ဂါလီယမ်နှင့် ဂျာမေနီယမ် ထုတ်လုပ်သည့် နိုင်ငံများ


23 July, 2023

ဂါလီယမ်နှင့် ဂျာမေနီယမ် ထုတ်လုပ်သည့် နိုင်ငံများ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 


အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ကွန်ပျူတာ ချစ်ပ်များနှင့် အခြားထုတ်ကုန်များတွင် အသုံးပြုသည့် ဂါလီယမ်နှင့် ဂျာမေနီယမ် သတ္တုတို့ကို ၎င်းသတ္တုဓာတ်ပေါင်းများနှင့်တကွ ၂၀၂၃  ဩဂုတ် ၁ ရက်မှ စတင်၍ တင်ပို့မှု ကန့်သတ်ချက် ချမှတ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာခဲ့သည်။ 

ဂျာမေနီယမ် Germanium

ဂျာမေနီယမ်ကို သတ္တုရိုင်းအဖြစ် တွေ့ရခဲသည်။ ဇင့် ထုတ်လုပ်ရာတွင် ဘေးထွက်ပစ္စည်းအဖြစ် ရရှိသည်။ 


ဥရောပစက်မှုအသင်း Critical Raw Materials Alliance (CRMA) အဆိုအရ ကမ္ဘာ့ ဂျာမေနီယမ် ထုတ်လုပ်မှု၏ ၆၀% ကို တရုတ်ပြည်မှာ ထုတ်လုပ်သည်။ ကျန်သည့် ရာခိုင်နှုန်းကို ကနေဒါ၊ ဖင်လန်၊ ရုရှားနှင့် အမေရိကန် အစရှိသည့် နိုင်ငံများတွင် ထုတ်လုပ်သည်။

တရုတ်အကောက်ခွန်ဦးစီးဌာန အဆိုအရယမန်နှစ်တွင် တရုတ်နိုင်ငံမှ ဂျာမေနီယမ် ၄၃ ဒသမ ၇ မက်ထရစ်တန် တင်ပို့ခဲ့သည်။

U.S. Geological Survey (USGS) အဆိုအရ ယမန်နှစ်တွင် ဂျာမေနီယမ် အကြမ်းအားဖြင့် ကန်ဒေါ်လာ ၃၉ သန်းဖိုး သုံးစွဲ့ခဲ့သည်။


ဂါလီယမ် Gallium

ဂါလီယမ် သည် ဇင့်သတ္တုရိုင်းများနှင့် ဘောက်ဆိုက် အရိုင်းများတွင် တွေ့ရှိရသည်။

 ဘောက်ဆိုက်သတ္တုရိုင်းဖြင့် အလူမီနီယံ ထုတ်လုပ်သည့်အခါ ဂါလီယမ်ကို ဘေးထွက်ပစ္စည်းအဖြစ် ရရှိသည်။
CRMA အဆိုအရ  ကမ္ဘာ့ ဂါလီယမ် ထုတ်လုပ်မှု၏ ၈၀% ကို တရုတ်ပြည်မှာ ထုတ်လုပ်သည်။

ဂါလီယမ်ကို အီလက်ထရွန်နစ်ပစ္စည်းများတွင် အသုံးပြုရန်အတွက် ဂါလီယမ် အာဆင်းနိုက်ပြုလုပ်ရန် အသုံးပြုသည်။
လိုအပ်သော သန့်စင်မှု အရည်အသွေး စံမီအောင် ထုတ်လုပ်ပေးနိုင်သော ကုမ္ပဏီ အရေအတွက် လက်ချိုးရေလို့ ရအောင် နည်းပါးပါသည်။
CRMA အဆိုအရ ဥရောပတွင် ကုမ္ပဏီ တစ်ခု ရှိပြီး ဂျပန်နှင့် တရုတ်တို့တွင်လည်း ရှိသည်။
ကနေဒါကုမ္ပဏီ Neo Performance Materials က  လိုအပ်သော သန့်စင်မှုအရည်အသွေးရှိ ဂါလီယမ်ကိုလည်း ပြုလုပ်ပေးနိုင်သည်ဟု ဆိုသည်။
တရုတ်အကောက်ခွန်ဦးစီးဌာန အဆိုအရ ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသို့ ဂါလီယမ် ၉၄ မက်ထရစ်တန် တင်ပို့ခဲ့သည်။

