အာကာသခရီးသွားလုပ်ငန်း ပထမဆုံးခရီးစဉ် အောင်မြင်


11 August, 2023

အာကာသခရီးသွားလုပ်ငန်း ပထမဆုံးခရီးစဉ် အောင်မြင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

 ဗြိတိန်ဘီလျံနာ Richard Branson တည်ထောင်သည့် အာကာသခရီးသွားလုပ်ငန်းကုမ္ပဏီ Virgin Galactic သည် ပထမဆုံး ခရီးစဉ်ကို အောင်မြင်စွာ ပျံသန်းနိုင်ခဲ့သည်။
 
လုပ်ငန်းရှင်နှင့် ကျန်းမာရေးး နည်းပြ Keisha Schahaff ၊ သူမ၏ သမီး Anastatia Mayers ၊ ကနူးလှေ အုိလံပစ်အားကစားသမားနှင့် အကြောအားနည်းသဖြင့် ခြေလက်တုန်သည့် ပါကင်ဆန် ရောဂါရှင် Jon Goodwin တို့ ၃ ဦး ခရီးသည်အဖြစ် လိုက်ပါကြသည်။

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုရှိ Virgin Galactic ၏ အာကာသစခန်းတွင် မိခင် လေယာဉ် တောင်ပံအောက်တွင် တွဲထားသည့် ဒုံးပျံအင်ဂျင်ပါဝါ သုံးစွဲ‌ေသာ အာကာသယာဉ်ပျံ VSS Unity ပေါ်တွင် ခရီးသည်များ နေရာယူသည်။
ဒေသစံတော်ချိန် မနက် ၈ နာရီခွဲတွင် စတင်ထွက်ခွာသည်။
 VMS Eve သည် လေထဲ ပျံတက်ပြီးသောအခါ အမြင့်ပေ ၄ သောင်းကျော်သို့ တက်သည်။ အာကာသနယ်နိမိတ် အစွန်အဖျားသို့ ရောက်သောအခါ VSS Unity ကို ဖြုတ်ချလိုက်သည်။
VSS Unity က ဒုံးပျံအင်ဂျင်ပါဝါကို ၁ မိနစ်ခန့် အသုံးပြုပြီး အထက်သို့ ဆက်တက်သည်။ အာကာသအစွန်အဖျားသို့ ရောက်ရှိသည်။ ခရီးသည်များ မြေဆွဲအား ကင်းမဲ့နေသည့် အတွေ့အကြုံ ရရှိကြသည်။ မိနစ်အနည်းငယ် အကြာတွင် ကမ္ဘာ့လေထုထဲ ပြန်လည်ရောက်ရှိကြပြီး မြေပြင်သို့ ဆင်းသက်သည်။

Galactic 02 ဟု အမည်ပေးထားသော အဆိုပါ ခရီးစဉ်သည် အပျော်တမ်း ခရီးသည်များအား အာကာသထဲသို့ ခေါ်ဆောင်လာကာ မြေဆွဲအား မရှိသဖြင့် အလေးချိန် ကင်းမဲ့နေခြင်းနှင့် ကမ္ဘာလုံးကို အာကာသမှ ကြည့်ရှုနိုင်သည့် အခွင့်အလမ်းကို ပေးဆောင်မည်ဟု လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်နီးပါးက Virgin Galactic  တည်ထောင်သူ ဗြိတိသျှ ဘီလီယံနာ Richard Branson က ကတိပေးခဲ့သည်ကို အကောင်အထည် ဖော်သည့် ခရီးစဉ် ဖြစ်သည်။

ယခင်ခရီးစဉ် Galactic 01 ကို ဇွန်လတွင် စေလွှတ်ခဲ့ရာ အီတလီ လေတပ်မှ အရာရှိများ လိုက်ပါခဲ့ကြပြီး စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ကြသည်။ 

၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့သော Virgin Galactic သည် အနာဂတ်ခရီးစဉ်များအတွက် ခရီးသည် ၈၀၀ ဦးကို ရောင်းချထားသည်။
၂၀၀၅ နှင့် ၂၀၁၄ ခုနှစ်ကြားတွင် တစ်ဦးလျှင် ‌ကန်ဒေါ်လာ ၂ သိန်းမှ ၂ သိန်းခွဲအထိ ဈေးနှုန်းများဖြင့် ခရီးသည် ၆၀၀ ဦးကို ရောင်းချခဲ့သည်။ ထိုနောက်ပိုင်းတွင် တစ်ဦးလျှင် ‌ကန်ဒေါ်လာ ၄ သိန်းခွဲဖြင့် ၂၀၀ ဦးကို ရောင်းချခဲ့သည်။
 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Global News Read 247 times