တောင်ကိုရီးယားတွင် ဗီဇာသက်တမ်းလွန် နေထိုင်သူဦးရေ အမြင့်မားဆုံး ရောက်ရှိနေ


03 September, 2022

တောင်ကိုရီးယားတွင် ဗီဇာသက်တမ်းလွန် နေထိုင်သူဦးရေ အမြင့်မားဆုံး ရောက်ရှိနေ

တောင်ကိုရီးယားမှာ နိုင်ငံခြားသားငါးဦးအနက်တစ်ဦးဟာ တရားမဝင်နိုင်ငံခြားသားဖြစ်နိုင်ပြီး ယခုအခါ စာရွက်စာတမ်း အထောက်အထားမဲ့ နိုင်ငံခြားသားဦးရေ ၄၀၀,၀၀၀ နီးပါးရှိနေသဖြင့် နှစ်နှစ်အတွင်း အမြင့်မားဆုံးဖြစ်ပါသည်။


တောင်ကိုရီးယားတွင် တရားမ၀င်နေထိုင်သည့် နိုင်ငံခြားသားအရေအတွက်သည် ပြီးခဲ့သည့် ဒီဇင်ဘာတွင် ၃၈၈,၀၀၀ မှ မေလတွင် ၃၉၄,၀၀၀ သို့ တဖြည်းဖြည်း  မှန်တန်းဖြင့် တိုးလာခဲ့ပြီး ယခုနှစ်တွင် လစဉ်ပျမ်းမျှ ၁,၀၀၀ တိုးလာခဲ့ကြောင်း တရားရေးဝန်ကြီးဌာန၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အချက်အလက်များကို ကိုးကား၍  Pulse မီဒီယာက  ဖော်ပြခဲ့သည်။

ကပ်ရောဂါဖြစ်ပွားပြီးနောက် အသွားအလာ တားမြစ်ချက်များဖြင့် နယ်စပ်ထိန်းချုပ်မှုများ တင်းကျပ်ထားခြင်းကြောင့်  မိခင်နိုင်ငံသို့ မပြန်နိုင်ဖြစ်ကြရာမှ ယခုကဲ့သို့ တိုးလာရခြင် းဖြစ်သည်ဟု ဝန်ကြီးဌာနက ယူဆပါသည်။ 

တောင်ကိုရီးယားတွင် နေထိုင်သည့် နိုင်ငံခြားသားဦးရေ စုစုပေါင်းတွင် အထောက်အထားမဲ့နိုင်ငံခြားသား ပါဝင်နေသည့် အချိုးအစားသည် ၂၀၁၉ ခုနှစ်တွင် ၁၅.၅% မှ ၂၀၂၀ ခုနှစ်တွင် ၁၉.၃% သို့ မြင့်တက်လာခဲ့သည်။

၂၀၂၂ ဇူလိုင်လတွင်  တောင်ကိုရီးယားတွင် နေထိုင်သည့် နိုင်ငံခြားသားဦးရေ စုစုပေါင်း ၂,၀၈၁,၃၅၀ ရှိသည်။

ရွှေ့ပြောင်း အလုပ်သမား အများအပြားသည် ၎င်းတို့၏ ဗီဇာသက်တမ်း ကုန်ဆုံးပြီးနောက် တောင်ကိုရီးယားတွင် ဆက်လက်နေထိုင်လျက်ရှိသည်ဟု ယူဆရသည်။

တရားမဝင် နိုင်ငံခြားသားများအနက် ၃၄.၃ ရာခိုင်နှုန်းသည် ၎င်းတို့၏ ရက် ၉၀ ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ၎င်းတို့၏ မိခင်နိုင်ငံသို့ မပြန်ကြဘဲ တောင်ကိုရီးယားတွင် ဆက်လက်နေထိုင်လျက် ရှိသည်။ 

၂၀၂၂ ဇူလိုင်လတွင် ကာလရှည်နေထိုင်ခွင့်မရှိသော နိုင်ငံခြားသားဦးရေ ၁၃၅,၀၀၀ ခန့်ရှိကြောင်း ခန့်မှန်းသည်။ 

 မကြာသေးမီက ထိုင်းခရီးသွားအချို့သည် Jeju အပန်းဖြေကျွန်းသို့ ဗီဇာကင်းလွတ် ဧည့်ခရီးသည်များအဖြစ်ဖြင့်  ဝင်ရောက်လာပြီးနောက် ခြေရာဖျောက်သွားခဲ့ကြသဖြင့် အခြား ထိုင်းခရီးသွားအချို့တို့ကို ၎င်းတို့သည်လည်း တောင်ကိုရီးယားနိုင်ငံအတွင်း တရားမဝင်အလုပ်လုပ်ရန် ကြံရွယ်နေနိုင်သည်ဟု သံသယရှိသောကြောင့်  Jeju တွင် ကိုရီးယားအာဏာပိုင်များက ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့ပါသည်။
Source koreatimes
#MyanmarIndustriesGuide

Telegram Channel https://t.me/Guid4U

Global News Labour Affairs Read 364 times