USGS အဆိုအရ ၂၀၂၂ ခုနှစ်တွင် အမေရိကန်သည် ဂါလီယံသတ္တု ကန်ဒေါ်လာ ၃ သန်းဖိုး၊ 
ဂါလီယမ် အာဆင်းနိုက်  (GaAs) ဝေဖာ ကန်ဒေါ်လာ သန်း ၂၀၀ ဖိုး တင်သွင်းခဲ့သည်။

 

အနည်းအကျဉ်း ထုတ်လုပ်သူများ

ဂါလီယမ် အနည်းအကျဉ်း ထုတ်လုပ်သည့် နိုင်ငံများမှာ ဂျပန်၊ ရုရှားနှင့် တောင်ကိုရီးယားတို့ဖြစ်ပြီး ၁၀ မက်ထရစ်တန် ဝန်းကျင် ထုတ်လုပ်သည်။ တဖန်ပြန်သုံး recycled အနေဖြင့်လည်း ထုတ်လုပ်သည်။

ဂျာမနီနှင့် ကာဇက်စတန်တို့ကလည်း ၎င်းကို ယခင်က ထုတ်လုပ်ခဲ့ဖူးသည်။
၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်များတွင် စျေးနှုန်းများ မြင့်တက်လာပြီးနောက် ဂျာမနီသည် ဂါလီယမ် မူလထုတ်လုပ်မှုကို ပြန်လည်စတင်မည်ဟု ကြေညာခဲ့သည်။

ကနေဒါမှ Teck Resources သည် မြောက်အမေရိကတွင် ဂျာမေနီယမ် အများဆုံး ထုတ်လုပ်သူဖြစ်ပြီး ၎င်း၏ သတ္တုအရည်ကြိုသန့်စင် စက်ရုံမှာ ထုတ်လုပ်သည်။

US အခြေစိုက် Indium Corporation သည်လည်း ဂျာမေနီယမ်ကို ထုတ်လုပ်သည်။

ဘယ်လ်ဂျီယံမှ  Umicore သည် ဂါလီယမ်နှင့် ဂျာမေနီယမ် နှစ်မျိုးစလုံး ထုတ်လုပ်သည်။

အစားထိုးစရာ

အချို့သော သုံးစွဲပုံများတွင် ဥပမာ အာဆင်းနိုက်ဝေဖါမှ ဂါလီယံကို ဆီလီကွန် သို့မဟုတ် အင်ဒီယမ်ဖြင့် အစားထိုးနိုင်သည်။

အချို့သော သုံးစွဲပုံများတွင် အစားထိုး သုံးစွဲလျှင် အရည်အသွေး သိသိသာသာ ယုတ်လျော့သည်။
အနီအောက် ရောင်ခြည်စနစ်တွင် ဇင့်ဆီလီနိုက်ကို အစားထိုးနိုင်သော်လည်း စွမ်းဆောင်ရည် ယုတ်လျော့မည် ဖြစ်သည်။

 

ကာလပေါက်ဈေး
ဇူလိုင်လဆန်း ပေါက်ဈေးမှာ တရုတ်နိုင်ငံတွင် ၉၉.၉၉% သန့်စင်မှုရှိသော ဂါလီယံ တစ်ကီလိုလျှင် ယွမ် ၁,၇၇၅ ($245) ဖြစ်ပါသည်။

တရုတ်နိုင်ငံတွင် ဂျာမနီယမ် သတ္တုချောင်း ပေါက်ဈေးသည် တစ်ကီလိုလျှင် ယွမ် ၉၁၅၀ ($1,264) ဖြစ်ပါသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 238 times