မြန်မာနိုင်ငံရှိ ထိုင်းအကျိုးစီးပွားကို ကာကွယ်‌ပေးရန်  ထိုင်းအစိုးရအား FTI  တိုက်တွန်းထား


06 March, 2024

မြန်မာနိုင်ငံရှိ ထိုင်းအကျိုးစီးပွားကို ကာကွယ်‌ပေးရန်  ထိုင်းအစိုးရအား FTI  တိုက်တွန်းထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းပုဂ္ဂလိကကဏ္ဍသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ လည်ပတ်ရာတွင် ကသောင်းကနင်းများနှင့် ရင်ဆိုင်နေရပြီး ရင်းနှီးမြှုပ်နှံမှုများ နှောင့်နှေးစေသည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုသည်လည်း ဆက်တိုက် ကျဆင်းလာကာ ယမန်နှစ်က ၁၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 

သို့သော်လည်း အခြားနိုင်ငံများမှ ကုမ္ပဏီများ မြန်မာမှ ထွက်ခွာကြသည်နှင့်အမျှ ပေါ်ပေါက်လာသည့် အခွင့်အလမ်းများကို အသုံးချရန်အတွက် ထိုင်းစီးပွားရေးလုပ်ငန်းများ တိုးချဲ့မည့်  အစီအစဥ်များကို ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။

 

ထိုင်းနိုင်ငံ  စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် Federation of Thai Industries(FTI) ၏ ဥက္ကဋ္ဌ Kriengkrai Thiennukul က မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံသည့် စီးပွားရေးလုပ်ငန်းများသည် ရောထွေးယှက်တင် ပိုဖြစ်လာနေသော ပထဝီဝင်နိုင်ငံရေး စိန်ခေါ်မှုများကို အနီးကပ် စောင့်ကြည့်ရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

အထူးသဖြင့် အနောက်နိုင်ငံများက တရုတ်နှင့် စီးပွားရေးဆက်ဆံမှုများကြောင့် မြန်မာ အစိုးရကို မျက်နှာသာ မပေးလိုကြပေ။

 

စစ်အုပ်ချုပ်ရေးကြောင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများက ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံမှ အခြားနေရာသို့ ရွှေ့ပြောင်းသည်။ 

ထိုင်းစီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ တိုးချဲ့မည့် အစီအစဉ်များကို နှေးထားကာ အခြေအနေတည်ငြိမ်မည့် အချိန်ကို စောင့်ဆိုင်းလျက်ရှိသည်။

.

စစ်ဆေးရေးဂိတ်များ ချက်ခြင်းဖွင့်လှစ်ပေးရန် FTI မှ တင်ပြသော အဆိုပြုချက်အား ကြိတင်စီမံပေးခဲ့သည့် ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင်ကို ကျေးဇူးတင်ရှိကြောင်း Kriengkrai က ပြောကြားသည်။

သွင်းကုန်နှင့် ပို့ကုန် နှစ်မျိုးစလုံး ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရန် စစ်ဆေးရေးဂိတ်များကို ခေတ်မီအောင် လုပ်ဖို့ လိုအပ်နေသည်ကို ထိုင်းအစိုးရက ဆောင်ရွက်ပေးခဲ့သည်။

 ထိုင်းအစိုးရသည်  ဆုံးဖြတ်ချက်ချရာ၌ မြန်ဆန်သည်ကို ပြသသည်။ ပြဿနာများကို နားလည်ပြီး ဆောလျင်စွာ ဖြေရှင်းပေးရာ၌ စီးပွားရေးသမားများကဲ့သို့ ပြုမူသည်ဟု Kriengkrai က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေကို အခွင့်အလမ်းတခုဟု ရှုမြင်သင့်သည်ဟု ၎င်းကဆိုသည်။ အခြားနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် တုံ့ဆိုင်းနေကြချိန်၊ ရင်းနှီးမြှုပ်နှံမှုများ ပြန်ထုတ်ယူနေကြချိန်တွင် "ထိုင်းနိုင်ငံအနေနဲ့ ဒီအခွင့်အရေးကို အခွင့်ကောင်းရအောင် ဘယ်လို အသုံးချမလဲ ဆိုတာကို ဗျူဟာမြောက် ချမှတ်သင့်တယ်။ ဒီကိစ္စကို အကျယ်တဝင့် ဆွေးနွေးပြီးဆက်လက်စူးစမ်းဖို့ လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

.

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် မငြိမ်မသက်မှုများကြောင့် ထိုင်းရင်းနှီးမြှုပ်နှံသူတွေအပေါ် လွန်ခဲ့သည့် ၂ နှစ်မှ ၃ နှစ်အတွင်း သက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့ပါ။

Bank of Thailand (BOT) သည် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း ဒေသတွင်း နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုဆိုင်ရာ ဆွေးနွေးမှုများကို လွယ်ကူချောမွေ့စေရေးနှင့် မြှင့်တင်ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက် ထိုင်းနိုင်ငံ အ‌ခြေအနေ ကောင်းနေစေသည်။ ထိုင်းကုန်ပစ္စည်းများ ဝယ်လိုအား တိုးလာခြင်းကြောင့် ထိုင်းစီးပွားရေး အားကောင်းလာခဲ့သည်။

.

