ရုရှားရေနံစိမ်းဖြင့် ထုတ်လုပ်သည့် လောင်စာဆီ အိန္ဒိယမှတစ်ဆင့် ဥရောပသို့ ရောက်ရှိ


14 April, 2023

ရုရှားရေနံစိမ်းဖြင့် ထုတ်လုပ်သည့် လောင်စာဆီ အိန္ဒိယမှတစ်ဆင့် ဥရောပသို့ ရောက်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင်အိန္ဒိယနိုင်ငံသို့ ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှု စံချိန်တင် မြင့်မားလာခြင်းသည် အိန္ဒိယ၏ ရေနံချက်လုပ်ငန်းများက ဥရောပသို့ ဒီဇယ်နှင့် ဂျက်‌ေလယာဉ်ဆီများ တင်ပို့မှု တိုးမြင့်လာခြင်းကြောင့်ဖြစ်ကြောင်း သင်္ဘောများ အသွားအလာ ခြေရာခံ မှတ်တမ်းတင်ထားသည့် Kpler နှင့် Vortex တို့မှ အချက်အလက်များအရ သိကြရသည်။
.
စျေးပေါသော ရုရှားရေနံကို သုံးစွဲနိုင်မှုသည် အိန္ဒိယရေနံချက်စက်ရုံများ ထုတ်လုပ်မှု တိုးစေခဲ့ပြီး  အမြတ်များလည်း တိုး‌‌စေသည်။ သန့်စင်ပြီး ရေနံထုတ်ကုန်များကို ဥရောပသို့ အပြိုင်အဆိုင် တင်ပို့နိုင်ခဲ့ပြီး ပိုမိုကြီးမားသော စျေးကွက်ဝေစုကို ရယူနိုင်ခဲ့ကြသည်။ 
.
ဥရောပသည် ရုရှားက ယူကရိန်းကို မကျူးကျော်မီ အိန္ဒိယမှ ဒီဇယ်နှင့် လေယာဉ်ဆီ ပျမ်းမျှ တစ်ရက်လျှင် စည်ပေါင်း ၁၅၄,၀၀၀ barrel per day (bpd) တင်သွင်းလေ့ရှိသည်။

၂၀၂၂ ဖေဖော်ဝါရီ ၅ ရက်မှ စ၍ ရုရှားရေနံထွက်ကုန်များ တင်သွင်းမှုကို ဥရောပသမဂ္ဂက တားမြစ်ခဲ့ပြီးနောက် အိန္ဒိယမှ ဒီဇယ်နှင့် လေယာဉ်ဆီများ ဥရောပသို့ တင်ပို့မှုသည်  ၂၀၀,၀၀၀ bpd အထိ တိုးလာခဲ့သည်။

ဘဏ္ဍာနှစ်ကုန်ဆုံးရန် မတ်လတွင် အိန္ဒိယ၏ ရုရှားရေနံစိမ်း တင်သွင်းမှုသည် ခုနစ်လဆက်တိုက် မြင့်တက်ခဲ့သည်။ ရုရှားကို အိန္ဒိယသို့ ရေနံစိမ်း ထိပ်တန်း တင်သွင်းသူအဖြစ်သို့ ရောက်ရှိစေသည်။ ယခင်က ထိပ်ဆုံးမှာ အမြဲရှိနေခဲ့သည့် အီရတ်ကို ပထမဆုံးအကြိမ်အဖြစ် ပထမနေရာ ဖယ်ပေးစေခဲ့သည်။
.
အိန္ဒိယမှ ရေနံချက်စက်ရုံများသည် ရုရှားရေနံကို သယ်ယူရသည့် ခရီးတာ ဝေးသဖြင့် ပို့ဆောင်ခ စရိတ်ထောင်းသဖြင့် လက်ရှောင်ထားကြသည်။ ယခု ဈေးသက်သာသဖြင့် တင်သွင်းကြသည်။ ၂၀၂၂-၂၃ တွင် ၉၇၀,၀၀၀~၉၈၁,၀၀၀ bpd တင်သွင်းခဲ့ကြသည်။ အိန္ဒိယ တင်သွင်းသည့် ရေနံစုစုပေါင်း ပမာဏ၏ ငါးပုံတစ်ပုံ ကျော်သွားသည်အထိ တင်သွင်းခဲ့ကြသည်။
အီရတ်ရေနံကို ၂၀၂၁-၂၂ တွင် ၁ သန်း bpd တင်သွင်းခဲ့ပြီး ၂၀၂၂-၂၃ တွင် ၉၃၆,၀၀၀~၉၆၁,၀၀၀ တင်သွင်းခဲ့သည်။


