လာမည့်ဘဏ္ဍာနှစ်တွင် နယ်စပ်စခန်းများမှ တစ် ဆင့် ပြည်ပသို့ တစ်သျှူး ငှက်ပျော တန်ချိန် နှစ် သိန်းနီးပါး တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၅ဝ နီးပါးရရှိရန် မျှော်မှန်းထားကြောင်း တစ်သျှူးငှက်ပျော စိုက်ပျိုးတင်ပို့သည့် လုပ်ငန်းရှင်များထံမှ သိရသည်။
တစ်သျှူးငှက်ပျောကို နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် ကျိုးတုံစခန်းများမှ တင်ပို့နေပြီး အဓိက အားဖြင့် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်ဘက်တွင် အများအပြား စိုက်ပျိုးခြင်းဖြင့် တင်ပို့နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
တစ်သျှူးငှက်ပျောက တရုတ်ဘက်ကို အများဆုံးတင်ပို့လေ့ရှိပြီး ထိုင်းဘက်သို့လည်း အနည်းငယ်သာ အရောင်းအဝယ်ရှိကြောင်း၊ ကချင်ဘက်မှာပဲစိုက်ပြီးတော့ စိုက်ပျိုးမြေဈေးကလည်း မြင့်သည်ဟု တစ်သျှူးငှက်ပျောစိုက်ပျိုးသော လုပ်ငန်းရှင်တစ်ဦးက ပြောခဲ့ပါသည်။
ထိုနယ်စပ်စခန်းများ၏ အဓိကပို့ကုန် တစ် သျှူးငှက်ပျောကို တရုတ်နိုင်ငံက ဘိန်းအစားထိုး သီးနှံအဖြစ် ဝယ်ယူနေခြင်းဖြစ်ပြီး သြဂဲနစ် သဘာဝမြေသြဇာဖြင့် စိုက်ပျိုးထားခြင်းဖြစ်၍ မြန်မာနိုင်ငံမှထွက်သမျှ တစ်သျှူးငှက်ပျောကို တရုတ်နိုင်ငံမှ ဝယ်ယူမှုရှိနေသည်ကို တွေ့ရှိရကာ ထိုသို့ အရည်အသွေးကို ဆက်လက်ထိန်းသိမ်း နိုင်ရန်အတွက် ဓာတုပစ္စည်းများပါဝင်သည့် ဓာတ်မြေသြဇာများကို မသုံးကြစေလိုကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လက်ရှိအချိန်တွင် ဝိုင်းမော်မြို့နယ်အတွင်း စိုက်ဧကပေါင်း ၂၅ဝဝဝ ကျော်တွင် တစ်သျှူး ငှက် ပျော စိုက်ပျိုးထားပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ကချင် ပြည်နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ကျေးရွာများတွင် တစ်သျှူးငှက်ပျော စိုက်ခင်း များအတွက် မြေဧက အများအပြားကို ဝယ်ယူ လျက်ရှိကြောင်း၊ ထို့အပြင် မြစ်ကြီးနား၊ မိုးမောက်၊ မံစီ၊ ဝိုင်းမော်နှင့် ရွှေကူမြို့နယ်တို့တွင်လည်း တစ် သျှူးငှက်ပျောကို အများဆုံးစိုက်ပျိုးကြပြီး တရုတ်နိုင်ငံမှ စိုက်ပျိုးရေး ပညာရှင်များကိုယ် တိုင် ငှက်ပျောစိုက်ခင်းများတွင် လာရောက်လုပ် ကိုင်နေကြကြောင်း သိရသည်။
တရုတ်က ဝယ်လက်ရှိနေသောကြောင့် စိုက်ကြကြောင်း၊ နှစ်စဉ် တန်တစ်သိန်း ခွဲကျော်လောက် ပို့နေကြောင်း၊ အခွန်အခ သက်သာသလို ဘိန်းအစားထိုး သီးနှံလည်း ဖြစ်ပြီး နောက်ပိုင်း နည်းပညာမြင့် စိုက်လာကြတော့ ပိုပြီး အထွက်နှုန်း မြင့်လာသည်ဟု မြစ်ကြီးနားရှိ တစ်သျှူးငှက်ပျောကုန်သည် တစ်ဦးက ပြောခဲ့ပါသည်။
ဝိုင်းမော်ရှိ တစ်သျှူးငှက်ပျောကုန်သည်တစ်ဦး ပြုစုထားသော စာရင်းအရ ကချင်ပြည်နယ် တစ်ခုလုံးတွင် တစ်သျှူးငှက်ပျောစိုက်ဧက လေး သောင်းဝန်းကျင်ရှိပြီး ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေး နှစ်တွင် တစ်သျှူးငှက်ပျော စိုက်ပျိုးရေးကဏ္ဍမှ အခွန်ငွေ ကျပ်သန်းခုနစ်ရာကျော် ရရှိခဲ့ကာ လက် ရှိ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းငါးရာ နီးပါး အခွန်ရရှိခဲ့ကြောင်း သိရသည်။
MOI