တရုတ်ပြည်တွင်းဈေးကွက် ဂျင်းဈေးတက်


23 February, 2023

တရုတ်ပြည်တွင်းဈေးကွက် ဂျင်းဈေးတက်

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U


၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်ပြည်တွင်းဈေးကွက်မှာ ဂျင်း(ချင်း) လက်ကျန် အတော်လေး နည်းနေခဲ့ပါတယ်။ 
လက်ရှိမှာလည်း ဂျင်း လက်ကျန် နည်းနေဆဲ ဖြစ်တာကြောင့် ဈေး မြင့်တက်ပါတယ်။

အရှေ့ဥရောပသို့ ဂျင်းအမြောက်အမြား တင်ပို့တဲ့ တရုတ်ကုမ္ပဏီ Greenstream Fruits & Vegetables Co. Ltd. မှ မန်နေဂျာ Zhang က တရုတ်ပြည်တွင်း ဂျင်းဈေးတက်တာကြောင့် ပြည်ပတင်ပို့ဖို့ အခက်အခဲ ရှိနေပြီး ကြက်သွန်ဖြူ စတင် တင်ပို့နေကြောင်း ပြောကြားပါတယ်။

လက်ကျန်နည်းနေချိန်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ဂျင်းရာသီမှာ အထွက်နည်းခဲ့တယ်လို့ သူက ပြောပြပါတယ်။ 
"ပြည်တွင်းမှာ ဂျင်းအထွက်နည်းလို့ တချို့ သွင်းကုန်လုပ်ငန်းတွေက ပြည်ပမှ ဂျင်းကုိ စတင် တင်သွင်းနေကြပြီလို့ ကျွန်တော် ကြားသိရပါတယ်" လို့ Zhang က ပြောကြားပါတယ်။

"ဈေးနှုန်းတွေကို ပြောရရင် ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ဂျင်းတစ်တန်ကို ကန်ဒေါ်လာ ၃၀၀ ခန့် ဈေးတက်ခဲ့ပါတယ်။ လက်ရှိမှာ တာရှည်ခံအောင် စီမံထားတဲ့ဂျင်း တစ်တန်ကို ကန်ဒေါ်လာ ၂,၀၀၀ ပေါက်ဈေးရှိပါတယ်။ လေနဲ့အခြောက်ခံထားတဲ့ ဂျင်းက တစ်တန်ကို ကန်ဒေါ်လာ ၂၇၀၀ ပေါက်ဈေး ရှိပါတယ်" လို့ သူက ပြောပြပါတယ်။

"လက်ရှိမှာ ပြည်ပဈေးကွက်တွေ တရုတ်ဂျင်းကို လက်ခံဖို့  ခဲယဉ်းပါတယ်။ တရုတ်ဂျင်းက ဈေးကြီးနေတယ်။ ဥရောပနှင့် အမေရိက ဈေးကွက်များမှာ ဘရာဇီးဂျင်း အများအပြား ရောက်နေပါတယ်။ ဘရာဇီးဂျင်းစျေးနှုန်းက တရုတ်ဂျင်းထက် သက်သာတယ်။ ဒီတော့ လောလောဆယ် ကာလတိုအတွင်း တရုတ်ဂျင်း ရောင်းဖို့ဆိုတာ အတိုင်းအတာ တစ်ခုအထိ အခက်အခဲ ရှိနေမှာပါ" လို့ သူက ရှင်းပြပါတယ်။

"ထောက်ပံ့ပို့ဆောင်ရေး လော့ဂျစ္စတစ် ကုန်ကျစရိတ်တွေကတော့ ကျသွားပါပြီ။ ပြည်ပပို့ကုန်တွေအတွက် လော့ဂျစ္စတစ် စရိတ်တွေ ၂၀၂၃ မှာ ဆက်လက်ကျဆင်းနေပါတယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက် တင်ပို့သူတွေအတွက် အကျိုးရှိပါတယ်။ ယခုအခါ ဒေသအများစုရှိ ကုန်စည်ပို့ဆောင်ခနှုန်းထားများဟာ ကပ်ရောဂါမဖြစ်ပွားမီ အဆင့်သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပါတယ်"
"သိထားသင့်တဲ့အချက်က ဇန်နဝါရီ လလယ်ပိုင်းမှာ နယ်ခြားကုန်သွယ်ရေး ဂိတ်တွေမှာ ပြည်ပမှ ထရပ်ကားဒရိုင်ဘာတွေကို တရုတ်ပြည်ထဲသို့ ထရပ်ကားဖြင့် မောင်းဝင်ခွင့် ပေးခဲ့ပါတယ်။ တရုတ်-ရုရှားနယ်စပ်မှာ ရုရှား ထရပ်ကားဒရိုင်ဘာတွေ တရုတ်ပြည်ထဲ မောင်းဝင်လာလို့ ရသွားပြီ။ ဒီတော့ တရုတ်-ရုရှား နယ်ခြားကုန်သွယ်မှုမှာ လော့ဂျစ္စတစ် ကုန်ကျစရိတ် သက်သာတဲ့အပြင် ပိုမြန်သွားတယ်" လို့ Zhang က ပြောကြားပါတယ်။ 
"ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပို့ကုန်တွေအတွက်  လော့ဂျစ္စတစ် ကုန်ကျစရိတ် သက်သာတာက သိပ်မထူးခြားပါဘူး။ လက်ရှိမှာ အကြီးမားဆုံး ပြဿနာက ဘာလဲဆိုတော့ နိုင်ငံခြားဈေးကွက်များမှာ  ဝယ်ယူနိုင်စွမ်းက ပြန်ကောင်းမလာသေးတာ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
Source freshplaza 
TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

Agriculture & Livestock Read 532 times