စက်သုံးဆီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး


08 March, 2018

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့် တင်ပြခဲ့ပါသည်။

(၁) စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချခွင့်ရရှိရန် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးအတွက် တစ်ပြေးညီ ဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းနှင့် Standard Operating Procedures များ မတူညီဘဲ ကွဲပြားနေသဖြင့် အခက်အခဲများတွေ့ရှိ နေရပါကြောင်း 
မြေအသုံးချမှု ကင်းရှင်းသော၊ မြေကိစ္စ ခိုင်မာသော ဆိုင်များပင်လျှင် ခွင့်ပြုချက်ရရှိရန် အချိန် တစ်နှစ်ခန့်ကြာမြင့်နေပြီး မြေကိစ္စ ဆောင်ရွက်ရန် လိုအပ်သော အခြေအနေတွင် (၂) နှစ်ခန့် အချိန် ကြာမြင့်ပါကြောင်း နှင့် အဆင့်ဆင့် ဆောင်ရွက်နေရပါသဖြင့် မလိုလားအပ်သော ရှုပ်ထွေးမှုများ ကြုံတွေ့ရပါကြောင်း

(၂) စက်သုံးဆီ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခွင့် လိုင်စင်ထုတ်ပေးမှုကို ပိုမို သွက်လက်စွာ ခွင့်ပြုပေးပါရန်

(၃) ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေ သို့မဟုတ် ညွှန်ကြားချက်၊ အမိန့်တို့ဖြင့် ထုတ်ပြန်ဆောင်ရွက်ခြင်းကို လုပ်ငန်းရှင်များ လွယ်ကူစွာ သိရှိလိုက်နာနိုင်ရန် စောလျှင်စွာ ထုတ်ပြန်ပေးပါရန်

(၄) စက်သုံးဆီ အရောင်းဆိုင် ခွင့်ပြုမိန့်ကို ပြည်ထောင်စုအဆင့်အထိ တင်ပြဆောင်ရွက်နေရခြင်း အစား တိုင်းဒေသကြီး/ ပြည်နယ် အဆင့်တွင်ပင် လိုအပ်သော စိစစ်မှုများ ပြုလုပ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များမှ ခွင့်ပြုမိန့်များ ထုတ်ပေးခြင်းဖြင့် အဆင့်များ လျှော့ချပေးနိုင်ရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်တွင်လည်း One-stop service ဖြင့် ဆောင်ရွက်နိုင်ရေး စီစဉ်ပေးရန်

(၅) စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်နိုင်ရန် လယ ၃၀ လျှောက်ထားမှုတွင် မူဝါဒများ တစ်ပြေးညီတည်းဖြစ်ရေးအတွက် စနစ်တစ်ခုဖြင့် ဖြေလျှော့ပေးပါရန်

Source: UMFCCI

How To Read 613 times