းနှင့် ၂၀၂၂ နိုဝင်ဘာလတို့အကြား ကာလအတွင်းတွင် အရန်ငွေ ၄၀% ကျော် လျော့ကျသွားခဲ့သည်။
သယံဇာတ နည်းပါးသော အာရှနိုင်ငံများတွင်လည်း ကြီးမားသော ကျဆင်းမှုကို တွေ့ခဲ့ရသည်၊
ဝမ်ငွေကို မြှင့်တင်ရန် ကြိုးပမ်းမှုများကြောင့် တောင်ကိုရီးယား၏ အရန်ငွေမှာ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါသည်။
ပြီးခဲ့သောလအနည်းငယ်အတွင်း ဒေါ်လာဈေးတက်မှု လျော့ပါးသွားသောကြောင့် အချို့နိုင်ငံများတွင် အလားအလာလမ်းကြောင်း ပြောင်းလာပါသည်။


တူရကီ၏ နိုင်ငံခြားငွေ အရန်ငွေများသည် နိုင်ငံသုံးငွေ လီရာ၏ တန်ဖိုးကို ဆယ်တင်ရန် ဆက်တိုက်ကြိုးပမ်းခြင်းကြောင်း လက်ကျန်  အကြီးအကျယ် ကျဆင်းသွားစေခဲ့သည်။ သို့သော် လီရာတန်ဖိုး ဦးပြန်မော့လာသည့်အခါ လျော့ခဲ့သည်တို့ကို ပြန်လည်ဖြည့်တင်းရန် ထက်သန်စွာဖြင့် လုပ်ကိုင်ခဲ့သည်။ အဆုံးသတ်၌ ၂၀၂၁ နှစ်ကုန်တွင် ရှိနေသည့် စုစုပေါင်းပမာဏထက် ပိုများနေသည့်အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ တောင်အာဖရိကနိုင်ငံသည်လည်း အရန်ငွေ ပိုများအောင် ဖြည့်တင်းနိုင်ခဲ့သည်။

သို့သော် IMF ၏ အရန်ငွေ  လုံလောက်မှု (ARA) ကို အကဲဖြတ်မှုအရ ကမ္ဘာ့နိုင်ငံအများအပြားရှိ အရန်ငွေများမှာ စိုးရိမ်ဖွယ်ရာ နည်းပါးနေသေးသည်။ အရန်ငွေ  လုံလောက်မှု အကဲဖြတ်ခြင်း assessment of reserve adequacy (ARA) သည် ကုန်ဖို့အလားအလာ ရှိသည်တို့အတွက် ကာမိသော ပမာဏဖြင့် လက်ထဲ နိုင်ငံခြားငွေ လုံလောက်စွာ ရှိမရှိကို ဆန်းစစ်အကဲဖြတ်ပါသည်။

၎င်းအကဲဖြတ်ခြင်းအရ တူရကီသည် ယခုအခါ အရန်ငွေ ၅၃% မျှသာ ရှိသည်။ IMF ၏ အကြံပြုချက်မှာ ၁၀၀% မှ ၁၅၀% အထိ ရှိရမည် ဖြစ်သည်။

 နိုင်ငံခြားငွေ အရန်ငွေ ကမ္ဘာ့အများဆုံး ပိုင်ဆိုင်သည့် တရုတ်နိုင်ငံသည် ၎င်း၏ ARA အကဲဖြတ်ချက် ၆၀% ခန့်ရှိပါသည်။
Source FMT
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 357 times