ဖိလစ်ပိုင် အထည်ချုပ်လုပ်ငန်းကဏ္ဍ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယံ မျှော်မှန်း


01 March, 2023

ဖိလစ်ပိုင် အထည်ချုပ်လုပ်ငန်းကဏ္ဍ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယံ မျှော်မှန်း

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

ဖိလစ်ပိုင်နိုင်ငံ အထည်ချုပ်လုပ်ငန်း တင်ပို့ရောင်းချသူများအနေဖြင့် အမေရိကန်နိုင်ငံမှ အထူးချုပ်ထည်များ ဝယ်လိုအားသည် ပထဝီနိုင်ငံရေးအရ တရုတ်- အမေရိကန် ဆက်ဆံရေး အဆင်မပြေသဖြင့်ဘတရုတ်နိုင်ငံကို လက်ရှောင်ကြခြင်း၊ နိုင်ငံရေးကိစ္စရပ်များကြောင့် မြန်မာနိုင်ငံကို လက်ရှောင်ကြခြင်းတို့ကြောင့် ဖိလစ်ပိုင် အထည်ချုပ်ကဏ္ဍသည် အမှာစာများ ပိုမိုရရှိရန် အလားအလာ ရှိနေသည်။ သို့ဖြစ်ရာ ယခုနှစ်တွင် ပို့ကုန် ကန်ဒေါ်လာ ၁.၅ ဘီလီယံအထိ ရောက်ရှိမည်ဟု မျှော်လင့်ထားသည်။ 

Philippine Exporters Confederation Inc. (Philexport) သည် အလားအလာ ပိုကောင်းမွန်လာနေသည်ဟု ရှုမြင်ထားသော်လည်း ၂၀၂၂ ခုနှစ်အတိုင်းသာ ယခုနှစ်တွင် တင်ပို့နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

တရုတ်နှင့် ဗီယက်နမ်တို့သည် အလိုအလျောက်စနစ်များ၊ ရိုဘော့များ သုံးစွဲသဖြင့် အရေအတွက် နည်းပါးသော အထူးချုပ်ထည်များကို လက်မခံကြသဖြင့် ၎င်းအမှာစာများကို ဖိလစ်ပိုင်က ရရှိနိုင်သည်ဟု Philexport က ပြောကြားသည်။

မြန်မာနိုင်ငံကို ရှောင်ဖယ်သည့် အမှာစာအချို့ကို လက်ခံရရှိကြောင်း Philexport က ပြောကြားသည်။

ဖိလစ်ပိုင်သည် ချုပ်ထည်နှင့် အထည်အလိပ် ဈေးနှုန်း သက်သာသဖြင့် ပြည်ပဝယ်လက်များသည် ဖိလစ်ပိုင်မှ မှာယူသည့် ပမာဏ တိုးမြှင့်လျက်ရှိသည်ဟု Philexport မှ Robert Young က ပြောကြားသည်။

သို့သော် စွမ်းအင်ကုန်ကျစရိတ်ကြောင့် ဖိလစ်ပိုင် အထည်ချုပ်လုပ်ငန်းများ ကုန်ကျစရိတ် မြင့်မားနေသည်။ လျှပ်စစ်ဓာတ်အားခ ကုန်ကျစရိတ်သည် ချုပ်ထည် အမျိုးအစားအပေါ် မူတည်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် စုစုပေါင်း၏ ၅ မှ ၁၀ ရာခိုင်နှုန်းအထိ ရှိသည်ဟု Young က ပြောကြားသည်။

Source Malaya.com.ph

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Global News Read 261 times