ချစ်ပ်တိုက်ပွဲမှာ အရေးပါလာတဲ့ ဂါလီယမ်နှင့် ဂျာမေနီယမ် ဆိုတာ ဘာလဲ


18 July, 2023

ချစ်ပ်တိုက်ပွဲမှာ အရေးပါလာတဲ့ ဂါလီယမ်နှင့် ဂျာမေနီယမ် ဆိုတာ ဘာလဲ

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

• အမေရိကန်နှင့် ဥရောပတို့က တရုတ်နိုင်ငံကို  နည်းပညာစစ်ပွဲ ဆင်နွှဲလျက်ရှိရာ တိုက်ပွဲတစ်ခုအဖြစ် ချပ်စ်တိုက်ပွဲ ဆင်နွှဲသည်ကိုတရုတ်နိုင်ငံသည်  တန်ပြန်တိုက်ကွက်အဖြစ် ဂါလီယမ် gallium နှင့် germanium ဂျာမေနီယမ် သတ္တုနှစ်မျိုး တင်ပို့မှုကို ကန့်သတ်ထားသည်။
• ၎င်းသတ္တုနှစ်မျိုးသည် အီလက်ထရွန်းနစ် နှင့် ဆီမီးကွန်ဒတ်တာများ ထုတ်လုပ်ရန် အခရာကျသည့် သတ္တုများဖြစ်သည်။
• ဂျာမေနီယမ်ကို fiber optic ထုတ်ကုန်များနှင့် ညကြည့်မျက်မှန်များတွင် အသုံးပြုသည်။
• ဂါလီယမ်သည် ဆီမီးကွန်ဒတ်တာများအတွက် အလွန်အမင်း အရေးပါသောပစ္စည်း ဖြစ်သည်။
• တရုတ်နိုင်ငံသည် ကမ္ဘာ့ဂျာမေနီယမ် ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဂါလီယမ် ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ထုတ်လုပ်သည်။
• အခြားသတ္တုများနှင့် အစားထိုးပစ္စည်းများကို အသုံးပြုနိုင်သည့် အတွက်ကြောင့် ၎င်းသတ္တုနှစ်မျိုး တင်ပို့မှု ကန့်သတ်ချက်များ၏ သက်ရောက်မှုသည် အနည်းအကျဉ်းသာ ရှိမည်။ 

 
တရုတ်နိုင်ငံအပေါ် အမေရိကန်က ၂၀၁၉ ခုနှစ်ကတည်းက  နည်းပညာကုန်သွယ်ရေးစစ်ပွဲ စတင်ခဲ့သည်။ ထိုစဉ်ကစ၍ စစ်ရှိန်တက်လာခဲ့သည်။

တရုတ်နိုင်ငံသည် အဓိကနည်းပညာအစိတ်အပိုင်းများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း သို့မဟုတ် ချစ်ပ်များ မတင်သွင်းနိုင်စေရန် အမေရိကန်က တရုတ်ကုမ္ပဏီများကို  ကုန်သွယ်ရေးအမည်ပျက်စာရင်းများတွင် ထည့်သွင်းသည်။ နည်းပညာဆိုင်ရာ ပို့ကုန်ကန့်သတ်ချက်များကို ကျယ်ကျယ်ပြန့်ပြန့် ပြဋ္ဌာန်းခဲ့သည်။

တရုတ်နိုင်ငံသည် ယခင်ကတည်းက Google, Facebook (ယခု Meta) အစရှိသည့် အမေရိကန် နည်းပညာ ကုမ္ပဏီများကို ပိတ်ပင်ထားခဲ့သည်။ 
မကြာသေးခင်က အမေရိကန် ထိပ်တန်းချစ်ပ် ထုတ်လုပ်ရေးကုမ္ပဏီ Micron ကို ပိတ်ပင်ခဲ့သည်။ ယခုအခါ ကုန်ကြမ်းသတ္တုနှင့် ကုန်ကြမ်းပစ္စည်းများ တင်ပို့မှုကို ကန့်သတ်လိုက်သည်။