လက်ရှိအချိန်တွင် ငွေလဲနှုန်းအတွက် အဓိကစိန်ခေါ်မှု ရှိနေပါသည်။ နိုင်ငံသုံးငွေကြေးများဖြစ်သည့် ဘတ်နှင့် ကျပ်တို့ကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သည့် မူဝါဒတစ်ရပ်ကို ချမှတ်ခဲ့သည်။

၎င်းကိစ္စရပ်အတွက် BOT သည် မြန်မာအစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး သိသာထင်ရှားသော မှတ်တိုင်တစ်ခု စိုက်ထူခဲ့သည်။

.

မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် ကုန်သွယ်မှု မညီမျှမှုကြောင့် နိုင်ငံခြားငွေ အရန်ငွေများ သိသိသာသာ ကျဆင်းသွားသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ လက်ကျန် နိုင်ငံခြားငွေ အရန်ငွေများကို ထိန်းသိမ်းထားရန် နိုင်ငံခြားငွေ ရောင်းဝယ်မှုကို ထိန်းချုပ်ကြောင်း ကြေညာခဲ့သည်။

ဒေါ်လာနှင့် ရောင်းဝယ်ကြသူများတွင် ထိခိုက်မှုများရှိသော်လည်း ထိုင်းနိုင်ငံသည် ကြီးကြီးမားမား သက်ရောက်မှု မခံစားရပေ။

“ဒါပေမယ့် ပဋိပက္ခတွေ ကျယ်ပြန့်လာပြီး ထိုင်းနယ်စပ်နားက တိုင်းရင်းသား ဒေသတွေအထိ ချဲ့ထွင်လာတဲ့အခါမှာတော့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကုန်သွယ်မှုနှင့် ကုန်ပစ္စည်းဖြန့်ဖြူးမှု ပြတ်တောက်ခဲ့ပြီး လုံခြုံရေးအန္တရာယ်များ မြင့်တက်လာခဲ့ပါတာ်" ဟု Kriengkrai က ပြောကြားသည်။

 

FTI ၏ ဒုတိယဥက္ကဋ္ဌ Montri Mahaplerkpong က ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ကုန်သွယ်မှုကို အစိုးရက ဆက်လက်ပံ့ပိုးပေးရန် အဖွဲ့ချုပ်က အဆိုပြုထားကြောင်း ပြောကြားသည်။

.

ပံ့ပိုးကူညီမှုများတွင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသည့် မငြိမ်မသက်မှုများ၏ သက်ရောက်မှုကို လျော့နည်းစေရန်အတွက် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်နေသော ထိုင်းရင်းနှီးမြှုပ်နှံသူများကို စောင့်ရှောက်ပေးခြင်း ပါဝင်သည်။

၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ကျဆင်းလာရာ၌ ၂၀၂၃ ခုနှစ်တွင် ၁၁ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း ၎င်းက ပြောကြားသည်။။ လက်ရှိနှစ် တစ်လျှောက်လုံးတွင်လည်း အလားတူရေချိန်တွင် ဆက်လက်ရှိနေဦးမည်ဟု ကြိုတင်မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် လူနည်းစုအုပ်စုများ လက်အောက်သို့ ရောက်ရှိသွားနိုင်သည့်အရေးမှာ စိုးရိမ်စရာဖြစ်သည်။ အချို့သော ထိုင်းစက်ရုံများသည် မြန်မာအစိုးရ ထိန်းချုပ်နယ်မြေများတွင် မတည်ရှိပါ။

နယ်မြေပိုင်စိုးမှု ဩဇာအာဏာချဲ့ထွင်ရန် ကြိုးပမ်းမှု ရှိလာခဲ့လျှင် ယင်းရင်းနှီးမြှုပ်နှံမှုများကို လူနည်းစုအုပ်စုများက သိမ်းယူပါက အခြေအနေ ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်သည်။

"ဒါကြောင့် တကယ်လို့ အစိုးရက အဲဒီပိုင်ဆိုင်မှုတွေအတွက် စိတ်ချလက်ချ ဖြစ်ဖို့ အာမခံပေးမယ်ဆိုရင် ထိုင်းရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ဆန္ဒရှိကြလိမ့်မယ်"ဟု ၎င်းက ပြောကြားသည်။ 

.

"ကျန်တဲ့ ပြဿနာက သယ်ယူပို့ဆောင်ရေးနှင့် နယ်စပ်ကုန်သွယ်မှု စည်းမျဉ်းတွေမှာ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ထက် မကျော်လွန်စေရန်  နယ်စပ်ကုန်သွယ်မှုတန်ဖိုးကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒီတော့ အရင်တုန်းကလို ကုန်သွယ်မှု ကြီးထွားလို့ မရအောင် နောက်ပြန်ဆွဲထားသလို ဖြစ်လာနိုင်ပါတယ်။ လက်ရှိမှာ မြန်မာနှင့် လာအို နှစ်နိုင်ငံစလုံး ငွေကြေးတန်ဖိုးကျဆင်းမှု ပြဿနာများနှင့် ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ အားယုတ်နေတာတွေ ကြုံရနိုင်ပါတယ်”ဟု Montri က ပြောကြားသည်။

 

Source the nation Thailand


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 226 times