အာရှ ၄ နိုင်ငံ အမေရိကန်သို့ ချစ်ပ်တင်ပို့မှု မြင့်တက်


15 April, 2023

အာရှ ၄ နိုင်ငံ အမေရိကန်သို့ ချစ်ပ်တင်ပို့မှု မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာရှသည် ဖေဖော်ဝါရီလတွင် အမေရိကန် ချစ်ပ်တင်သွင်းမှု ကန်ဒေါ်လာ ၄.၈၆ ဘီလီယံ၏ ၈၃ ရာခိုင်နှုန်းကို တင်ပို့ခဲ့သည်။  ယမန်နှစ် ဖေဖော်ဝါရီလထက် ၁၇% ပိုများသည်။ 

 အမေရိကန်က တရုတ်အပေါ် နည်းပညာစစ်ပွဲ ဆင်နွှဲလျက်ရှိရာ ချစ်ပ်များက အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ သို့ဖြစ်ရာ တရုတ်ပြည်ပြင်ပမှာ ထုတ်လုပ်သည့် ချစ်ပ်များကို ပိုမိုဝယ်ယူတင်သွင်းကြသည်။ ထိုအခြေအနေကို ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ကမ္ဘောဒီးယားတို့ အခွင့်ကောင်း ရယူနိုင်ခဲ့ကြသည်။ အမေရိကန်သို့ ချစ်ပ်ပေးသွင်းသည့် ပစ္စည်းပေးသွင်းကွင်းဆက်တွင် နေရာတိုးချဲ့ ရယူခဲ့ကြသည်။

 

ယမန်နှစ်ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ယခုနှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယသည် ၄၃ ဆ ဖြစ်လာပြီး ကန်ဒေါ်လာ ၁၅၂ သန်း တင်ပို့ခဲ့သည်။ ကမ္ဘောဒီးယားသည် ၆၉၈% ကြီးထွားခဲ့ပြီး ကန်ဒေါ်လာ ၁၆၆ သန်း ဖိုး တင်ပို့ခဲ့သည်။ 

ဗီယက်နမ်သည် ၇၅% နှင့် ထိုင်းသည် ၆၂% ကြီးထွားခဲ့ကြသည်။ 

 

ရှေးယခင်ကတည်းက ချစ်ပ်များ ထုတ်လုပ်ရာအမာခံနယ်မြေဖြစ်သည့် မလေးရှားသည် အမေရိကန် ချစ်ပ်တင်သွင်းမှုတွင် ဝေစု အများဆုံး တက်လက်ရရှိနေသေးသော်လည်း  ဖေဖော်ဝါရီလ ချစ်ပ်တင်သွင်းသည့် တန်ဖိုးစုစုပေါင်း၏ ၂၀% အထိ ကျဆင်းသွားခဲ့သည်။

 

အဆင့်မြင့်ချစ်ပ်များအတွက် အမေရိကန်သည် ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့ထံမှ တင်သွင်းသည်။

 

Source Khmer Times 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Export, Import Read 238 times