.
အိန္ဒိယ ရေနံစိမ်း တင်သွင်းမှု 

 

 

ရုရှားနိုင်ငံ၏ အထင်ကရအဆင့်ဖြစ်သော Urals ရေနံစိမ်းကို အိန္ဒိယ အများစု ဝယ်ယူခဲ့ပြီး အနည်းစုအနေဖြင့် အခြားရုရှားရေနံစိမ်းအကြဲများ ဖြစ်ကြသည့် အရှေ့ဖျားနှင့် အာတိတ် ရေနံစိမ်းများ ဖြစ်သော Sokol, Arco, Novy Port, ESPO တို့ကိုလည်း ဝယ်ယူခဲ့ကြသည်။
.
ရုရှား၏ အကြီးဆုံး ရေနံထုတ်လုပ်သူ Rosneft နှင့် ထိပ်တန်း အိန္ဒိယ ‌ေရနံချက် ကုမ္ပဏီ Indian Oil Corp တို့သည် အိန္ဒိယသို့  ရုရှားရေနံစိမ်း အမျိုးမျိုး တိုးမြှင့်တင်ပို့ရန် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။


ထိုသို့ ရုရှားရေနံစိမ်းများ တင်သွင်းပြီး ထုတ်လုပ်သည့် လောင်စာဆီအမျိုးမျိုးတွင် ဒီဇယ်ဆီ ဥရောပသို့ တင်ပို့မှုသည် ၂၀၂၂-၂၃ ဘဏ္ဍာရေးနှစ်တွင် ၁၅၀,၀၀၀-၁၆၇,၀၀၀ bpd ရှိခဲ့သည်။
အိန္ဒိယဒီဇယ်ကို ဥရောပတိုက်မှ အဓိကဝယ်ယူသည့် နိုင်ငံများမှာ ပြင်သစ်၊ တူရကီ၊ ဘယ်လ်ဂျီယံနှင့် နယ်သာလန်တို့ဖြစ်သည်။
.
အိန္ဒိယ ဂျက်လေယာဉ်ဆီ တင်ပို့မှုတွင် ၅၀%ခန့်ကို ဥရောပသို့ တင်ပို့သည်။ ၇၀,၀၀၀~၇၅,၀၀၀ bpd ဝန်းကျင် ၂၀၂၂-၂၃ တွင် တင်ပို့ခဲ့သည်။ ၂၀၂၁-၂၂ တွင် ၄၀,၀၀၀-၄၂,၀၀၀ bpd တင်ပို့ခဲ့သည်။

 


အိန္ဒိယ ရေနံထုတ်ကုန်အမျိုးမျိုး တင်ပို့မှု


 

ဥရောပသို့ တင်ပို့မှု တိုးမြှင့်ခြင်းအပြင် အိန္ဒိယသည် အမေရိကန်သို့ ဓာတ်ဆီနှင့် ဒီဇယ်ဆီ ထုတ်လုပ်သည့် vacuum gas oil  (VGO) တင်ပို့မှုကိုလည်း မြှင့်တင်ခဲ့သည်။
အမေရိကန်သည် ၂၀၂၂-၂၃ တွင် VGO ၁၁,၀၀၀-၁၂,၀၀၀ bpd ခန့်ကို အိန္ဒိယထံမှ တင်သွင်းခဲ့သည်။
၂၀၂၁-၂၂ တွင် အိန္ဒိယသည် အမေရိကန်သို့ VGO ၅၀၀ bpd ခန့်သာ တင်ပို့ခဲ့သည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 269 times