တရုတ်နိုင်ငံ  သန့်စင်ပြီး လောင်စာဆီ တင်ပို့မှု  ခွဲတမ်း ၂၀၂၄ ပထမဆုံးအသုတ် ထုတ်ပြန်


01 January, 2024

တရုတ်နိုင်ငံ  သန့်စင်ပြီး လောင်စာဆီ တင်ပို့မှု  ခွဲတမ်း ၂၀၂၄ ပထမဆုံးအသုတ် ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်အတွက် သန့်စင်ပြီး လောင်စာဆီ တင်ပို့မှု ခွဲတမ်း ပထမဆုံးအသုတ်ကို 
စုစုပေါင်း မက်ထရစ်တန် ၁၉ သန်း ခွင့်ပြုပါသည်။ ယမန်နှစ် ပထမအသုတ် ပမာဏနှင့် မတိမ်းမယိမ်း ဖြစ်ပါသည်။ ယမန်နှစ်က ပထမအသုတ် တန်ချိန် ၁၈.၉၉ သန်း ခွင့်ပြုခဲ့ပါသည်။ 


 တရုတ်နိုင်ငံသည် ၎င်း၏ သန့်စင်ပြီး ရေနံတင်ပို့မှုကို တင်းကျပ်သော ခွဲတမ်းစနစ်ဖြင့် စီမံခန့်ခွဲကာ ပို့ကုန်များကို ဟန်ချက်ညီစေရန်နှင့် ပြည်တွင်းဈေးကွက်ကို လုံလောက်စွာ ထောက်ပံ့ပေးနိုင်ဖို့ သေချာစေရန် ထိန်းချုပ်ပါသည်။

ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီတို့ အကျုံးဝင်သည့် ခွဲတမ်း၏ ထိပ်တန်း အများဆုံး ရရှိသူများဖြစ်သည့် Sinopec နှင့် CNPC တို့ကို တန်ချိန် ၁၃ ဒသမ ၂၂ သန်းကို ခွင့်ပြုပေးခဲ့သည်။ ခွဲတမ်းအားလုံးစုစုပေါင်း၏ ၇၀% ကို ရရှိခြင်း ဖြစ်ပါသည်။ 

Zhejiang Petrochemical Corp သည် သန့်စင်ပြီး လောင်စာဆီ တင်ပို့မှု ခွဲတမ်းဖြင့် ချထားပေးသည့် တစ်ခုတည်းသော ပုဂ္ဂလိက ရေနံချက် သန့်စင်စက်ရုံဖြစ်ပြီး ခွဲတမ်း စုစုပေါင်း တန်ချိန် ၁.၇၃ သန်း ရရှိသည်။ 


တရုတ်နိုင်ငံသည် သင်္ဘောသုံး ဆာလဖာနည်းသော လောင်စာဆီ low-sulfur fuel oil (LSFO) ခွဲတမ်း ပမာဏ တန်ချိန် ၈ သန်းကို ပထမဆုံးအသုတ် ချပေးလိုက်သည်။ ၉၀% ကို Sinopec နှင့် CNPC တို့ ရရှိသည်။ 
ယမန်နှစ်က ပမာဏနှင့် အတူတူပင် ဖြစ်သည်။

၂၀၂၃ နှစ် ပထမ ၁၁ လ အတွင်း တရုတ်နိုင်ငံမှ သန့်စင်ပြီး စက်သုံးဆီ တန်ချိန် ၃၉ သန်းနီးပါး တင်ပို့ခဲ့ရာ၌ 

• လေယာဉ်ဆီ တန်ချိန် ၁၄.၃ သန်း
• ဒီဇယ်ဆီ တန်ချိန် ၁၃.၁ သန်း
ပါဝင်သည်။ 

Source Reuters 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 260 times