MSME လုပ်ငန်းရှင်များကို အကြံပေးဆွေးနွေးမှုများ အခမဲ့ဆောင်ရွက်


11 April, 2019

လုပ်ငန်းရှင်များကို လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြံဉာဏ်များ၊ လုပ်ငန်းအားသာချက်၊ အားနည်းချက်များ၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်မည့် နည်းပညာနဲ့ အကြံဉာဏ်များပေါ်ထွက်လာစေဖို့ ပြည်တွင်းမှ အကြံပေးပညာရှင်များဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ဆွေးနွေးမှုတစ်ကြိမ်လျှင် တစ်နာရီဆွေးနွေးပေးမှာဖြစ်ကာ ပထမဦးဆုံးသုံးကြိမ်ကို အခမဲ့ဆွေးနွေးပေးမှာဖြစ်ပါတယ်။

ကဏ္ဍတွေကတော့ အစားအသောက် ဘေးကင်းလုံခြုံရေးဆိုင်ရာ Food Safety ကဏ္ဍ၊ ရော်ဘာနှင့်သက်ဆိုင်တဲ့ နည်းပညာကဏ္ဍ၊ အိုင်တီနဲ့ သက်ဆိုင်တဲ့ နည်းပညာကဏ္ဍ၊ စီးပွားရေးအစီအစဉ် ရေးဆွဲခြင်းကဏ္ဍ၊ ငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ SME ချေးငွေအတွက် လိုအပ်ချက်များ၊ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ စီမံခန့်ခွဲခြင်းကဏ္ဍ စတဲ့ကဏ္ဍများအတွက် ပညာရှင်များနဲ့ ချိတ်ဆက်အကြံဉာဏ်ရယူနိုင်ပါတယ်။

ပညာရှင်များနဲ့ ကြိုတင်ချိန်းဆို ဆွေးနွေးဖို့အတွက် ဌာနခွဲမှူး ဒေါ်အိအိခိုင် ၀၉- ၄၂၃၇၂၁၅၉၀၊ ကြီးကြပ်ရေးမှူး ဒေါ်အေးသန္တာ ၀၉- ၄၂၅၀၅၇၇၈၄ တို့ထံဆက်သွယ်နိုင်ပြီး ပညာရှင်များနဲ့ ၎င်းတို့အကြံဉာဏ်ပေးနိုင်တဲ့ နည်းပညာများရဲ့ အသေးစိတ်အချက်အလက်များကို http://www.msme.org.mm/ မှာ ဝင်ရောက်လေ့လာနိုင်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ပြောပါတယ်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် လက်ရှိအချိန်အထိ ဝန်ဆောင်မှုကဏ္ဍမှ လုပ်ငန်းရှင် (၄) ဦး၊ စားသောက်ကုန်ထုတ်ကဏ္ဍမှ လုပ်ငန်းရှင် (၂၄) ဦး၊ လက်မှုလုပ်ငန်းရှင် (၃) ဦး၊ ဆီဖြည့်စက် ထုတ်လုပ်ရောင်းချတဲ့ ကဏ္ဍမှ လုပ်ငန်းရှင် (၂) ဦး၊ အိုင်တီကဏ္ဍမှ လုပ်ငန်းရှင် (၁) ဦး စုစုပေါင်းလုပ်ငန်းရှင် (၃၄) ဦးကို အကြံပေးဆွေးနွေးပေးခဲ့ပါတယ်။

လုပ်ငန်းရှင်များနှင့် ပညာရှင်များ တွေ့ဆုံဆွေးနွေးရန်အတွက် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ အောက်ပါနေရာများမှာ တွေ့ဆုံးဆွေးနွေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားပါသဖြင့် အစပျိုး (Start - Up) စီးပွားရေးလုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းရှင်များအနေဖြင့် အကြံပေးပညာရှင် (MSME Consultant) များနှင် တွေ့ဆုံပြီး အကြံဉာဏ်များရယူနိုင်ရန် ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။

#ပထမနေရာ
SME Center၊ အမှတ်(၃၅)၊ ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#ဒုတိယနေရာ
Center of Excellence (CoE)/ Incubation Center၊ အမှတ်(၅)၊ သလ္လာဝတီလမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
#တတိယနေရာ
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရန်ကုန်တိုင်းရုံး၊ မြန်မာပလာဇာအနီး၊ ၊ရန်ကုန်မြို့

SME Development Department

Local News Tips Read 481 times