ဇောတိကဓာတ်ငွေ့ ပြန်လည်ပေးပို့


15 August, 2022

ဇောတိကဓာတ်ငွေ့ ပြန်လည်ပေးပို့

PTT Exploration and Production (PTTEP) မှ ဆောင်ရွက်သည့် ပိုက်လိုင်းပြုပြင်မှုများ ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ ဇောတိကဒေသမှ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့များ ပေးပို့မှု ပြန်လည်စတင်ခဲ့ကြောင်း ထိုင်းအမျိုးသား ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းစုက တနင်္လာနေ့ (ဩဂုတ် ၁၅)တွင် ထုတ်ပြန်ခဲ့သည်။

ကုန်းတွင်းပိုက်လိုင်းတွင် ဩဂုတ် ၁ ရက်က ဓာတ်ငွေ့ဖိအား ကျဆင်းခဲ့ပြီး PTTEP သည် ဓာတ်ငွေ့ပေးပို့မှုများကို ရပ်ဆိုင်းကာ နှစ်ပတ်ကြာ ပြုပြင်မှုများ ပြုလုပ်ခဲ့သည်။


PTTEP က မီးလောင်မှု သို့မဟုတ် ပေါက်ကွဲမှုကြောင့် ပိုက်လိုင်းပျက်စီးမှု အထောက်အထား မတွေ့ခဲ့ရကြောင်း အတည်ပြု ပြောကြားသည်။အစိုးရဆန့်ကျင်ရေး တော်လှန်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ရခြင်းဖြစ်သည်ဟူသော ကနဦးသတင်းများကို တုံ့ပြန်‌‌ေဖြကြားခဲ့ခြင်းဖြစ်သည်။

ဇောတိက စီမံကိန်းမှ ကုန်းတွင်းပိုက်လိုင်း ပြုပြင်မှု ပြီးစီးပြီးနောက် တနင်္ဂနွေနေ့ (ဩဂုတ် ၁၄ ရက်) တွင် ထိုင်းနိုင်ငံသို့ ပုံမှန်ဓာတ်ငွေ့ ပို့ဆောင်မှု ပြန်လည်စတင်ခဲ့ကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။

ဇောတိက စီမံကိန်းသည် နေ့စဉ် ဓာတ်ငွေ့ ကုဗပေ သန်း ၃၀၀ အထိ ထုတ်လုပ်နေပြီး ၈၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ပို့ဆောင်ပြီး ကျန်သည့် ၂၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ပို့ဆောင်နေသည်။

PTTEP သည်  Chevron နှင့် TotalEnergies တို့   အပါအဝင်  ပြည်ပလုပ်ငန်းများနှုတ်ထွက်ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေဆဲ နိုင်ငံတကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီကြီး နှစ်ခုအနက်မှ တစ်ခုဖြစ်သည်။

PTTEP သည် ဇောတိက စီမံကိန်းတွင် အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းရှိပြီး ကျန် ၂၀ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံ အစိုးရပိုင် MOGE မှ ပိုင်ဆိုင်ပါသည်။
#MyanmarIndustriesGuide 
 Telegram Channel https://t.me/Guid4U
Source: The Nation

Energy News Read 8535 times