အာဆီယံကို အမေရိကန် ဒေါ်လာ မှီခိုအားထားမှုမှ လွတ်မြောက်စေရန် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိ


02 September, 2023

အာဆီယံကို အမေရိကန် ဒေါ်လာ မှီခိုအားထားမှုမှ လွတ်မြောက်စေရန် အရှိန်မြှင့်လုပ်ဆောင်လျက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


လက်ရှိတွင် အင်ဒိုနီးရှားက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) သည်  နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုများတွင် ဒေသတွင်းငွေကြေးများ သုံးစွဲမှုကို မြှင့်တင်ရန် ကြိုးပမ်းမှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

ဩဂုတ် ၂၂ ရက်မှ ၂၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများ အစည်းအဝေး ASEAN Finance Ministers and Central Bank Governors (AFMGM) တွင် အရှေ့တောင်အာရှနိုင်ငံများ၏ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ်အကြီးအကဲများသည် နိုင်ငံသုံးငွေ ငွေကြေးလွှဲပြောင်းမှု local currency transaction (LCT) မြှင့်တင်ရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းရန် သဘောတူညီခဲ့ကြသည်။ 

 အစည်းအဝေးနောက်ဆုံးနေ့တွင် အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ဗဟိုဘဏ်များမှ LCT ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
Bank Indonesia (BI), Bank Negara Malaysia နှင့် Bank of Thailand တို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်တွင် သဘောတူညီခဲ့ကြသည့် ပြည်တွင်းငွေကြေးဖြင့် ပေးချေမှု local currency settlement (LCS) မူကို အသစ်တိုးချဲ့ရန် သဘောတူခဲ့ကြသည်။

LCS မူအရ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများအပြင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများတွင် ၎င်းတို့၏ နိုင်ငံသုံး ငွေကြေးများကို အသုံးပြုရန် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
 ကုန်သွယ်ရေးနှင့် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုအပြင် စီးပွားရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ လုပ်ဆောင်မှုများလည်း အကျုံးဝင်ပါသည်။
နယ်ခြားဖြတ်ကျော် ငွေကြေးလွှဲပြောင်းမှုတွင် နိုင်ငံသုံးငွေကို ကန်ဒေါ်လာသို့ ပြောင်းလဲပေးပို့ပြီး ‌၎င်းကန်‌ေဒါ်လာ ပမာဏကို လက်ခံသည့် နိုင်ငံ၏ နိုင်ငံသုံးငွေသို့ ပြောင်းလဲခြင်း အဆင့်ဆင့်ကို ဖယ်ရှားပြီး ကန်ဒေါ်လာကဏ္ဍ မပါဝင်တော့ဘဲ နိုင်ငံသုံးငွေကြေးဖြင့် လုပ်ဆောင်မည် ဖြစ်သည်။

 တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည်လည်း LCT ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ပါသည်။

 Source pna
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 286 times