ကန့်သတ်သည့် စည်းမျဥ်းသစ်အရ ဂါလီယမ်နှင့်ဂျာမေနီယမ်တင်ပို့သူများသည် သတ္တုတင်ပို့ခွင့်လိုင်စင် ရယူရန် လိုအပ်မည်ဖြစ်ကြောင်း တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
 

ဂါလီယမ်နှင့်ဂျာမေနီယမ် ဆိုတာဘာလဲ

ဂါလီယမ်နှင့်ဂျာမေနီယမ်တို့သည် သဘာဝအလျောက် မတွေ့ရသည့် သတ္တုများ ဖြစ်ပါသည်။ အခြားသတ္တုများကို သန့်စင်ရာတွင် ဘေးထွက်ပစ္စည်းအဖြစ် ရရှိသည့် သတ္တုများဖြစ်ပါသည်။ 
ဂျာမေနီယမ်သည် ငွေဖြူရောင် သတ္တုဖြစ်ပြီး ဇင့်ထုတ်လုပ်ရာတွင် ဘေးထွက်ပစ္စည်းအဖြစ် ရရှိသည်။ 
ပျော့ပျောင်းသော ငွေရောင်သတ္တုဖြစ်သည့် ဂါလီယမ်သည် ဘောက်ဆိုက်နှင့် ဇင့် သတ္တုရိုင်းများကို သန့်စင်သည့်အခါ ဘေးထွက်ပစ္စည်းအဖြစ် ရရှိသည်။ 

 

ဂါလီယမ်နှင့်ဂျာမေနီယမ်တို့ကို ဘယ်မှာ သုံးသလဲ။

ဂျာမေနီယမ်ကို ဆိုလာ ထုတ်ကုန်များနှင့် ဖိုင်ဘာအော့ပတစ်တို့မှာ သုံးကြပါတယ်။ ဂျာမေနီယမ် သတ္တုသားက အနီအောက်ရောင်ခြည် ထွင်းဖောက်မြင်သာပါတယ်။ စစ်ဖက်သုံး ညကြည့်မျက်မှန်များတွင် အသုံးပြုသည်။
 ဂျာမေနီယမ်ပါသည့် ဆိုလာပြားကို အာကာသမှာ ထားရှိသည့် ဂြိုဟ်တုများတွင် အသုံးပြုသည်။
 

ဂါလီယမ်ကို ဂါလီယမ် အာစီနိုက် gallium arsenide ဓာတုဓာတ်ပေါင်း ထုတ်လုပ်ပြီး မိုဘိုင်းဖုန်းအတွက် ရေဒီယိုတုန်နှုန်းချစ်ပ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ ဆက်သွယ်ဂြိုဟ်တုအတွက် ချစ်ပ်များတွင်လည်း အသုံးပြုသည်။ ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရာတွင် ဂါလီယမ်ဓာတ်‌ေပါင်းသည် အခရာကျသည့် သတ္တုဖြစ်သည်။ 
ဂါလီယမ် အာစီနိုက် ထုတ်လုပ်ရသည်မှာ ရှုပ်ထွေးနက်နဲပါသည်။ ထုတ်လုပ်ပေးနိုင်သည့် ကုမ္ပဏီ အနည်းအကျဉ်းသာ ရှိပြီး ဥရောပ၊ ဂျပန်နှင့် တရုတ်တို့တွင် တည်ရှိပါသည်။


ဂါလီယမ်နှင့်ဂျာမေနီယမ်တို့ကို မည်သည့်နိုင်ငံများတွင် ထုတ်လုပ်ပါသလဲ။

တရုတ်နိုင်ငံသည် ကမ္ဘာ့ဂျာမေနီယမ် ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းနှင့် ကမ္ဘာ့ဂါလီယမ် ထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းကို ထုတ်လုပ်သည်
Source cnbc
 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 311 times